Mar 20, 2008

အောက်ပါ မေးခွန်းများအား ဖြေဆိုပါ။

မေးခွန်း (၁)

စကြာဝရာ အတွင်းမှ ကြယ်တစ်စင်း၏ အလင်းသည် ကမ္ဘာမြေပေါ်သို့ ရောက်ရှိဖို့ နှစ်ပေါင်း (၁)သိန်း သို့မဟုတ် နှစ်ပေါင်း (၁)သန်း ကြာမြင့်ပါသည်…။ ထိုသို့ဆိုလျှင် သင်၏ သင့်ချစ်သူအပေါ် ထားရှိသော စစ်မှန်သည့် မေတ္တာတရား တစ်ခုသည် သင့်ချစ်သူ၏ ရင်ခွင်အတွင်းသို့ ရောက်ရှိဖို့ အချိန်မည်မျှ ကြာမည်ဟု သင်ထင်ပါနည်း….။

အဖြေ။ ။

မေးခွန်း (၂)

ထိုကြယ်တစ်စင်း၏ အလင်းသည် ကမ္ဘာမြေပေါ်သို့ မည်သည့် ကြားခံဒြပ်ထုမှ မရှိဘဲ လေဟာနယ် ကို ဖြတ်၍ ကမ္ဘာမြေပေါ်သို့ ကျရောက်နိုင်ပါသည်…။ သို့သော် အဘယ်ကြောင့် မေတ္တာတရား ဟူသော အလင်းတန်း တစ်ခုသည် ခံစားတတ်မှု၊ တန်ဖိုးထားမှု၊ မြတ်နိုးမှု ဟူသော ကြားခံ (Media) ပေါင်းများစွာ ထားရှိသော်လည်း ထွန်းလင်းစေလိုသော ရင်ခွင်တစ်ခုတွင် မထွန်းလင်းနိုင် ပါသနည်း…။

အဖြေ။ ။

မေးခွန်း (၃)

ကမ္ဘာမြေ၏ ဆွဲအားသည် လူသန်းပေါင်းများစွာအား လည်းကောင်း၊ အရာဝတ္ထုပေါင်းများစွာအား လည်းကောင်း…နောက်ဆုံး ကမ္ဘာမှ လွန်စွာဝေးကွာသော အာကာသ စကြာဝရာအတွင်း တည်ရှိသော လ ကိုပင်ဆွဲငင် နိုင်စွမ်းရှိသော်လည်း…။ သင့်အား စွန့်ခွာပြီးထွက်သွားသော သင့်ချစ်သူ၏ ခြေလှမ်းများအား အဘယ့်ကြောင့် မဆွဲငင်နိုင်သနည်း….။

အဖြေ။ ။

မေးခွန်း (၄)

အလွန်ပြင်းထန်၍ အားကောင်းသောအသံများကို ရေဒါများဖြင့် ဖမ်းယူနားထောင်ရပါသည်..။ အကြောင်းမှာ ၎င်းအသံများအား သာမန်နားများဖြင့် မကြားနိုင်သောကြောင့် ဖြစ်ပါသည်..။ ထိုသို့ဆိုလျှင် သင်၏ နုလုံးသားအတွင်း၌ ဖြစ်တည်သော သာမန်နားများဖြင့် မကြားနိုင်သော ရင်ခုန်သံများအား သင့်ချစ်သူ ကြားနိုင်စေရန် သို့မဟုတ် နားလည်နိုင်စေရန် မည်သည့်အရာဖြင့် ဖမ်းယူစေသင့်သနည်း…။

အဖြေ။ ။

မေးခွန်း (၅)

သာမန် မျက်စိများဖြင့်ထိုးဖောက်ရွေ့ မမြင်နိုင်သော အရာများအား X-Ray ရောင်ခြည် များဖြင့် ထိုးဖေါက်၍ မြင်သိစေနိုင်ပါသည်…။ ထိုသို့ဆိုလျှင် သင့်ရင်ဘတ်၏ အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိနေသော ခံစားချက်များအား သင့်ချစ်သူ မြင်တွေ့ သိရှိနိုင်စေရန် ၎င်း၏မျက်ဝန်းများ၌ မည်သည့် ရောင်ခြည်အမျိုး အစားအား တပ်ဆင် အသုံးပြုသင့်သနည်း…။

အဖြေ။ ။

မေးခွန်း (၆)

