Jan 4, 2008

မြင့်မြတ်သူများသို့...

င့ါလမ်း ငါဖောက်
ရှေ့တန်း ရောက်ရောက်
ငါ့လှေ ငါထိုး
ဗုံးတော တိုးတိုး
င့ါလေ ငါဆန်
ကျည်ဆန် မှန်လည်း……

ငါကားမကြောက်
ငါဖောက်သည့်လမ်း
ငါလျှောက်လှမ်းမည်။

မိဘနဲ့ဝေး ချစ်သူပြေးလဲ
ဇွတ်မှိတ်မေ့ပြစ် ငါအံကြိတ်လို့
မိုးသည်း လေထန် အာခံကာမြဲ
ပန်းသည်မရှိ ငါချီတက်၏။

အမျိုးဘာသာ သာသနာအတွက်
ငါ၏အသက် သွေးနဲ့ဆက်လည်း
ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက်
ပိုတိုး၍သာ ငါပေးဆပ်မည်။

နောင်တဘယ်မှာ
ရှိစေငှာလည်း
ငါကားမရွံ့ ရှေ့သို့မျှော်ရီ
ဆက်ရွေ့ တိုးမည်။

မွေးဖွားခြင်းစ သေခြင်းအဆုံး
ဤနိဂုံးမှာ
ဘယ်ပုံ ဘယ်နည်း ငါပြီးဆုံးမည်
မသိနိုင်ငြား
ငါရှင်သန်မျှ ငါ့မြေတစ်လက်မ သူမထိရဟု
ရင်မှာဟစ်ကြွေး
တိုက်ရင်းသေမည်…..ငါမြတ်သည်။ ။

မှတ်ချက်။ ။ လွတ်လပ်ရေးနေ့ အမှတ်တရ...

1 comment:

Mintasay said...

လေးစားမိတယ်ဆိုတာကလွဲလို့ဘာမှမပြောချင်ဘူးဗျာ..ခင်ဗျားကကျနော်တို့လိုမဟုတ်ဘူးလေ