Jun 11, 2008

မှတ်တိုင် အမှတ် - ၃၅

တစ်ယောက်ထဲပဲ…။ ဟုတ်တယ် သူတစ်ယောက်ထဲပဲ…။ မဟုတ်သေးဘူး တစ်ယောက်ယောက်များ ရှိနေအုံး မလား…။ မရှိ…။ သူနဲ့တူတာဆိုလို့ သူ့အရိပ်တောင်မရှိဘူး…။ သူ့ရှေ့က စားပွဲတစ်လုံးပေါ်ကို ကြည့်လိုက် တော့ ရွှေဝါရောင်ပင်လယ်တစ်ခု 1 Liter ခန့်သာရှိတဲ့ ပုလင်းတစ်လုံးထဲမှာ အသက်မဲ့စွာ ပိတ်မိနေတယ်…။ “ဟား… ဒီပင်လယ်လည်း ငါ့လိုပါပဲလား…? ဒါမှမဟုတ် ဒီပုလင်းထဲက ပင်လယ်ဟာ ငါကိုယ်တိုင်ပဲလား…?” ။ “ချွင်…” ။ လက်ထဲက ငွေရောင် တစ်လက်လက် အရာဝတ္ထုလေးတစ်ခုသည် သူ့တာဝန်သူထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ သူလေးထောင့်ဘူးလေးထဲ ပိတ်မိနေတဲ့ အဖြူရောင်နတ်သမီးတစ်ပါးကို သာယာစွာထုတ်ယူ နမ်းရှိုက်လိုက်တယ်…။ “အား…” နောက်ကျိနေတဲ့အာရုံတွေကို နတ်သမီးရဲ့ကိုယ်ငွေ့ များနဲ့အတူ သူ့အဆုတ်ထဲ အားရပါးရ ရှိုက်သွင်းလိုက်တယ်…။ ပြီးတော့ နွမ်းလျမှုတွေ၊ စိတ်အလို ကိုယ်မလိုက် နိုင်မှုတွေနဲ့အတူ ဖြေးညှင်းစွာ လေဟာနယ်ထဲ ပြန်လွတ်လပ်ခွင့် ပေးလိုက်တယ်…။ အရာရာဟာ ခဏတော့ ဆွဲငင်အားမဲ့သွားခဲ့တယ်…။ အဲဒီ့ "ခဏတွေ" ပေါ့ သူနှစ်ပေါင်းများစွာ အဖော်လုပ်ခဲ့ရတာ အခုဆို နာရီတွေ တောင် သိန်းနဲ့ချီ ခဲ့ပြီလေ...။

“အင်း… တကယ်တော့ ဘ၀ဆိုတာလဲ စီးကရက် တစ်လိပ်လိုပါပဲ…။ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ မီးတွေနဲ့ လောင်မြိုက်ရင်း လောင်မြိုက်ရင်း နောက်ဆုံးတော့ ဖင်စီခံမှာ ကပ်ပြီးကျန်ခဲ့တဲ့ သောကတွေနဲ့ အဆုတ်ထဲကို ရောက်သွားတဲ့ အကုသိုလ်တွေပဲ ကျန်ခဲ့တယ်…။”

မျက်စိကိုမှိတ်..။ ထိုင်ခုံကိုမှီ…။ ခေါင်းကို မျက်နှာချက်ပေါ်မော့…။ သက်ပြင်းတစ်ခုကို ဖြေးဖြေးချင်းချ။ ရပြီ...။ ငါ့ရဲ့ စိတ်ရထား အတိတ်ကို ခရီးထွက်ဖို့ အဆင်သင့် ဖြစ်ပြီ…။ တစ်ရေးရေးနဲ့ ပေါ်လာတဲ့ အာရုံတွေကို မမိနိုင် မှန်းသိပေမယ့် မျှော်လင့်ချက်ဆိုတဲ့ ပိုက်ကွန်နဲ့သူ လိုက်ဖမ်းနေခဲ့မိတယ်။ ခဏလေးဆိုပေမယ့် သူသေသေချာ ချာ သတိထားမိလိုက်တာ တစ်ခုတော့ရှိတယ်…။ သူ့ဘ၀ထဲမှာ အရေးအကြီးဆုံး ပုံရိပ်တစ်ခု…။ မဟုတ်ဘူး…။ နှစ်ခု…။ သူ့ဘ၀ရဲ့မျှော်လင့်ချက်…။ သူ့ဘ၀ရဲ့ အနာဂတ်…။ သူ့ဘ၀ရဲ့ ခွန်အား…။ သူ့ဘ၀ရဲ့ တေးသီငှက်…။ သို့မဟုတ်..။ သူ့ဝိဥာဉ်မှာ ခိုနားတဲ့ ကောင်းမြတ်ခြင်း အလုံးစုံနဲ့ အုတ်မြစ်ချထားတဲ့ ဘ၀သေးသေးလေးတစ်ခု။ သို့မဟုတ် သူမြတ်နိုးရပါ သော ဇနီးနှင့် သမီး။

