Feb 20, 2008

To....BLACK DREAM

(၂၃) နှစ် ဆိုတဲ့ကာလကို
ဖြတ်ကျော်ခဲ့ပြီးပြီ
ပျော်စရာတွေလဲ ကြုံတွေ့ ခဲ့ပြီးပြီ
ဝမ်းနည်းစရာတွေလဲ မရေမတွက်နိုင်တော့ဘူး....။

အိပ်မက်ပေါင်းများစွာလဲ
ငါ့ညထဲကို ပြုတ်ကျခဲ့ပြီးပြီ
မျက်ရည်တွေကို ပြန်ရေကြည့်ရင်
ကောင်းကင်က ကြယ်တွေထက် များလိမ့်မယ်....။

အတိတ်တွေကို ဘ၀ဟောင်းထဲမှာ
သော့ခတ်ထားခဲ့ကြရအောင်
လာလေ....သွားကြမယ်....။

ငြိမ်းချမ်းမှုတွေ ဝေဆာနေတဲ့ မနက်ဖြန်တွေ အတွက်
သောကတွေကို မြေမြုပ်လိုက်ပါ
ဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ်
ပျော်စရာသီချင်းတစ်ပုဒ်တော့ ဆိုသင့်ပါတယ်....။

အကြိမ်ပေါင်းများ ကိုယ့်ကိုယ်ကို ပြန်ကြည့်ခဲ့တယ်
ငါလဲဘဲ
အရောင်တွေ စွန်းထင်းခဲ့ပြီဘဲ...။

မျော်လင့်ချက်တွေကို
ရေလောင်းပါ..ပေါင်းသင်ပါ။
ကြိုးစားမှုတွေကို အားဆေးကျွေးပါ...။

တစ်ချိန်က ဝေဒနာတွေကို
Photo Album တစ်ခုထဲမှာ သိမ်းထားလိုက်ပါ
တစ်ခါတလေတော့လဲ အလွမ်းပြေ ထုတ်ကြည့်ပေါ့
ဒါပေမယ့် အမြဲတမ်းတော့ ဖွင့်ထားစရာ မလိုပါဘူး….။

အနာဂတ်ကို ဘယ်လိုတည်ဆောက်မလဲ?
ဘ၀ကို Formula ထုတ်လို့မရတာတော့ သေချာတယ်
ရေဖြစ်ဖို့ Hydrogen နှစ်စနဲ့ Oxygen တစ်စ လိုတယ်....။

အောင်မြင်တဲ့ ဘ၀တစ်ခုဖြစ်ဖို့
မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု နှစ်ဆနဲ့
ကံကြမ္မာ တစ်စလိုတယ်....။

စိတ်ညစ်စရာတွေကို
မနေ့ကညနဲ့ အတူထားခဲ့ပါ
ဒါဆိုရင်တော့ အနာဂတ်မှာ
သက်တံ့တွေစီးနေတဲ့ အိပ်မက်တွေကို
မြင်တွေ့နိုင်ပါလိမ့်မယ်…..။ ။

p.s- ဒီ Post ကို (၂၁.၂.၀၈) မှာ ရောက်ရှိမယ့် ကျွန်တော့ (၂၃) နှစ်ပြည့် မွေးနေ့အတွက်တင်ခြင်း ဖြစ်ပါတယ်။ ဒီ Post ကို အမှန်တကယ်ရေးခဲ့တဲ့ နေရာနဲ့ အချိန်ကတော့ လွန်ခဲ့တဲ့ (၂) နှစ်ကျော်က ရှေ့တန်း စစ်မျက်နှာပြင် နေရာတစ်ခုမှာ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း...။ သူငယ်ချင်းများအားလုံး ငြိမ်းချမ်း နိုင်ကြပါစေ။

13 comments:

NatShinNaung said...

happy birthday သူငယ်ချင်း။ ဒီနေ့ လေးကစပြီး ဘ၀ မှာ လိုရာမှန်သမျှ တောင့်တ ရုံနဲ့ ပြည့်စုံနိုင်ပါစေကွာ။ ဒီမှာလက်ဆောင်ယူပါ။

Winkabar said...

Happy Birthday ပါ ကို blackdream ရေ။ `ကြိုးစားအားထုတ်မှုနှစ်စနဲ့ကံကြမ္မာတစ်စ´ကို အသုံးချပြီး အောင်မြင်သောဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ လို့ဆုတောင်းပေးပါတယ်နော်။

စိုးထက် - Soe Htet ! said...

