Oct 19, 2008

မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း

ကျွန်တော်တို့ ဘလော့ဂါမောင်နှမတွေကြားမှာ အင်မတန်မှ အားတတ်သရောရှိပြီး...။ မောင်နှစ်မတွေအကြား အသစ်၊ အဟောင်းမရွေး...။ အရှိန်အ၀ါ မရွေးပဲ လိုက်လံအားပေး တတ်သော....။ ညီအစ်ကို မောင်နှမများ၏ ကြိုးစား ပမ်းစားရေးသားထားသော အကြောင်းအရာများနှင့် ပတ်သတ်၍ မည်သည့်အခါမှ ပြီးပြီးရော မှတ်ချက် များ ပေးလေ့မရှိပဲ...။ သေသေချာချာ ဖတ်ရှုဝေဖန်အားပေးတတ်သော ကျွန်တော်တို့၏ ဘလော့ဂါ ရောင်းရင်း ကြီး (သို့မဟုတ်) အစ်ကိုကြီး ကိုနုလုံးသားပြတိုက်၏ ဖခင် ကွယ်လွန်သွားခြင်းအတွက် မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်းပါ...။ ကျွန်တော့်လိုပဲ အခြားသော ဘလော့ဂါ ညီအစ်ကို၊ မောင်နှမများမှလဲ အလားတူ ၀မ်းနည်းကြေကွဲကြမည် ဖြစ်ကြောင်း ကျွန်တော် ယုံကြည်ပါကြောင်း.....။

p.s- မနက်ဖြန် (၁၉.၁၀.၂၀၀၈) တနင်္ဂနွေနေ့တွင် ရက်လည်ဆွမ်းကျွေး ပြုလုပ်မည်ဖြစ်သည်။

11 comments:

ဖြိုးငယ် said...

black ကြီးရေ ... ငါလည်း စိတ်မကောင်းပါဘူးကွာ ..
ကိုပြတိုက် နဲ့ ထပ်တူထပ်မျှ ခံစားရပါတယ် ...

မွန် said...

အကို ဒီအချိန်မှာ ဒီစာတွေကို မဖတ်နိုင်လောက်ပါဘူး
အကိုမမြင်နိုင်မှန်းသိပေမယ့် အားတင်းထားပါလို့ပဲ ပြောချသ်ပါတယ်
အကို့ဖေဖေလည်း ငြိမ်းချမ်းပါစေ

WWKM said...

ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။

ရွှန်းမီ said...

ကိုပြတိုက်အတွက် ဂရုတစိုက် စာလှမ်းရေးပေးတဲ့ ကိုဘလက်ရဲ့  ခင်မင်ရင်းနှီးမှုကို လေးစားပါတယ်။
ဝိုင်းဝန်းအားပေးနေတဲ့ မောင်နှမတွေကြားမှာ အားတင်းပြီး ပြန်လျှောက်လှမ်းနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

မီ..ပြောသလိုပဲ ကိုပြတိုက်အတွက် မှတ်၂ရ၂ နဲ့  အဓိပ်ပါယ်ရှိလှတဲ့ ပို့ စ်လေးအတွက် လေးစားပါတယ်ဗျာ ကျနော်တို့ လည်း မိသားစုနဲ့  ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်းးးး ။

ရွှေပြည်သူ (ShwePyiThu) said...

မောင်လေးရေ... မောင်မျိုးလေး သတင်းပေးလို့ သိသိခြင်း အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ သေချာပို့စ်တစ်ခုအနေနဲ့ ရေးပေးတဲ့ မောင်လေးရဲ့ သံယောဇဉ်ကိုလည်း လေးစားမိပါတယ်။ ကိုအညတရရဲ့ဖခင် ကောင်းရာမွန်ရာရောက်ပါစေ...

Soe Mya Nandar Thet Lwin (Borros Roxo) said...

မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ၀မ်းနည်း ကြေကွဲရပါကြောင်း...

SMNTL

တင့်ထူးရွှေ said...

ကိုပြတိုက်ကြီး မိသားစုနှင့်ထပ်တူ ကြေကွဲမိပါတယ် ။

pandora said...

စိတ်မကောင်းပါဘူး။ မိဘတွေ အဲလိုသတင်းကြားရင် ၀မ်းနည်းမိတယ်။

Unknown said...

တကူးတက ဖုန်းဆက်၊ ၀မ်းနည်းကြောင်းရေးပေးတဲ့ blackကြီး ကျေးဇူးတယ်တယ်ကွာ။တကယ်....
တကူးတက ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေကိုလည်း မလုံလောက်မှန်း သိပေမယ့် အရမ်းကျေးဇူးတင်တယ်လို့........

Anonymous said...

I'm sorry aobut that.