Nov 8, 2007

လက်ဆောင်

မငိုပါနဲ့ကွာ....
မင်းငိုရင် ငါအန်ခြင်လွန်းလို့။

မသိမှာစိုးလို့ ပြောလိုက်အုံးမယ်...
ဟိုတနေ့က မင်းခြေဆေးခဲ့တာ
မိုးရွာလို့ ရေတင်နေတဲ့ ရေအိုင်မဟုတ်ဘူး...
အဲဒါ ငါ့မျက်ရည်တွေ...။

သေချာတာပေါ့
မင်းစခဲ့တဲ့ အမှုတွဲမှာ...
နောက်ဆုံး ငါဘဲ
ကြိုးစင် တက်ရမယ်ဆိုတာ....။

ထားလိုက်ပါ
အတိတ်ကဖြစ်ရပ်တွေ
ဘာမှပြန်မပြောတတ်တဲ့
ကံကြမ္မာကိုဘဲ အပြစ်ဖို့ကျပါစို့.....။

ခွဲခွာမှု အမှတ်တရအဖြစ်
လက်ဆောင်တစ်ခု ပေးလိုက်မယ်
လိုရမယ်ရပေါ့....။

ဘ၀နဲ့ အပြည့်
သယ်သွားလိုက်ပါ....
ငါ့ရဲ့ အညှိုးတွေ.........။ ။

3 comments:

Anonymous said...

သီကုံးထားတဲ့ ကဗျာအနေနဲ့က သိပ်လှပြီး ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ ။ အပြင်လောကမှာတော့ အငြိုးတွေတော့ မရှိပါစေနဲ့ သူငယ်ချင်းရေ ။ ကိုယ်ပဲမောရပါတယ်။ အကြံပြုကြည့်တာပါရှင် :)

Mintasay said...

i love freedom of thinking. i found something in you as well. come , visit my blog. we can share to each other.

စိုးထက် - Soe Htet ! said...

နင့် ရီသံတွေဟာ ညှီစော် နံတယ်ပေါ့ :)