ကမ္ဘာကျော် အိုင်းစတိုင်း၏ (Relativity Theory) ဆိုသည့် နိုင်းရသီအိုရီ အတွက်အဓိကအကျဆုံးနှင့် အနှစ်ချုပ် ဖြစ်သော Formula ဖြစ်သည့် E=mc2 အား ကျွန်ုပ်သည် အောက်ပါအတိုင်း သတ်မှတ်ပါက သင်မည်သို့ ဝေဖန်သုံးသပ်၊ အကြံပေး လိုပါသနည်း…။

{Emotion=Misery*(Confusion)2 }

အဖြေ။ ။

မေးခွန်း (၇)

Newton ၏ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိသည်ဆိုသော ပုံသေနည်းမှန်သည် ဆိုပါက အဘယ့်ကြောင့် သင်၏ သင့်ချစ်သူအပေါ်ထားရှိသော တန်ဖိုးထားမှု၊ မေတ္တာတရား၊ နားလည်မှု၊ သစ္စာတရားနှင့် မြတ်နိုးမှုများသည်… သင်ပေးလိုက်သည့်အတိုင်း သင့်ထံသို့ ပြန်လည် မသက်ရောက်သနည်း။

အဖြေ။ ။

မေးခွန်း (၈)

လွမ်းဆွတ်ခြင်းဆိုသော နေရောင်ခြည်နှင့် တမ်းတခြင်းဆိုသော အပူရှိန်များကြောင့် ခံစားချက်ဆို သော မျက်ရည်များ အငွေ့ပြန်သည့်အခါ သတိရခြင်းတိမ်တိုက်များကို ဖြစ်ပေါ်စေပါတယ်…။ ၎င်း တိမ်တိုက်များသည် အချိန်ဆိုသော အေးခဲစေသည့် ဓာတ်သဘာဝများနှင့် ထိတွေ့သောအခါ ပြန်လည်ငွေ့ရည်ဖွဲ့ကာ မျက်ရည်မိုးများ အဖြစ် ပြန်လည်ရွာချသည် ဆိုသော နောက်ဆုံးပေါ်ပေါက်လာသည့် မျက်ရည်သံသရာ (Tears Cycle) ကိုသင်မည်သို့ ယူဆပါသနည်း…။

အဖြေ။ ။

မေးခွန်း (၉)

ကမ္ဘာပေါ်တွင် အရာဝတ္ထုများအတွက် အတိုင်းအတာ၊ ပမာဏ သတ်မှတ်ချက်များ အသီးသီးစီ ရှိကြသည်။ ထိုသို့ဆိုလျှင် သင်၏ သင့်ချစ်သူအပေါ်ထားရှိသော မျှော်လင့်ချက် တစ်စုံတစ်ခု၏ အတိုင်းအတာ သို့မဟုတ် ပမာဏ တစ်ခုအား တိုင်းတာရန် သတ်မှတ်ချက် Unit တစ်ခုလည်း လိုအပ်မည် ဖြစ်သည်။ ထိုသို့တိုင်းတာရန် အတွက် မည်သည့်အရာအား Unit အဖြစ် အသုံးပြုလျှင် သင့်တော်မည်ဟု သင်ယူဆပါသနည်း…။

အဖြေ။ ။

မေးခွန်း (၁၀)

သင်သည် ကမ္ဘာပေါ်ရှိ အလွန်ခက်ခဲသော မေးခွန်းများ၊ ပုံသေနည်းများနှင့် သီအိုရီများကို ကျွမ်းကျင် ကြေညက်စွာ နားလည်နိုင်စွမ်းရှိသော်လည်း အဘယ့်ကြောင့် သင့်အားစွန့်ခွာသွားသော သင့်ချစ်သူ ပြောခဲ့သည့် “နားလည်ပေးပါ” ဆိုသော အလွန်ရိုးရှင်းသည့် စကားတစ်ခွန်းအား နားလည်နိုင်စွမ်း မရှိပါသနည်း။

အဖြေ။ ။
p.s - မေးခွန်းများရဲ့ အဖြေများအတွက် လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ပါသည်။

18 comments:

နွေမုန်တိုင်း said...

မေးခွန်းတွေအရမ်းမြင့်လွန်းနေတယ်ဆရာ
ကျွန်တော့်ကိုစဉ်းစားချိန်ပေးပါ။

Apprenticeship said...

Q 1: အဖြေ။ depending on how you strategize!

Q 2: အဖြေ။ ။ heart ka ခံစား tat lo!