ဘယ်လို ၀ိဥာဉ်လဲ ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ဘ၀မှာတောင် ခိုနားခွင့်မရတာ…? ညနဲ့အတူ အတွေးတွေ ကလည်း နက်သထက်နက်…။ “အင်း… အနည်းဆုံးတော့ အာရုံတက်ဆိုတာ ဘ၀တိုင်းမှာ ရှိပါသေး တယ်…။” သူအရမ်း တန်ဖိုးထားသော ကြည်နူးဖို့ကောင်းတဲ့ ခပ်သဲ့သဲ့ ရယ်သံနှစ်ခု အချိန်နဲ့ နေရာကို ဖြတ်ကျော်ပြီး သူ့နှလုံးသား ကို လာရိုက်ခတ်တော့ သူ့ခံနိုင်ရည်တွေ သွက်သွက်ခါအောင် လှုပ်ရှားသွားတယ်…။ သွေးကြောတွေက တဆစ်ဆစ်…။ နှလုံးသားက ဖြစ်ညှစ်လိုက်တဲ့ တမ်းတခြင်းတွေ ခန္ဓာကိုယ်အနှံ့ ခြေဆန့်ကြလေပြီ…။ စိတ်မြင်းရိုင်းတစ်ကောင် သူ့အတွေးတွေထဲ ကစုန်ပေါက်ပြီး ပြေးလွှားနေလိုက်တာ အခုဆို သူ့ခံစားချက်တွေ ရစရာမရှိအောင် ပျက်ဆီးကုန်ပေါ့….။ ဆုံဆည်းခြင်းဆိုတဲ့ မနက်ဖြန်တစ်ခုရောက်ဖို့ သူခရီးဆက်ခဲ့တာ အခုဆို မှတ်တိုင်ပေါင်း ၃၄ ခုကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်…။ အခုလည်းသူ တစ်ခုခုကို စောင့်နေမိသည်…။ မကြာခင် ရောက်လာတော့မည်..။ ရောက်…………လာ…………..တော့……………မည်။

“ဒေါင်..ဒေါင်…ဒေါင်…!!!” ၁၂ ချက်တိတိ။ ၃၅ ခုမြောက် မှတ်တိုင်ကို သူရောက်ရှိပြီ ဖြစ်သည်…။

ပုလင်းလေးတစ်လုံးထဲမှာ ပိတ်လှောင်ခံထားရတဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ရွှေဝါရောင်ပင်လယ်ရဲ့ အစိတ်အပိုင်း အချို့ကို သူထွက်ပေါက်ပေးလိုက်တယ်။ သူ့ရှေ့က လေးထောင့်ဘူးလေးကို သတိတရ လှမ်းကြည့်လိုက်တော့ “သြော်….အဖြူရောင်နတ်သမီးတွေအားလုံးလဲ လွတ်လပ်သွားကြပြီပဲ…” ဘာမှမရှိတော့တဲ့ ပုလင်းခွံနဲ့လေး ထောင့်ဘူးလေးကိုကြည့်ရင်း သူတစ်ခုခုကို သတိထားမိလိုက်တယ်။ စောစောက သူလွတ်မြောက်သွားပြီလို့ ထင်ထားသော ရွှေဝါရောင်ပင်လယ်တစ်ခုနဲ့ အဖြူရောင်နတ်သမီးများ အခုဘယ်ရောက်သွားကြပြီလဲ…? “တကယ်ကော လွတ်မြောက်သွားကြရဲ့လား…? ဟား…! မဟုတ်ဘူး…။ မဟုတ်သေးဘူး...။ သူတို့တွေ ငါ့ခန္ဓာကိုယ်ထဲကို စီးဆင်းသွားတာပဲ”။ သူလွတ်မြောက်ခွင့် ပေးလိုက်သူများမှာ အမှန်တကယ် လွတ်မြောက် မသွားကြောင်း သူသေသေချာချာ သိလိုက်ပြီ ဖြစ်သည်။ ခပ်ပါးပါးအပြုံးတစ်ခု သူ့နှုတ်ခမ်းပေါ်မှာ ဖြတ်သန်း သွားတယ်။ စကြာဝဋ္ဌာထဲက အဆုံးအစမသိတဲ့ တွင်းနက်ထဲကို ခုန်ချတော့မဲ့ လူတစ်ယောက်ရဲ့ အပြုံးမျိုးပေါ့။


ရွှေဝါရောင်ပင်လယ်နဲ့ အဖြူရောင်နတ်သမီးတွေလိုပဲပေါ့.....


တစ်ကယ်တော့ စိတ်ဆိုတာ အချုပ်အနှောင်တစ်ခုက လွတ်မြောက်သွားပြီလို့ ထင်ရပေမယ့် ကိုယ်သတိမထား မိလိုက်တဲ့ အချိန်မှာပဲ နောက်ထပ်လှောင်အိမ် တစ်ခုထဲကို ရောက်နှင့်နေပြီးသား ဖြစ်နေတတ်သော လိပ်ပြာတစ်ကောင် ဖြစ်လေသည်။


p.s- (၉.၆.၂၀၀၈) ခုနေ့တွေ ရောက်ရှိခဲ့သော ကျွန်တော့်အစ်ကိုကြီး ကိုလင်းထက် အတွက် အမှတ်တရ လက်ဆောင်အဖြစ် ခံစားရေးဖွဲ့သည်။

24 comments:

လင်းထက် said...

အခုလို ငါ့ညီလေး က ကိုယ့်အတွက် မွေးနေ့ အမှတ်တရ ရေးဖွဲ့ပေးတဲ့ အတွက် အရမ်း ဝမ်းသာပါတယ် ကွာ...။

Anonymous said...

YOUR EXPRESSIONS ARE SO ARTISTIC & PERSUASIVE.......
MADE ME WANNA " SMOKE "
:) LOVED IT.

~ YOU R MY ROCK ~

မွန် said...

မှတ်တိုင် ၃၅ မှာ နတ်သမီးကို မီးရှို့ကြတယ်ပေါ့ စာရေးဆရာရော ဇာတ်လိုက်ရော တရားစွဲမယ် စာရေးဆရာ ဒီလို violent စာတွေမရေးပါနဲ့ အကိုကြီးကိုလင်းထက် မွန့်အိမ်ကို လှသထက်လှအောင်ဆောက်ပေးသဖြင့် အလုပ်ကြမ်းနှင့် အိမ်ထောင်တသက်တကျွန်းကို ထောင်မှုးမမသီတာဆီမှာ သက်ညှာစွာ ကျခံစေ ဟီးး

Mintasay said...

စိတ်ကို အသေအခြာချယ်မှုန်းထားတာပဲ။ြွပ်ကြွပ်ရွရွလေးရေးထားပေမယ့် လေးတယ်။ Artistic, man.

Anonymous said...

Happy Birthdayဦးလေး လင်းထက်း) အမြဲတမ်းချစ်ချစ် နဲ့ သမီးလေးကို လွမ်းတယ်လို့ ပြောနေတဲ့ အစ်ကိုကြီး အလွမ်းတွေ အမြန်ပြေပျောက်ပါစေလို့  ဆုတောင်းပါတယ်ဗျာ ။ မှတ်တိုင်က ၃၅ လား ၅၃ ထင်လို့  ဟီးးးး

နှင်းပွင့်ဖြူ said...

