Jan 28, 2008

ရည်ရွယ်ချက်မရှိ...

အတိတ်ဆိုတာ တကယ်တော့
့စွန့်ပြစ် ပစ္စည်းတစ်ခုပါ
ဒီနေ့ထဲကို အလေးခံပြီး
သယ်လာစရာ မလိုပါဘူး…။

ဒီနေ့ ဆိုတဲ့အရာဟာ
ဘုရားသခင်ကပေးတဲ့
လက်ဆောင်တွေထဲမှာ
အကောင်းဆုံး လက်ဆောင်တစ်ခုပါ…။

မနက်ဖြန်ကို
ကြောက်တယ်ဆိုရင်
အစကတည်းက ‘ခင်ဗျား’ ဒီနေ့ထဲကို
ဝင်မလာသင့်ဘူး…။

ဖြစ်ခဲ့သမျှ တွေကိုသာ
အမြဲ နောင်တရနေမယ်ဆိုရင
်ခင်ဗျားအတွက်
အဆိပ် တစ်ခွက်လောက်လက်ဆောင် ပေးပါရစေ…။
(ကျေးဇူးပြုပြီး ရေရော မသောက်ပါနဲ့)

မှိုတက်နေတဲ့ ဦးနှောက်တွေ
ဈေးကောင်းပေး ၀ယ်နေတယ်(၀က်စာကျွေးဖို့)
ရောင်းစားပြစ်လိုက
်အကယ်ရွေ့ ခင်ဗျားသာ
ဒီနေ့အတွက်အကောင်းဆုံး အသုံးမချ နိုင်ခဲ့ရင်…။

နောက်ဆုံးပြောမယ်ဗျာ….။

ခင်ဗျားမျက်လုံးတွေကို
ထိုးဖောက်လိုက်
အကယ်၍သာ
မနက်ဖြန်တိုင်းကို
စိုးရိမ်မှုတွေနဲ့မကောင်း မြင်နေမယ်ဆိုရင်…။ ။

3 comments:

Anonymous said...

ရိုးရိုးလေးနဲ့ ဖတ်ရတာ အရသာရှိတယ်ဗျ

စိုးထက် - Soe Htet ! said...

"ခင်ဗျားမျက်လုံးတွေကို
ထိုးဖောက်လိုက်
အကယ်၍သာ
မနက်ဖြန်တိုင်းကို
စိုးရိမ်မှုတွေနဲ့မကောင်း မြင်နေမယ်ဆိုရင်…။ ။"

ကောင်းတယ် ညီလေးရေ ... ရှင်းရှင်း လင်းလင်း ခံ စား သွားပါတယ် ....

Kaung Kin Ko said...

Very good poem. :-) ဟိုးတစ်ခါ လာလည်တုန်းက ဘလော့လောက ကို စွန့် ခွာသွားပြီဆိုလို့ ပြန်ရေးနေမှန်း မသိလို့ လာမလည်ဖြစ်တာ။ blog လောက ထဲကို ပြန်ဝင်လာလို့ ဝမ်းသာတယ် ညီလေးရေ။