Nov 15, 2007

အမိန့်


ငါမင်းရဲ့ရှေ့မှာ ဒူးထောက်ထားပါတယ်
မင်းဖွင့်ခဲ့တဲ့ အချစ်, စစ်မျက်နှာပြင်မှာ
ငါ့ရဲ့ "သည်းခံမှု" နဲ့ "မာန" တပ်သားတွေ
အတုံအရုံး ကျဆုံးခဲ့ပြီးပါပြီ........။

ငါ့ကိုလည်း အနူးညံ့ဆုံးအဖြစ်....
သေဒဏ်ချမှတ်ပါ။

ဒါမှမဟုတ်
မင်းနှလုံးသား...မင်းအပြုံး...မင်းနှုတ်ခမ်းတွေနဲ့
အဝေးဆုံးဖြစ်မယ့် နေရာတစ်ခုကို
တစ်သက်စာ.....
ပြည်နှင်ဒဏ်သာ ပေးလိုက်ပါ ချစ်သူ....။

2 comments:

hnin said...

ဟ... ဒီမှာလည်း စစ်ဖြစ်နေတာပဲ။

MELODYMAUNG said...

အနူးညံ့ဆုံးကတောင် သေဒဏ်တဲ့ အိအိ တနားချရာကြီး :(