Mar 10, 2008

အသဲမကွဲတဲ့ဆေး....!

တစ်နေ့မှာ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ လူနာတစ်ယောက်ဟာ ဆရာဝန်နဲ့ ပြသတိုင်ပင် ရန် ဆေးခန်းသို့ ရောက်ရှိလာခဲ့ပါတယ်…။

လူနာ။ ။ ဆရာ…ကျွန်တော် အသဲကွဲနေလို့။ အဲဒါ ရောဂါက မသက်သာဘူးဆရာ…။ တစ်နေ့ ထက် တစ်နေ့ပိုဆိုးလာတယ်…။ ကူညီပါအုံးဗျာ…။

ဆရာဝန်က လူနာကို တစ်ချက်မျှ ခပ်စူးစူး စိုက်ကြည့်လိုက်ပါတယ်…။ ပြီးတော့ သက်ပြင်းတစ်ခုကို ဘာကြောင့် မှန်းမသိ သူ့ဘာသာ ချရင်း ခေါင်းညိတ်ပြလိုက်ပါတယ်…။

ဆရာဝန်။ ။ ဒါဆိုလည်း ခင်ဗျား ဝေဒနာစဖြစ်ပုံကစပြီး ဘယ်လိုတွေခံစားနေရတယ် ဆိုတာ ကျွန်တော့်ကို နဲနဲလောက် ပြောပြဗျာ…။

လူနာ။ ။ အချစ်ဆိုတဲ့ အိပ်မက်တစ်ခုနဲ့ တိုက်မိရာက စတယ်လို့ပဲ ပြောရမှာပေါ့ ဆရာ…။ သူ နဲ့ တိုက်မိပြီးကတည်းက ကျွန်တော့်ညတွေ အရင်ကထက်ပိုရှည်လာလို ခံစားရတယ်။ မနက်တိုင်း လည်း "ကဗျာ" တွေအံတယ်…။ ခံတွင်းတွေလည်း ပျက်တယ်ဆရာ "သတိရခြင်း" တွေကလွဲပြီး ဘာမှစား လို့မရဘူး…။ မရိုသေ့ စကားဆရာရယ် ကန်တော့ပါရဲ့ဗျာ...။ ၀မ်းသွားရင်တောင် "မျှော်လင့်ချက်" တွေပဲ ဖြစ်ဖြစ်နေတယ်။ တစ်နေ့ ကဆို ကျွန်တော် ရုတ်တရက် မူးလဲသွားလို့ "ယုံကြည်ချက်" Drip တစ်လုံး ချိတ်လိုက်ရသေးတယ်…။

ဆရာဝန်။ ။ ခင်ဗျားကိုကြည့်ရတာ ဝေဒနာတော်တော် ကျွမ်းနေတဲ့သဘောရှိတယ်…။ စမ်းကြည့် တာပေါ့ ဗျာ…။ ကျွန်တော်လည်း တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစား ပေးပါ့မယ်….။ အမှန်က ဒီလိုဝေဒနာမျိုး ဆိုတာ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဗျ။ အင်းပြောသာ ပြောရတာဗျ....။ ဒီလို ရောဂါမျိုးကလည်း ဘယ်လောက်ပဲ ကြိုတင်ကာကွယ် ကာကွယ်...။ လူတစ်ယောက်ရဲ့ ဘ၀မှာ အနည်းဆုံး တစ်ခါတော့ ဖြစ်တတ်ကျတာမျိုးပဲ...။ "သတိ" အားကောင်းသူတွေလောက်ပဲ ရောဂါမကျွမ်းခင် ပျောက်လေ့ရှိ တယ်ဗျ...။

ဆရာဝန်လည်း လိုအပ်တဲ့စမ်းသပ် စစ်ဆေးမှုတွေကို ပြုလုပ်ပြီးနောက် လူနာရဲ့မျက်နှာကို တစ်ချက်မျှ ခဏ လောက် စိုက်ကြည့်လိုက်ပါတယ်….။ အဲဒီ့နောက်မှာ ဆေးတစ်လုံးကို အသာအယာပဲ ထိုးသွင်းပေးလိုက် ပါတယ်…။

ဆရာဝန်။ ။ မပူပါနဲ့ ကျွန်တော်အားလုံး စစ်ဆေးပြီးလိုအပ်တာတွေ အားလုံးလုပ်ပေး လိုက်ပါ တယ်…။ အခု ခင်ဗျားကို ကျွန်တော်ဆေးတစ်လုံးထိုးပေးလိုက်တယ်…။ မကြာခင် အရာရာဟာ အကောင်းဆုံး ဖြစ်သွား မှာပါ…။ ကျွန်တော် အာမခံပါတယ်…။

လူနာ။ ။ ကျေးဇူးတင်ပါတယ် ဆရာရယ်..။ ဟို…သောက်ဆေးတွေ ဘာတွေရောလိုသေးလား ဆရာ?

