Mar 11, 2008

ကျွန်တော်နှင့် ထူးဆန်းသော ကစားပွဲ...!

“Check….!” ဟု သူမက ပြုံးရင်းပြောပါတယ်...။

ပွဲက ပြီးသွားပြန်ပါသည်…။ နောက်ဆုံးတော့လည်း ကျွန်တော်ပဲ ထပ်မံရှုံးနိမ့်ခဲ့ပါတယ်….။

ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်…။ သူမကို အနိုင်ရရန် မရှုံးနိမ့်စေရန် နည်းအမျိုးမျိုးသုံးခဲ့ဖူးပါတယ်။ ကစားကွက်ကို အသာစီးရရန်လည်း အခါခါ ကြံစည်ခဲ့ဖူးပါတယ်…။ ဒါပေမယ့် ဘယ်လိုပဲ လုပ်လုပ်…။ ဘယ်လောက်ပဲ ဥာဏ်နီ၊ ဥာဏ်နက်၊ ဥာဏ် Color စုံအောင်သုံးသုံး သူမနဲ့ ရင်ဆိုင်ခဲ့သည့် ပွဲတိုင်းတွင် ကျွန်တော်သာ နောက်ဆုံး ရှုံးနိမ့်သူ ဖြစ်ခဲ့ရပါတယ်…။

ဒီလိုဆိုရင် သူမသည် စစ်တုရင် ကစားရာတွင် နည်းဗျူဟာတွေ အလွန်ကောင်းမွန်သူဟု သင်ထင်ခြင် ထင်ပါလိမ့်မယ်…။ မဟုတ်ပါ...။ သူမရဲ့ နည်းစနစ်တွေ ဗျူဟာတွေဟာ တကယ်ကို ပျင်းရိငြီးငွေ့ဖွယ် ကောင်း လောက်အောင်ပဲ ညံ့ဖျင်းပါတယ်။ ဒါဆို ကျွန်တော် အသုံးမကျတာလား?? ဒီအဖြေကို တော့ကျွန်တော် မဖြေ လိုပါဘူး။ ကျွန်တော်သည် အသုံးမကျသော စစ်တုရင် ကစားသမား တစ်ယောက် ဖြစ်ခဲ့လျှင်တောင်…. သူမ၏ ခပ်ညံ့ညံ့ နည်းဗျူဟာနဲ့ ကစားကွက်လောက်ကိုတော့ ၅ မိနစ်အတွင်း အနိုင်ယူ ထိုးစစ်ဆင် နိုင်ပါတယ်…။

ကျွန်ုပ်သည် သင့်အားဒီ့ထက်ပိုပြီး စကားတစ်ခွန်းထပ် ပြောလျင် သင်မအံ့သြပါနဲ့…။ ကျွန်တော်သည် သူမနဲ့ စစ်တုရင် ကစားခဲ့သည် အကြိမ်တိုင်း နောက်ဆုံးတွင် ကျွန်တော်သာ ထပ်မံရှုံးနိမ့်ဦးမည် ဖြစ်ကြောင်းကို သိရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် သူမနှင့် ယှဉ်ပြိုင်ကစားသည့် အကြိမ်တိုင်းတွင် မည်သည့်အခါမှ ပြီး,ပြီးရောမကစားခဲ့ပဲ အမြဲတမ်း အကောင်းဆုံး ဖြစ်အောင်ကြိုးစား ကစားခဲ့ ပါတယ်…။ ကျွန်တော်သည် သူမ၏တစ်ဦးတည်းသော အကောင်းဆုံးနှင့် ထာဝရ အရှုံးသမားလည်း ဖြစ်ပါတယ်…။

