Sep 11, 2007

Trick

အနမ်းတွေပေးမလိုလိုနဲ့...
ငါ့အနားကိုကပ်...
ငါ့ကျောကိုသပ်...
ငါ့မှာတော့ ကျေနပ်မှုတွေနဲ့....
ဘ၀င်တွေ လေဟပ်လို့...
မိုးမမြင် လေမမြင်မြင့်မြတ်နေလိုက်တာ...
ငါ့နှလုံးတွေအက်....
မျက်ရည်တွေ ပွက်ပွက်အံတော့မှ.....
ငါ့နောက်ကျောမှာ စိုက်ဝင်နေတဲ့...
မင်းရဲ့ဓါးချက်ကို တွေ့ခဲ့တယ်...
ချစ်သူရယ်....။ ။

2 comments:

LIN LET KYAL SIN said...

ခံစားချက်တွေ တော်တော်ပြင်းထန်တယ်နော်။ ကျွန်မနဲ့စိတ်ချင်းတူတယ် ။ ဘာပဲဖြစ်ဖြစ်လေ ကဗျာတွေထဲမှာပဲ ပေါက်ကွဲပစ်လိုက်ပါ။ ရင်ထဲမှာတော့ အမာရွတ်မထားပါနဲ့ :)

mabaydar said...

တယ်ဟုတ်ပါလား... မနှစ်က စက်တင်ဘာလတုန်းက နင်အသဲကွဲနေတာသေချာတယ်.. ဘာလို့လဲဆိုတော့ တကယ့်ခံစားချက်တွေက စာဖတ်သူကိုထိထိမိမိခံစားရအောင် ရေးနိုင်တယ်.. ပိုစ့်ကိုဖတ်ရင် စာရေးသူရဲ့ နှလုံးသားကို ယောင်ပြန်ဟတ်တယ်.. ငါတောင် အနာဟောင်းပြန်သတိရသွားပြီ.. သိတယ်ဟုတ်... ဒါပေမဲ့ အသဲကွဲတာ တခါတလေကျမဆိုးဘူးဟ.. စာရေးဖို့ကုန်ကြမ်းရတယ်... အဆိုးထဲက အကောင်းပဲ...