မှတ်တိုင် ၃၅ ဆိုတော့ ဆူးလေနဲ့ သာကေတ ပြေးတဲ့ကားလားလို့ ရုတ်တရက် ဖတ်ကြည့်လိုက်မှ အော့အော်ဖြစ်သွားတယ်။
မိုက်တယ် အိမ်မက်မဲ၂၁တော့ အရေးအသားတွေ တော်ပြီးရင်းတော်။ ဆက်သာချ။ :D

Anonymous said...

အရေးအသားရော အတွေးရော ကောင်းတယ်။ လူတိုင်းလူတိုင်း စိတ်အကျဉ်း လှောင်အိမ်မှ လွတ်မြောက်နိုင်ပြီး အခြားသူများကိုလဲ လွတ်မြောက်ရာသို့ တွဲခေါ်နိုင်ကြပါစေ။

မေမိုးမခ said...

ကိုလင်ထက် အတွက် ဆုတောင်းပေဒပါတယ် ဘ၀ပန်းတိုင်ကို သာသာယာယာနဲ့ လျှောက်လှမ်းနိုင်ပါစေလို့ ။ Happy Birthday!!
ကိုအိမ်မက်နက် စာအရေးအသားကောင်း၏။ အားပေးလျှက်။

စိုးထက် - Soe Htet ! said...

Happiest Birthday Ko Lin Htet !
:)
Cheers! :P

Mhaw Sayar said...

သိပ်ကောင်းတယ်ညီရေ.. တစ်ပုဒ်ထက် တစ်ပုဒ် ပိုပိုကောင်းလာတယ်။

Happy BD Ko Linn Htet! :)

Anonymous said...

သတင်းချပ်

နအဖသားသမီး၊သမက် စစ်ခွေးတွေနဲ့ စစ်ခွေးအောက်ဆွဲ အလိုမရှိဗျို့..

စိုးထက်က ဗိုလ်ချုပ်သမက် စိုးမြနန္ဒာသက်လွင်က ထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးတယောက်ရဲ့သမီး
ဦးလေးအဒေါ်က သူမငယ်ငယ်ထဲက USA ကိုခေါ်ယူမွေးစား၊ အဖေရင်းအမေရင်းက မြန်မာပြည်မှာရှိ အဖေကထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးဖြစ်၊ ခိုင်မာသောသက်သေများပြနိုင်.. စိတ်ဝင်စားလျှင်ဆက် ကွန်မန့်ပွတ်၊ အချိန်ကုန်ခံလာအော်ပေးမည်ဖြစ်၊

ခိုင်လုံတဲ့အထောက်အထား၊ သက်သေတွေရှိပြီးပြောနေတာနော် အဲဒီ ၂ယောက်သတိထား။ တွေ့ရာင်္သချိုင်း ဓါးမဆိုင်းဘူးဟနော် Blog မှာတွေ့လဲဆော်မှာပဲ အပြင်မှာတွေ့လဲ သတ်လို့မရတောင် ရတာနဲ့ဆော်မှာပဲကွာ

Anonymous said...

ဘာတွေလဲဟ................သူများကိစ္စစိတ်မဝင်စားပေါင်။
ဘယ်သူ့ သားမက် ဘယ်သူ့ သမီး ဖြစ်ဖြစ် blog ကောင်းရင်ဖတ်မှာပဲ။
စိတ်မဝင်စားဘူးဗျို့ 

pandora said...

ဘယ်သူ့မွေးနေ့ ဖြစ်ဖြစ်ပါ ကြုံတာနဲ့ တခါတည်း ဆုမွန်ကောင်း တောင်းသွားပါတယ်။
ပျော်ရွှင် အောင်မြင် ပါစေ။

Anonymous said...

