Feb 6, 2008

စကားလုံးများနှင့် လူသတ်ခြင်း...


“အရမ်းချစ်တယ်….”

သေဆေးတစ်လုံး
ငါ့သွေးကြောထဲကို
ထိုးထည့်လိုက်တယ်
ညင်ညင်သာသာလေးပါဘဲ….။

“ခွဲမသွားပါနဲ့နော်…”

အဆိပ်ငွေ့တွေ
ငါ့အဆုတ်ထဲကို
အစုလိုက် အပြုံလိုက်ဝင်သွားတယ်
ဖြေးဖြေးလေးပါဘဲ….။

“အရမ်းလွမ်းတယ်….”

ဓားချက်တွေ
ငါ့နှလုံးသားပေါ်မှာ
အရှိုးရာ အထပ်ထပ် ထင်သွားတယ်
ငြိမ့်ငြိမ့်လေးပါဘဲ….။

“တစ်ဘ၀လုံးအတွက် ရည်ရွယ်ခဲ့တာပါ….”

ကျည်ဆန်တွေ
ငါ့ဦးနှောက်ထဲ
အတွဲလိုက် ဖြတ်ပြေးသွားတယ်
ပါးပါးလေးပါဘဲ….။

“နားလည်ပေးပါ….”

ဆုံးရှုံးမှုတွေ
ငါ့နှလုံးသားကို
အဆက်မပြတ် တိုက်စားသွားတယ်
ခဏလေးပါဘဲ….။

ငါကျရှုံးသွားတယ်….။ ။

6 comments:

Anonymous said...

so good fri!carry on

Kaung Kin Ko said...

ကဗျာတွေ အရမ်းပြောင်မြောက်နေပါလားဗျ။

BLANK PAPER said...

ကဗျာတွေရဲ့ ရင်တွင်းစကားမှာ black dream ဆိုတာ..
လှလှလေးတွေ ဖွဲ့ တတ်လို့ သူတို့  ကြေနပ်နေလေရဲ့ ဗျာ..
မိုက်တယ်..စာသားလေးတွေလန်ထွက်တယ်ဗျာ..

လွမ်းဇာနည် said...

ဒီ ကဗျာလေး ဖွဲ့စည်းတည်ဆောက်ထားပုံက အရမ်းမိုက်တယ်နော်

Mhu Darye said...

No reason.
Just reading it all over again.
still like it. :)

မောင်ပိစိ said...

ဟုတ်ပကွယ်..
အဲဒီ စကားလုံးတွေကြောင့်ပဲ
ပတ်လည်ရိုက်နေရတဲ့ ဘ၀ :)