Q 3: အဖြေ။ ။ Not all chemicals attract to each other!

Q 4: အဖြေ။ ။ acceptance him/her as he/she is!

Q 5: အဖြေ။ ။ tender touch (could be music, poetry, and so on)!

Q 6: အဖြေ။ ။ Effect = magnetism* (compassionate)2

Q 7: အဖြေ။ ။ maybe “black hole” gyi ka ban htar lo :P

Q 8: အဖြေ။ ။ life

Q 9: အဖြေ။ ။ honesty and understanding

Q 10: Cause you put me in your boxes--theories.

Now.. what is my grade lol :)

Anonymous said...

လူ့စိတ်ကို ဘယ်သီအိုရီနဲ့မှနှိုင်းယှဉ်လို့ရမယ်မထင်ဘူး.. ဒိထက်ကောင်းတဲ့အဖြေထပ် စဉ်းစားလို့ရရင် လာပြောမယ်နော်..

Anonymous said...

မေးခွန်း(၁)အဖြေ=ပထမမေးခွန်းတော့မဖြေတတ်ဘူးဗျ
မေးခွန်း(၂)အဖြေ=ကျွန်တော်ဥာဏ်မမီပါ။
မေးခွန်း(၃)အဖြေ=အကြောင်းအမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ကိုယ့်မှာလိုအပ်ချက်တွေရှိလို့လဲဖြစ်နိုင်ပါတယ်။ သူမှာလည်းရှောင်လွဲလို့မရတဲ့ ပြဿနာတွေရှိလို့ဖြစ်နိုင်ပါတယ်။
မေးခွန်း(၄)အဖြေ=ကိုယ်ကအပေးသမားသက်သက်ပဲလုပ်ပါရယူဖို့မကြိုးစားပါနဲ့
မေးခွန်း(၅)အဖြေ=ဘယ်ရောင်ခြည်အမျိုးအစားမှမတတ်ပါဘူးဗျာ။ ကျွန်တော်ပေးဆပ်လို့ရသမျှပေးဆပ်သွားမယ်။
မေးခွန်း(၆)အဖြေ=သိဘူးဗျ
မေးခွန်း(၇)အဖြေ=ဟုတ်တယ်ကျွန်တော်လဲအဲဒီမေးခွန်းကိုမေးချင်နေတာဘာကြောင့်လဲမသိဘူး လောကသဘာဝလားမသိဘူး?????
မေးခွန်း(၈)အဖြေ=ဒီမေးခွန်းလည်းကျွန်တော်အတွက်မြှင့်တယ်ဗျ။ မဖြေတတ်ဘူး။
မေးခွန်း(၉)အဖြေ=ချစ်သူဘ၀သာယာလှပဖို့အတွက် ချစ်သူစိတ်ကြိက်လိုက်လျောပေးမယ်ဆိုတာ လေးနဲ့တိုင်းတာချင်ပါတယ်။
မေးခွန်း(၉)အဖြေ=သူ့ကိုချစ်တာရယ် ၊ ကိုယ်ပိုင်အတ္တကြောင့်လို့ထင်ပါတယ်။

ကျွန်တော်အဖြေတွေကမေးခွန်းနဲ့မဆိုင်ဘူးဆိုရင်ခွင့်လွတ်ပါ ဥာဏ်မီသလောက်ဖြေထားတာပါ။

YeAungThu said...

နံမယ် ။ ပေါက်ကရ၈၀
အတန်း ။ အချစ်တက္ကသိုလ် မူလတန်း (မေဂျာခွဲ ။ ဘ၀ )
ခုံနံပါတ် ။ ၁၃

အဖြေ ၁ ။ တစ်စက္ကန်. ( ပထမဆုံး နှလုံးသားက ရိုက်ခတ်မဲ. အချိန်အပိုင်းစလေး )

အဖြေ ၂ ။ အလင်း သည် အမှောင် ကို ကမ္ဘာဦးထဲ က ရှာနေ သော်လည်း အခုထိ အလင်းသည် အမှောင်ကို မမြင်ဖူးသေး ပါ။

အဖြေ ၃ ။ လှမ်းခေါ်ဖို. လက်ဝါး ကို ထောင် ကြည်.လိုက် တော. ။ ကိုယ်.ဖက်က ကြည်.ရင် လက်ဖ၀ါး ။ သူ.ဖက် က ကြည်.ရင် လက်ဖမိုး ။ ကဲ ... ဒါ ပာာ လက် ဖ၀ါး ပါ လို. အတင်း မတိုက်တွန်း ချင် ပါ ဘူး ။ မလျှောက်လိုတဲ. လမ်း အတွက် ပင်ပန်း စေ ဖို. အမိန်. မပေး ရက်ပါ။