Again: Latest သတင်းချပ်

စိုးမြနန္ဒာသက်လွင်က ထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးတယောက်ရဲ့သမီးဖြစ်...
ဦးလေးအဒေါ်က သူမငယ်ငယ်ထဲက USA ကိုခေါ်ယူမွေးစား၊ အရည်အချင်းမှီ၍ OXFORD တက်ခွင့် 2004 တွင်ရ၊ အဖေရင်းအမေရင်းက မြန်မာပြည်မှာရှိ.. အဖေကထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးဖြစ်၊ ခိုင်လုံတဲ့အထောက်အထား၊ ခိုင်မာသော သက်သေများပြနိုင်၊

အင်္ဂလန်သံအမတ် ဗိုလ်မှုးချုပ်နေဝင်းနဲ့သူ့မိန်းမမှ စိုးမြနန္ဒာသက်လွင်ကို ဖင်မနေရတဲ့ ဓါတ်ပုံများ၊ မြန်မာသံရုံးကဟာတွေ သူမအား သံရုံးမှ လုပ်သော ပွဲများတွင်၎င်း.. သူမဆီမှာ ထမင်းချက် ကျွန်ခံပေးရတဲ့ ဓါတ်ပုံများ၊ မကြာခင်သံရုံးမှ လုပ်မည့်ပွဲများတွင် လည်ကောင်းတို့ တွေ့ဆုံကြပြီး စီးဇိမ် ရစ်မူးပျော်ပါးကြမည့် အခါရိုက်မယ့် ဓါတ်ပုံများနှင့် ဗီဒီယိုမှတ်တမ်းများအား မကြာခင် ဘလော့တခု တည်ဆောက်၍ စိတ်ဝင်စားသည့် ပြည်သူများအား ပြသမည်ဖြစ်ပါကုန်.. မျှော် ဒူဝေဝေဝေ

မြန်မာပြည်ကိုလွမ်းတယ် said...

အကိုလင်းထက်မွေးနေ့မှစ၍ပျော်ရွှင်ခြင်းပေါင်း
များစွာကိုတစ်သက်တာပိုင်ဆိုင်ရပါစေနော်။

Anonymous said...

နအဖသားသမီး သမက် စစ်ခွေးတွေနဲ့ စစ်ခွေးအောက်ဆွဲ အလိုမရှိဗျို့

မြန်မာပြည်က နအဖ ကြီးကြီး MASTER သားသမီးသမက်တချို့ဒီလိုပဲ အနောက်နိုင်ငံကြီးတချို့မှာ (သတင်းစာတွေမှာတော့ မွှန်နေအောင် ဝေဖန်ပြီး) ရောက်နေကြတာ မသိတဲ့ပြည်သူတွေကို ခိုင်လုံတဲ့အထောက်အထား၊ ခိုင်မာသော သက်သေများပြ၍ဖော်ထုတ်ပေးရမယ်

မကြာသေးခင်ကမှ အင်္ဂလန်သံရုံးကနေ နှစ်ပြည့််သွားလို့ ပြည်တော်ပြန်ရမှာ မပြန်ပဲ အင်္ဂလန်မှာ Asylum seeker လုပ်သွားတဲ့ ရုံးအုပ်ရာထူးအဆင့်ရှိတဲ့ ဒေါ်နွယ်နီမိသားစုရဲ့ထွက်ဆိုချက် နဲ့တကွ (မင်းတို့ Brother အောင်လင်းထွဋ် လိုပေါ့ကွာ) မြန်မာပြည်မှရရှိထားတဲ့ မြင့်ဆွေမိသားစု (စိုးမြနန္ဒာသက်လွင်ပုံအပါအဝင်) အင်္ဂလန်သံအမတ် ဗိုလ်မှုးချုပ်နေဝင်းနဲ့သူ့မိန်းမ ဆို စိုးမြနန္ဒာသက်လွင်ကို ဖင်မနေရတဲ့ ဓါတ်ပုံများရော၊ မြန်မာသံရုံးကဟာတွေ သူဆီမှာ ထမင်းချက် ကျွန်ခံပေးရတဲ့ ဓါတ်ပုံများရော မကြာခင်သံရုံးမှ လုပ်မည့်ပွဲများတွင် သူတို့တွေ့ဆုံကြပြီး စီးဇိမ်ရစ်မူးပျော်ပါးကြမည့် အခါရိုက်မယ့် ဓါတ်ပုံများနှင့် ဗီဒီယိုမှတ်တမ်းများရော မင်းတို့လိုလူတွေထဲက အသားထဲကလောက်ထွက်ပြီးပေးထားတာ၊ ထပ်ပေးအုးံမှာ၊ ပေးတော့ဖော်တော့လဲယူရတာပေါ့ကွ..

