ပြောပြလို့မရတဲ့ စကားလုံးတွေ
ရင်ထဲမှာရှိတယ်
မင်းကြည့်တတ်မယ်ဆိုရင်
ငါ့မျက်လုံးတွေကတစ်ဆင့် မြင်နိုင်ပါတယ်...။
ငါပြောချင်တယ် ဒါပေမယ့် မင်းနားမလည်မှာဆိုးတယ်
နှလုံးသားဘာသာစကားအတွက်
အဘိဓာန်တွေကို အားမကိုးပါနဲ့......။
ငါ့တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက်
ဗေဒင် မမေးပါနဲ့......။
ပြက္ခဒိန် မကြည့်ပါနဲ့.......။
နာရီတွေကို နောက်ပြန်လှည့်တိုင်း
အတိတ်ကို ပြန်သွားလို့ရမယ်မထင်ပါနဲ့.....။
တကယ်တော့.......
အသိဥာဏ် ရှိပါတယ်ဆိုတဲ့ လူသားတွေဟာ
သက်မဲ့တွေရဲ့ လှည့်စားမှုကို ခံနေရတာပါ....။
မစိုးရိမ်ပါနဲ့ ချစ်သူ
ဒါတွေအားလုံးကို ရင်ဆိုင်ဖို့အတွက်
မင်းအလုပ်သင့်ဆုံးအရာ တစ်ခုဘဲရှိပါတယ်....။
ငါ့လက်ကိုတွဲပါ....ချစ်သူ
စကားလုံးတွေနဲ့ ဝေးရာကို ပြေးကြမယ်
ပြီးရင်တော့ ငါတို့
....................
....................
ရင်ခုန်သံတွေနဲ့ပဲ စကားပြောကျတာပေါ့ကွာ...။
Nov 21, 2007
Damn!! I Miss That Place and Those Days So Much..
အခုတော့ ဒါတွေအားလုံးဟာ
ဒီပုံထဲကအတိုင်း
တကယ်ကို
လောင်......ကျွမ်း........ခဲ့ပါပြီ..။
Subscribe to:
Posts (Atom)