အဖြေ ၄ ။ ပါးစပ် နှင်. နား ( သို. ) ယုံကြည်စွာကိုးကွယ် မြတ်နှိး တက်သော နှလုံး သား တစုံ ။

အဖြေ ၅ ။ အကယ်၍ မျက်ကန်း တယောက် သာ ဆို ရင် ပာန်ဆောင်ချင်း ကင်းတဲ. မူလ မျက်ဝန်းသာလို ပါ တယ် ။ စစ်မှန်တဲ. ရင်ခုန်သံတခု ပဲလိုပါတယ် ။

အဖြေ ၆ ။ Empty = me & mine

အဖြေ ၇ ။ နိယာမ ၊ ပုံသေ နည်း ။ သက်မှတ်သူတို.ရဲ. အလုပ် သာ ဖြစ်တယ် ။ ဗိုလ်ချုပ် အောင်ဆန်း က မြန်မာ တို. ရဲ. သူရဲကောင်း ဒါပေမယ်. အင်္ဂလိပ် အတွက် သူပုန် ပါ ။

အဖြေ ၈ ။ နွေဦး ပိုင် နေ. ရက်တွေ မရောက်ခင် ထိ ။

အဖြေ ၉ ။ ကိုယ်.ကိုကိုယ် မညာတက် တဲ. နုလုံးသား တခု ။

အဖြေ ၁၀။ မရှိဘူး ဆို သော အရာ ကို မသိသော သူ သည် မရှိဘူး ဆို သော အချိန် တွက် သူ. ဘာ သာ သူ သွားလိမ်. မယ် ။

~~~။~~~ ~~~။~~~

Anonymous said...

ဖြတ်သန်းခဲ့သောဘ၀တွေ ကွဲပြားတာနဲ့အမျှ အတွေ့အကြုံ
များ ထွေပြားမည်သာဖြစ်ပါသည်။
ဆန္ဒနှင့်ဘ၀ တထပ်တည်းကျသူ ရှားပါးမည်ထင်ပါသည်။
သို့သော် တထပ်တည်းကျသော ကံကောင်းသူများလည်း ရှိကြပါသည်။
ကာယကံရှင်များ၏ ဆန္ဒမပါပဲ ပတ်ဝန်းကျင်က အင်အားနှင့် ၀င်ရောက်စွက်ဖက်ပြီး ဖန်တီးကြတာလဲ ရှိပါသည်။
လူအမျိုးမျိုး၊ ဘ၀အထွေထွေ ဟုသာဆိုပါရစေ။

လင်းထက် said...

အဲ့လောက်ထိမခံစားဖူးဘူး
ဒါကြောင့်ကိုယ်မဖြေနိုင်ဘူးကွာ
အတော်လေးခေါင်းစားသွားတယ်

လင်းထက် said...

ငါ့ညီမယုံတဲ့အတူတူဖြေပြီကွာ
မေးခွန်း (၆)တော့မသိပါ
ကျန်သောမေးခွန်းများ၏အဖြေမှာ
စိတ်သာရှင်စောဘုရားဟောဆိုသည့်အတိုင်း
စိတ်သည်သာစွမ်းဆောင်ရှင်ဖြစ်ပါသည်
သူမစိတ်မပါလျှင်သင်ဘာလုပ်လုပ်သူမအတွက်ဟာသများသာဖြစ်နေပါလိမ့်မည်.
သူမစိတ်ပါလျှင်သင်၏စွမ်းဆောင်ချက်များသည်ကမ္ဘာပေါ်တွင်တုနှိုင်းမရသောမေတ္တာရှင်ကြီးအဖြစ်မြင်စေနိုင်ပါသည်.

Chilli Chocolate said...

>> HAVE YOU ALREADY ANSWERS ALL THOSE ANSWERS?? IF SO POST YOUR ANS AS WELL.

> AS IF IT WAS ME,
>Q1. COME CLOSE TO ME & JUST LOOK INTO MY EYES..... THE MOMENT YOU SEE MY HEART THROUGH MY EYES - BABE YOU GET IT. DOES IT TAKE LONG?? ALLOW YOURSELF FOR JUST A CAREFUL LOOK.

>Q2. MAY BE WHAT HE WANTS IS NOT WHAT I'M GIVING.

>Q3. CAUSE THAT PERSON IS BETTER OFF IF YOU LET GO.

>Q4. HEART BEATS CAN BE HEARD BY OTHER HEART! (ONLY)

>Q5. " HOPE"....... AS IF I'M DYING

>Q6. COULD BE ANY