မကြာခင် ဘလော့တခု တည်ဆောက်၍ စိတ်ဝင်စားသည့် ပြည်သူများအား ပြသမည်ဖြစ်ပါကုန်.. မျှော် ဒူဝေဝေဝေ

နအဖသားသမီး သမက် စစ်ခွေးတွေနဲ့ စစ်ခွေးအောက်ဆွဲ အလိုမရှိဗျို့

ညမီးအိမ် said...

အစ်ကိုရေဖတ်ရင်းဖတ်ရင်းနဲ့တော့ထင်သား ကိုလင်းထက်အကြောင်းရေးထားတာလို့တော့။ နောက်ကျမှလာလို့ ခွင့်လွတ်စေချင်ပါတယ်။

YeAungThu said...

မိုက်တယ် ။ ဆက်လုပ် ၊ စကားမစက် အဖြူရောင်နတ်သမီး တခုလောက်ကွာ အခု..လွင်.ချင်လို.

ရွှေပြည်သူ (ShwePyiThu) said...

“အင်း… တကယ်တော့ ဘ၀ဆိုတာလဲ စီးကရက် တစ်လိပ်လိုပါပဲ…။ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ မီးတွေနဲ့ လောင်မြိုက်ရင်း လောင်မြိုက်ရင်း နောက်ဆုံးတော့ ဖင်စီခံမှာ ကပ်ပြီးကျန်ခဲ့တဲ့ သောကတွေနဲ့ အဆုတ်ထဲကို ရောက်သွားတဲ့ အကုသိုလ်တွေပဲ ကျန်ခဲ့တယ်…။” ဆိုတာကို တော်တော်လေး သဘောကျမိပါတယ်။ အဲဒီနေရာမှာ တော်တော်ကြာကြာရပ်ပြီး တွေးနေမိသေးတယ်။ blackdream ရေ အရေးအသားကတော့ အမြဲကောင်းနေတော့တာပါပဲ။

Unknown said...

နအဖသားသမီး သမက် စစ်ခွေးတွေနဲ့ စစ်ခွေးအောက်ဆွဲ အလိုမရှိဗျို့ ဗိုလ်ချုပ်သားမက် နဲ့ ဒုတိယဗိုလ်ချုပ်ကြီးသမီး လဲ လီးပဲ ပြည်သူနှိပ်စက် သံဃာသတ် ဒင်းတို့ကို တသက်မကျေဘူး ခြေမ မကောင်းခြေမ လက်မ မကောင်းလက်မပဲ ကျူပင်ခုတ်ကျူငုတ်တောင် မကျန်စေရဘူး.. မြန်မာပြည်က နအဖ ကြီးကြီး MASTER များနဲ့ပါတ်သတ်တဲ့ စိုးထက်ရော စိုးမြနန္ဒာသက်လွင်ရော ကိုဒီနေရာကနေ“လုံးဝရှုံ့ချပါတယ်”။

MgThaJan said...

ဖတ်ရင်းနဲ့ နတ်သမီးကိုယ်ငွေ့ကို သတိရလိုက်တာ။ ကောင်းတယ်ဗျာ :)

Unknown said...

သြော် ကိုလင်းထက်က ငါ့ထက် ကြီးသကိုး.... အသက်.... ပိုကြီးသော ကိုလင်းထက်အား ၇ိုသေလေးစားစွာဖြင့် ခေါ်လိုက်ပါမယ်။ ယောက္ခမကြီး... ဟီ...ဟိ

molay88 said...

့အရမ်းရမ်းကိုမိုက်တယ်ဗျာ။အရေးအသားတွေကိုအရမ်းအားကျတယ်။ဦးလေး အတွက်ရေးပေးတဲ့အတွက် လည်း ဂုဏ်ယူပါတယ်။ကျွန်တော်လည်းစာရေးစာဖတ်ဝါ သနာ ပါပါတယ်။ခက်တာ က မရေးတတ်ဘူးဖြစ်နေတယ်။နောင်လည်းမကြာခဏ လာလည်ပါ့မယ်။

s0wha1 said...

ရေးထားတာ အရမ်းကောင်းတာပဲ။