Feb 3, 2008

အစမရှိသောကြောင့် အဆုံးမရှိပါ...

"ပလုံ..."
သွား....ပြန်ပြီ
ငါ့အိပ်မက်တစ်ခု။

နေအထွက်မှာ
ရွှေခွက်နဲ့ခံဖို့ မပြောနဲ့
တစ်ရက်စာ ဘ၀တစ်ခုကို သစ်ဖို့
ရေခွက်တောင် မနည်းရှာနေရတယ်။

ခဏခဏ တိုက်စားတာခံရလို့
ငါ့မျှော်လင့်ချက် ကမ်းခြေက
ကျောတစ်ခင်းစာတောင်
မကျန်တော့ပါလား။

အိပ်မက်တွေ ပိုးစိုးပက်စက်
အရည်ပျော်နေတာများ
ငါ့ကိုငါ မှန်ထဲတောင် မကြည့်ရဲတော့ဘူး။

တိုက်ပွဲတစ်ခု စမယ်မှ
မကြံသေးဘူး
ငါ့ဘ၀တွေက အံဖက်စို့နေပြီ
ကဲ...ငါဘာဆက်လုပ်ရမလဲ။

နောက်ဆုံးစုပ်ကိုင်ခဲ့တဲ့
ကောက်ရိုးတစ်မျှင်က
ငါ့ကိုပြုံးပြီးပြောတယ်...

" မင်းစွဲလိုက်တဲ့ ငါကကောက်ရိုးတစ်မျှင်
မဟုတ်ဖူး...ဘ၀တစ်ခုလုံးကို ဖျက်ဆီးမယ့်
ဗုံးတစ်လုံးရဲ့ စနက်ကြိုး.." တဲ့

ဘာပြောခြင်ကျသေးလဲ..?
ကဗျာက ဆုံးနေပြီ....။ ။

6 comments:

Anonymous said...

ုရေနစ်သူကို ၀ါးကူထိုးနေကြတဲ့ ဟောဒီလောကကြီးမှာ ကိုယ်ကနောက်ဆုံးမျှော်လင့်ချက်နဲ့ အားကိုးတကြီးဆုပ်ကိုင်လိုက်တဲ့ကောက်ရိုးတမျှင်ဟာ သူငယ်ချင်းမင်းပြောသလို ဗုံးတစ်လုံးရဲ့စနက်တံတစ်ချောင်းဖြစ်နေခဲ့မယ်ဆိုရင်တောင်................................။ ။ ။

Kaung Kin Ko said...

ကောင်းလိုက်တဲ့ တင်စားချက်တွေဗျာ။

တင့်ထူးရွှေ said...

ဘာပြောချင်ကြသေးလဲ
ကဗျာ က ဆုံးနေပြီ ..

တစ်ခုတော့ ပြောချင်တယ်
မိုက်တယ်ဗျာ :P

Anonymous said...

ညီလေး ရေ... မင်း စာ တွေ အကုန်ကောင်းတယ်ကွာ... ဒီ စဉ်းစားနေကျ ကောက်ရိုးတမျှင်ကို တင်စားလိုက်ပုံ က တော့.... မင်း အိုင်ဒီယာကို လက်ဖျားခါသွားတယ်...

Mhu Darye said...

nothing much.
re read it again.
still like it. :)

မောင်ပိစိ said...

ဟောဗျာ..
ဘာပြောရမှန်းကို မသိတော့ဘူး..
ကြိုက်တာလေးတွေ ကိုပဲ မန့်နေတာ
ကြိုက်တာတွေက များနေဘီ
:)