ညီလေးရေ ... ကိုယ်က အဖိုးကြီး ဖြစ်နေပြီဆိုတော့ အဖိုးကြီးလိုပဲ ဆုပေးရမယ် ...
ကောင်းသော လိုအင် ဆန္ဒ များ အမြန်ဆုံး လွယ်ကူစွာ ပြီးမြောက် အောင်မြင်ပါစေ ... ဟိုမှာ သွားယူပါ။

Kaung Kin Ko said...

ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ။

တင့်ထူးရွှေ said...

happy birthday ပါ ၊ မှန်ကန်တဲ့ကြိုးစားအားထုပ်မှု့နှစ်ဆ နဲ့ ကံကြမ္မာကောင်း တစ်စ ရရှိပါစေ ၊ သက်တံတွေ စီးဆင်းနေတဲ့ အိပ်မက်တွေ မြင်တွေ့နိုင်ပါစေ လို့
မွေးနေ့ အတွက် ဆုတောင်းပေးပါတယ် ၊
မွေးနေ့မှာပျော်ရွှင်ပါစေ သူငယ်ချင်း ။ ။

Anonymous said...

Happy Birthday To U,Pyiet Oo Aung!
ဒီနေ့ လေးကစပြီး ဘ၀ မှာ လိုရာမှန်သမျှ တောင့်တ ရုံနဲ့ ပြည့်စုံနိုင်ပါစေ

I wish u all the best!
i'll b always one of ur blog fans!
Keep it up!
I like this post so much as well.
take good care.

Anonymous said...

အရိုးဆုံးပေမဲ့ အကောင်းဆုံးဆုတောင်းလေး ပေးချင်တယ်.. လိုအင်ဆန္ဒတလုံးတ၀ကြီးပြည့်ပါစေဟာ...

Ka Daung Nyin Thar said...

ဟက်ပီဘက်ဒေးပါ ညီရေ
အခုမှ လာကြည့်ဖြစ်လို့ မွေးနေ့တောင် လွတ်သွားပြီကွယ်.

Unknown said...

၂၃နှစ်မှသည် နောင်နှစ်ပေါင်းများစွာထိ မှန်ကန်တဲ့ ကြိုးစားအားထုပ်မှု့နှစ်ဆ နဲ့ ကံကြမ္မာကောင်း တစ်စ ရရှိပါစေ ၊ သက်တံတွေ စီးဆင်းနေတဲ့ အိပ်မက်တွေ ပိုင်ဆိုင်ပါစေ ။

lwansay said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။ မွေးနေ့ မှာလည်း များများသောက်နိုင်ပါစေ။ :D
Happy birthday! Be happy fri.

Anonymous said...

ဟက်ပီးဘက်ဒေးပါဦးဦးပြည့်၊ဦးဦးအဲဒီလိုရေးတော့မှဘဲ သားတို့လည်းဦးနဲ့အသက်ချင်းမကွာဘူးဆိုတာကိုသတိ ရတော့တယ်။သားလည်းရင်ခုန်မူ့တွေကိုအခုကစပြီး တော့ရပ်တော့မယ်။

Anonymous said...

ဟုတ်တယ်ဝေးးး
တစ်ချိန်က ဝေဒနာတွေကို
Photo Album တစ်ခုထဲမှာ သိမ်းထားလိုက်ပါ
တစ်ခါတလေတော့လဲ အလွမ်းပြေ ထုတ်ကြည့်ပေါ့
ဒါပေမယ့် အမြဲတမ်းတော့ ဖွင့်ထားစရာ မလိုပါဘူးနော်...:)
စိတ်ညစ်စရာတွေကို
မနေ့ကညနဲ့ အတူထားခဲ့ပါ
ဒါဆိုရင်တော့ အနာဂတ်မှာ
သက်တံ့တွေစီးနေတဲ့ အိပ်မက်တွေကို
မြင်တွေ့နိုင်ပါလိမ့်မယ်...that right my fri !

Suburban Area said...

အခုမှဖတ်ခဲ့ပေမယ့်..နောက်နှစ်အတွက်ဆုတောင်းပေးနေပါမယ်
အဲဒီခါကျရင် ခင်မင်ရင်နှီးသူအဖြစ် ရှိခွင့်ပေးပါဗျာ..ဒီကဗျာလေးလဲအရမ်းကြိုက်တယ်..နောက်အမြဲလာလည်ဖတ်ရှုပါဦးမယ်...