တကယ်ပါ....
သေသေချာချာ ပြန်ကြည့်တော့မှ
ငါ့လက်တွေတောင် သွေးစွန်းခဲ့ပြီပဲ....။
ငါဖန်တီးတဲ့ခဲ့ အိပ်မက်တစ်ခုဟာ
ဒီလိုမျိုး ဖြစ်မယ်မှန်းသာ သိရင်
အဲဒီ့ညကို ငါမအိပ်ခဲ့ပါဘူး.......။
မိသားစုကို စွန့်ခွာ
သူငယ်ချင်းတွေကို လက်ပြ
ချစ်သူကို ကျောခိုင်းခဲ့တဲ့ ရလဒ်က
ခံစားချက်မဲ့ နေ့ရက်တွေနဲ့
မျှော်လင့်ချက်မဲ့တဲ့ မနက်ဖြန်တွေလား....?
၁၉ ရာစု အိပ်ယာဝင် ပုံပြင်တွေနဲ့
၂၁ ရာစုကိုချော့သိပ်ဖို့ ကြိုးစားတာကတော့
ညံ့လွန်းတာပေါ့.....။
ရယ်စရာတွေ လာမပြောပါနဲ့ဗျာ
မလွတ်လပ်တဲ့ဘ၀မှာ
ချုပ်နှောင်တယ် ဆိုတဲ့စကားက
အဓိပ္ပါယ်ရှိပါ့မလား....။
တစ်ခုတော့သိထားလိုက်ပါ....။
ခေါင်းငုံထားတိုင်း ကြောက်တယ်လို့ မထင်ပါနဲ့
ကိုယ့်အောက်ခြေကိုသာ သတိထားပါ
သိပ်မကြာတော့ပါဘူး .....
အဖြေမှန်ကို သိလာရမှာပါ...။ ။
3 comments:
ဒီကဗျာလေးလည်း ကြိုက်တယ် ညီလေးရေ။ အစ်ကို rate 5 ပေးခဲ့တယ်။ :-)
But we can always watch our hands with apologies and pragmatic actions.
ဒီ ကဗျာလေးကို အရမ်းကြိုက်ပါတယ်
Post a Comment