Jan 1, 2008

ကျွန်တော်နှင့် နံနက်စာ

ကျွန်တော်။ ။ ကိုယ့်ကို “အိပ်မက်” တစ်ပွဲပေးကွာ ညီလေး… “မျှော်လင့်ချက” များများထည့်… “အတိတ်ဆိုး” တွေမထည့်နဲ့… “အနာဂတ်” ရွှဲရွှဲလေးစမ်းကွာ… “ခံစားချက်” ကိုထည့်ရင် ဒီအတိုင်း မထဲ့နဲ့ ကပ်ကြေး လေးနဲ့ ညှပ်ပြီးထည့်… အဲမေ့လို့… မင်းတို့ဆိုင်မှာ ရှိမယ်ဆိုရင်တော့ “ဘ၀” ကို နဲနဲလေး ပါးပါးလှီးပြီးထည့်ကွာ…။ ဘ၀ ဆိုတာက ပါးပါးလှီးထားမှ ကောင်းတာ…အတုံးလိုက် အတစ်လိုက်ဆို သိပ်မကောင်းဖူး လူကို ဒုက္ခ ပေးတတ်တယ်

ကောင်လေး။ ။ ဟုတ်ကဲ့အစ်ကို…အော်…ဒါနဲ့… “မျက်ရည်” ထည့်အုံးမလား အစ်ကို??

ကျွန်တော်။ ။အေး…ရှိရင်တော့ထည့်ကွာ!နဲနဲပေါ့…အိပ်မက်ဆိုတာကမျက်ရည်ပါမှကောင်းတာကွ။

ကောင်လေး။ ။ ဘာသောက်အုံးမလဲ အစ်ကို…. “ဖြစ်ချင်တာလား”… “ဖြစ်သင့်တာလား”…???

ကျွန်တော်။ ။ ကိုယ်ကတော့ “ဖြစ်သင့်တာ” သောက်နေကျကွ… ဒါပေမယ့် ဒီတစ်ခါတော့ အပြောင်းအလဲလေး ဖြစ်အောင် “ဖြစ်ချင်တာ” တစ်ခွက်ပေးကွာ… “နောင်တ”တော့ လျော့ထည့်ကွာ ညီလေး… ငါ့ဘ၀မှာ“ဖြစ်သင့်တာတွေ” ချည်းသောက် နေရတာ ကြာတော့လည်း စိတ်ကုန်လာပြီ....။

ဒီလိုနဲ့ပဲ… ကျွန်တော့်ရဲ့ နံနက်စာကို “မျက်ရည်နဲနဲပါတဲ့ အိပ်မက်တစ်ပွဲ”….“နောင်တနဲနဲ လျော့ထည့်ထားတဲ့ ဖြစ်ချင်တာတစ်ခွက်” နဲ့ ပြီးဆုံးခဲ့ပါတယ်....။ ။

16 comments:

Anonymous said...

ဒါဆိုရင် သိုးလေးဆီမှာ ပြင်းပြတဲ့ ဆန္ဒ နဲ့ ချက်လုပ်ထားတဲ့ အရည်တစ်ခွက် လာယူပါလား။ :)

blog မလုပ်တော့ဘူး ဆိုလို့ မရောက်ဖြစ်တာ။

Anonymous said...

ကိုဦး ရေ ဒီ post လေးကို လည်း ငါ သိပ် ကြိုက် လို့ comment ပေးခဲ့ တယ်'
idea လေး က အရမ်း ကို ကောင်း ပါတယ်။။
Keep it up ! Cheerzzzzzzzzz

Anonymous said...

Good idea and very Creative! Well done bro! Keep it up!

BTW, how about it, how do you felt on it, poem or simple article?
I think it's a beautiful poem.

Anyway , thank you for this poem.

Unknown said...

idea က အရမ်း ကို ကောင်း တယ်၊၊ဘဝ ဆိုတာပါးပါးလှီးထားမှကောင်းတာ အတုံးလိုက်အတစ်လိုက်ဆို လူကိုဒုက်ခ ပေးတတ်တယ် တဲ့လား၊၊မိုက်တယ် ရိုက်ချက်ကတော့ပြင်းတယ်၊၊

Anonymous said...

keep up bro.. you have great thinking..

Anonymous said...

မျက်ရည်နဲနဲပါတဲ့ အိမ်မက်လိုချင်တယ်

starfish said...

နောင်တနဲနဲ လျော့ထည့်ထားတဲ့ ဖြစ်ချင်တာတစ်ခွက်တော့ သောက်ချင်တယ်။ အိပ်မက်ကတော့ ပျောက်ကွယ်သွားတက်တဲ့အရာ ဆိုတော့ မစားချင်တော့ပါဘူး။

Anonymous said...

ကျနော် စားချင်တာက ပဲပြုတ်ဆီစမ်းလေးနဲ့  ထမင်းပူပူလေးဗျ အခုတော့ ကျနော့် မနက်စာတိုင်းက အလိုမကျမှုတွေနဲ့  ငမ်စပ်နေတဲ့ ပုပ်အက်အက် ငပိရည်တစ်ပွဲ တော်သေးတာပေါ့ သည်းခံခြင်း သခွားသီး တို့ စရာလေး ပါလို့း) ။

ရွှေပြည်သူ (ShwePyiThu) said...

အစ်မလည်း “ဖြစ်ချင်တာ”ပဲ အမြဲ သောက်နေချင်တာပါပဲ။ ဒါပေမယ့် အတိတ်မှာ သောက်ခဲ့ဖူးတဲ့ “ဖြစ်ချင်တာ”တွေမှာ “နောင်တ”တွေ လေးလေးပင်ပင် ပါနေတာချည်းပဲဆိုတော့... အခုလောလောဆယ် “ဖြစ်ချင်တာ”ကို ခဏဖြတ်ထားရတယ် မောင်လေးရေ။ သိပ်ကိုကောင်းတဲ့ ပို့စ်ပါပဲ။

capricorn said...

အရမ်းမိုက်တယ်...

:P said...

Idea အရမ်းကောင်းတယ်

လွမ်းဇာနည် said...

ဒီ ပို့စ် လေးကို ဒီနေ့မှ ဖတ်ဖြစ်တာပါ
ဘ၀ စီမံ ခန့်ခွဲမှု အတွက် အကိုက အရမ်းတွေးထားတယ်နော်
ဖြစ်သင့်တာထက်
တခါတလေ ဖြစ်ချင်တာကို လုပ်တာ
တရားမျှတမှုရှိတယ်လို့ မီးမောင်းထိုးပြထားတာ
အရမ်းကြိုက်ပါတယ်

Anonymous said...

အားပါးပါး
ဘုန်းကြီးလုပ်ရော အဲဒါတွေကျွေးမှာလား
ဘုန်ကြီးလုပ်ရင်လွတ်နိုင်တယ်နော်
ဘုန်ကြီးဘဲ လုပ်တော့မယ်

phyu said...

a yan mite tal.. a yan like tal..

Army Soul said...

ကောင်းတယ်.
ကျေးဇူးလည်းတင်တယ်.
တွေးစရာ မနက်စာတစ်ခုရခြင်းအတွက်

Unknown said...

breakfast lay ka aa yan good tal nor.