ဆရာဝန်။ ။ မလိုပါဘူးဗျာ…။ စိတ်မပူပါနဲ့ မကြာခင်အားလုံး အကောင်းဆုံး ဖြစ်သွားမှာပါ။

လူနာ။ ။ ဒါနဲ့ဆရာ... ကျွန်တော် မသိလို့မေးပါရစေ…။ ကျွန်တော့်ကို အခုထိုးပေးလိုက်တာ ဘာဆေး လဲ ဆရာ...??

ဆရာဝန်က လူနာအား ကြင်နာမှု၊ ကိုယ်ချင်းစာမှု အပြည့်ပါသော အပြုံးနဲ့ ကြည့်ပြီး ညင်သာစွာ ဖြေလိုက်ပါ တယ်….။

ဆရာဝန်။ ။ သေဆေး…..!

p.s- ကျွန်တော်စိတ်ရူးပေါက်ပြီး ထင်ရာမြင်ရာ ရေးထားခြင်းသာ ဖြစ်ပါတယ်...။ တကယ်မှတ်ပြီး လိုက်လုပ်ကြ လို့ ဖြစ်ပေါ်လာသော အကျိုးဆက်များကို BLACK DREAM မှ လုံးဝ(လုံးဝ) တာဝန် မယူပါကြောင်း....။

9 comments:

Anonymous said...

အေးရော အဲဒါပဲ။ ဘာမှမခံစားရတော့ဘူး။ တယ်တော်တဲ့ဆရာဝန်ပါလား။

Anonymous said...

Dr.Black ကဆေးထိုးမှာစိုး....၏။
ထို့ကြောင့်...
ဟီး...ဟီး....သားသား... အသဲကွဲတော့ဘူး.....

စိုးထက် - Soe Htet ! said...

ကောင်းလိုက်တဲ့ဆေး ... ရှင်းသွားတာပဲ :P

Anonymous said...

အချိန်ဆိုတဲ့ဆေးများထိုးပေးလိုက်တာလားလို့... ဟင်းးး... အင်းပေါ့လေ.. အချိန်ဆိုတဲ့ဆေးထိုးလဲ ဒီရောဂါက လုံးလုံးပျောက်ချင်မှပျောက်တာကိုး.... အဆွေးဓာတ်ခံရှိနေတော့ ရောဂါက တစ်ခါတစ်လေတော့ပြန်ထမှာပဲ.. ဒါပေမဲ့ သေဆေးထိုးရလောက်အောင် မလိုအပ်ဘူးထင်တာပဲ.. တကယ်တမ်းတော့ ချစ်ဖူးတဲ့ လူတိုင်းအသဲကွဲဖူးကြတာပဲ..

Unknown said...

ဟုတ်တယ်..ဗေဒါပြောတာလက်ခံတယ်..အဲလိုဆိုပို ကောင်းသွားမယ်...ဒါပေမယ့် ဒီပို့စ်ကို ရေးတဲ့အချိန်မှာ လူက အရမ်း Sarcastic လုပ်ချင်နေလို့.....။

Anonymous said...

ကောင်းတယ်သယ်ရင်းရေ..အဲဒီဆရာဝန်အရမ်းတော်တာပဲ

နှင်းပွင့်ဖြူ said...

တစ်ခြားနည်းလမ်းလေးများ မရှိတော့ဘူးလား
အတိတ်မေ့ဆေးတို့
ရှူးနှမ်းဆေးတို့
ဘာဆေးပဲ ဖစ်ဖစ် ဒီဆေးပဲ ကောင်းပါတယ်...
မီးသောက်ဘူးးးးး
မီးက ခုမှ ငယ်ငယ်လေး ရှိသေးတာ
း)

BLANK PAPER said...

ဟန်ထူးလွင်ကတော့ ပြောတယ်မလွမ်းတဲ့ဆေးတဲ့..သွားတောင်းကြည့်ရင်ကောင်းမလားပဲ

~J-Quen ~ said...

ဆရာဝန်ကိုတော့ ကြိုက်သွားဘီ။ အရမ်းရီရတာပဲ