ဒီလိုအမြဲ ရှုံးနိမ့်နေရတာကိုပဲ ကျွန်တော်သည် မိမိကိုယ်ကို သူမ၏ အနှိုင်းမဲ့ သူရဲကောင်းတစ်ယောက် အဖြစ် အမြဲဂုဏ်ယူ ပျော်ရွှင် နေတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်…။ ဘာကြောင့်လဲ…???? သူမ၏ အနိုင်ရ သွားသောအခါ (ဘယ်လိုပဲနိုင်နိုင်) ပြုံးပျော်တတ်တဲ့ မျက်နှာလေးကို ကျွန်တော်အရမ်း မြတ်နိုးမိပါတယ်…။ သူမ ပြုံးသောအခါ ကမ္ဘာပေါ်ရှိ အလှပဆုံးသော ပန်းပွင့်များသည် တစ်ပြိုင်နက် ဖူးပွင့်ကြပါတယ်…။ အလှပဆုံးသော ကောင်းကင်ရှိ ကြယ်စဉ်များသည် မြေပြင်သို့ ဆင်းသက် ၀ပ်တွား ရပါတယ်…။ အတောက်ပဆုံးဆိုသော နေမင်း၏ အလင်းရောင်သည်လည်း သူမ၏မျက်ဝန်းများ အတွင်း၌ ခပ်မှိန်မှိန်သာ ထွန်းလင်းခွင့်ရပါတယ်….။ အဲဒီလောက် လှပါတယ်လို့ ပြောရင် ကျွန်တော် အပိုပြောတယ်လို့ မထင်စေလိုပါ….။

အထက်ပါ အကြောင်းအရာများကို ဖတ်ရှုပြီးသော အခါတွင် သင်သည် ကျွန်ုပ်အား အနည်းဆုံး မေးခွန်းတစ်ခု မေးခြင် နေပါလိမ့်မယ်....။ ဒါမှမဟုတ် ကျွန်တော်သည် သူမ၏အပြုံးအား အလွန်အမင်း နှစ်သက်သောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် အရှုံးပေးသည်ဟုလည်း စွပ်စွဲကောင်း စွပ်စွဲပါလိမ့်မယ်....။ မမေးပါနဲ့ မိတ်ဆွေ…။ သင်တို့မေးလိုသော မေးခွန်းများသည် ကျွန်တော် သူမအားရှုံးနိမ့်ရခြင်း၏ အဓိက အကြောင်းအရင်းနဲ့ လွဲချော်နေသည့် အလွန်မဆီလျော်သော မေးခွန်းများပဲ ဖြစ်ပါလိမ့်မယ်…။ ကျွန်တော့်အား ရည်ရွယ်ချက်ရှိရှိဖြင့် အရှုံးပေးသည်ဟု ဝေဖန်သောသူများလည်း မှန်မည်မဟုတ်ပါ…။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ..... နှစ်ဦးတည်းသာ သိရှိပြီး နားလည်မှု ယူထားသော အရာတစ် ခုရှိပါတယ်…။

အဲဒီ့အရာတစ်ခုကတော့……..

သူမနှင့် စစ်တုရင် ကစားသည့် အခါတိုင်းတွင် သူမ၏ စစ်တုရင် နယ်ရုပ်များထဲ၌ King ဆိုသော တိုက်ပွဲတစ်ခု ၏ အဓိကအကျဆုံးနှင့် အရေးအကြီးဆုံးသော နယ်ရုပ် တစ်ရုပ် မည်သည့်အခါကမှ မပါဝင် ခဲ့သောကြောင့်သာ ဖြစ်ပါတယ်….။
p.s- ကျွန်တော်ကလည်း မည်သည့်အခါကမှ ထို King ဆိုသော နယ်ရုပ် ကိုထည့်သွင်း ကစားပေးရန် သူမအား မတိုက်တွန်းခဲ့ပါ။

6 comments:

စိုးထက် - Soe Htet ! said...

သူမက KING မပါသလို သူကရော QUEEN မပါပဲ ကစားသလားဗျ :D
တွေးတတ်တယ် ... :P

Anonymous said...

အဲဒီကောင်မလေးကကျွန်တော်နဲ့ချစ်သူမဖြစ်လိုက်ရလို့ပါ၊သနားပါတယ်...ကျွန်တော်အပြုံးနဲ့သာဆိုရင်သူ....သေလို့ရသွားလောက်တယ်။

Anonymous said...

love the words, love the origin, love the story...Good Work My Dear !!!

Apprenticeship said...

ကျွန်တော်ကလည်း မည်သည့်အခါကမှ ထို King ဆိုသော နယ်ရုပ် ကိုထည့်သွင်း ကစားပေးရန် သူမအား မတိုက်တွန်းခဲ့ပါ။ Interesting but I wonder what motivates you to play that game again and again.

Unknown said...

အင်း....စဉ်းစားစရာ ပဲ

Unknown said...

ရေးထားတာ ကောင်းပါတယ်။ ဒါပေမယ့် စစ်တုရင်တစ်ပွဲဟာ King မပါဘဲ ကစားလို့ မရတဲ့အတွက်...ဖတ်ရတာ နည်းနည်းပေါ့သွားတယ်။