>Q7. IT TAKES 2 TO GO TANGO. IF IT IS ONE SIDED, IT WON'T WORK !

>Q8. LOOKING BACK IS TO MOVE FORWARD. I WOLD SAVE MY TEARS FOR THE FUTURE :p

>Q9. I DONT COZ THERE IS NO LIMIT. I WILL GO AS FAR AS I CAN.

>Q10. THAT MEANS YOU ARE ON YOUR OWN!!!!!! GET THE MESSAGE AND LEARN TO LET GO OF THE PAST.

> P.S FOR Mr.POA I THINK IT IS TIME FOR YOU TO CHANGE THE GEAR AND TURN TO CORNER. :D

Chilli Chocolate said...
This comment has been removed by the author.
Chilli Chocolate said...
This comment has been removed by the author.
Chilli Chocolate said...

CORRECTION:

SORRY I MENT QUESTIONS THAT YOU NEED TO ANSWER.

စိုးထက် - Soe Htet ! said...

မေးခွန်းတွေ ကိုယ်တိုင် ပြန်ဖြေ ပေးပါဦး ဗျို့ :)

နွေမုန်တိုင်း said...

အဖြေ (၁)။ ။ထိုအချိန်များထက်ပို၍ကြာသွားနိုင်ပါသည်
ကျွန်ုပ်၏မေတ္တာတရားများကိုသူမနားမလည်သောကြောင့်ဖြစ်ပါသည်။
အဖြေ (၂)။ ။နံပါတ်(၁) အဖြေမှန်လျှင် ဖြေစရာမလို တော့ပါ။
အဖြေ (၃)။ ။ကျွန်ုပ်၏အားနည်းချက်ကြောင့်ဖြစ်ပါလိမ့် မည်။
အဖြေ (၄)။ ။သူမနှင့်နှစ်ယောက်အတူ ဖြတ်သန်းခဲ့ရ သော နေ့ရက်တွေနဲ့ ဖမ်းယူ နားဆင်ကြည့်ရင် သူမ ကြားပါလိမ့်မယ်။
အဖြေ (၅)။ ။နားလည်မှု ဆိုသောနောက်ဆုံးပေါ် မျက်ကပ်မှန်။
အဖြေ (၆)။ ။....................
အဖြေ (၇)။ ။ဒါဆိုရင်နယူတန်နိယာမ မှားနေသလား??
အဖြေ (၈)။ ။လက်ခံပါတယ်။
အဖြေ (၉)။ ။အချိန်
အဖြေ (၁၀)။ ။ဤမေးခွန်းအားကန့်ကွက်သည်။ ဒီမေးခွန်းက စွန့်ခွါသွားသော ကျွန်ုပ်၏ ချစ်သူကို ကျွန်ုပ်ကမေးရမည့်မေးခွန်းသာဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဥာဏ်မှီသလောက်တော့ဖြေပြီးပါပြီဆရာ ပြီးရင်ဆရာနဲ့ အဖြေတိုက်ကြည့်မယ်။ :D ဂုဏ်ထူးမထွက်ရင်နေပါ။ အောင်စာရင်းထဲမှာ ကျွန်တော့်နာမည်ပါချင်တယ်။ :)

Anonymous said...

ဂုဏ်ထူးထွက်ရင် မုန့်ကြွေးမယ်ဆိုလို့ ဖြေကြည့်တာ…
မေးခွန်းတွေဖတ်ရင်း ရူးချင်သလိုလို ဖြစ်လာလို့၊
ကယ်ကြပါအုံး!!!

emayarKhin said...

မေးခွန်း (၁)
မေတ္တာတကယ်စစ်ရင် အချိန်ဆိုတာ
ကိုတောင်သတိရလိုက်မှာမဟုတ်ပါဘူး။

Pinkgold said...

အီး အများကြီးပဲ
ဖြေရမှာ ပျင်းလိုက်တာ
သေချာတာကတော့ မချစ်တတ်သေးဘူးရှင့်

Unknown said...

i think , it cause from different vision , mission and feeling. (not at all), sorry for my ans.