Nov 6, 2007

ကျွန်တော် နှင့် "ထွက်ခွာသွားသူများ"

လောကကြီး : မင်းငါ့ကို ဘယ်လိုမြင်လဲ ?
ကျွန်တော် : ဒီလိုပါဘဲ....။
လောကကြီးက ကျွန်တော့်ကို ဘုကြည့် ကြည့် ပြီး ကျွန်တော့်ထံမှ ထွက်ခွာသွားသည်..။

ဆရာ : မင်းငါ့ကို ဘယ်လိုမြင်လဲ ?
ကျွန်တော် : ဒီလိုပါဘဲ...။
ဆရာက ကျွန်တော့်ကို မကျေနပ်သည့် အကြည့်တစ်ချက်နဲ့ ကြည့်ပြီး လှည့်ထွက်သွားသည်..။

သူငယ်ချင်း : မင်းငါ့ကို ဘယ်လိုမြင်လဲ?
ကျွန်တော် : ဒီလိုပါဘဲ....။
ကျွန်တော့်သူငယ်ချင်းက ကျွန်တော့ကို လက်ပြနှုတ်ဆက်သွားသည်....။

ချစ်သူ : ရှင်ကျွန်မကိုဘယ်လိုမြင်လဲ?
ကျွန်တော် : ဒီလိုပါဘဲ....။
သူကျွန်တော့ နှလုံးသားကို တံတွေးဖြင့်ထွေးကာ လမ်းခွဲသွားသည်.....။

ကျွန်တော် : မင်း ငါ့ကိုဘယ်လိုမြင်လဲ ?
ကျွန်တော် : ဒီလိုပါဘဲ...။
ထိုနေ့မှ စ၍ ကျွန်တော်သည့် ကျွန်တော့ ထံမှ ရာသက်ပန် ထွက်ခွာသွားလေသည်.....။

2 comments:

စိုးထက် - Soe Htet ! said...

ညီလေးရေ ... ဒီလိုပါပဲ :)

လင်းထက် said...

အင်း ကိုယ်ကော ဒီလိုပါပဲ လို့ပြောရင် ညီ က လက်ပြ နှုတ်ဆက် ခွဲခွာ သွားမှာလား ဒါဆိုရင်တော့ မပြောတော့ဘူး :p