Oct 29, 2007

တောင်းပန်ခြင်း

ငါ့ရင်ကို
မင်းရဲ့
မထေမဲ့မြင် အပြုံးတွေနဲ့
မခွဲပါနဲ့….။ ။
ငါ့ဘ၀ကို
မင်းရဲ့
အရွဲ့တိုက်တဲ့ အပြုအမှုတွေနဲ့
မနင်းချေပါနဲ့….။ ။
ဒီလိုဘဲ…
ငါ့မေတ္တာကို
မင်းရဲ့
ဖောက်ပြန်မှုတွေနဲ့
မတုန့်ပြန်ပါနဲ့ ကွာ…။ ။
ဘာလို့လဲဆိုတော့
ငါဟာလူတစ်ယောက်ကို
အကောင်းဆုံး နားလည်ပေးနိုင်သလို
အဆိုးဆုံးလည်း လက်စားချေတတ်တဲ့
လူတစ်ယောက် ဖြစ်နေလို့ပါ
ချစ်သူ….။ ။

No comments: