Jan 31, 2008

အိပ်မက်နဲ့ ဘဝ

တစ်နေ့နေ့ ဆိုတာကို
ပြက္ခဒိန်ထဲမှာ သေသေချာချာ
လက်ညှိုးထိုးပြလို့ မရမှန်းသိပေမယ့်
ငါတကယ်ကို မျှော်လင့်မိပါတယ်...။

မျှော်လင့်ချက်တွေ
တဖွဲဖွဲ ဆုတ်ခွာနေတဲ့
ငါ့အိပ်မက်ထဲမှာ
မင်းဟာ ငါ့ကို နောက်ဆုံးစွန့်ခွာမဲ့
နောက်ဆုံး မျှော်လင့်ချက်တစ်ခု များလားကွာ...။

မင်းသာ ငါ့ဘ၀ရဲ့
အိပ်မက်တစ်ခု ဖြစ်မယ်ဆိုရင်
တစ်သက်စာ မြင်မက်ချင်ပါတယ်
ချစ်သူ...။

တစ်ခုတော့ ပြောခဲ့မယ်ချစ်သူ
အိပ်မက်တွေနဲ့ အသက်ရှင်နေတဲ့
လူတစ်ယောက်ဟာ
အိပ်မက် မမက်တော့တဲ့ ညမှာ
သူ့ဘ၀ဟာ
ဆုံး....ခန်း....တိုင်.....ပါလိမ့်မယ်...။ ။

1 comment:

Anonymous said...

ဘ၀ရဲ့တင်စားချက်ကလည်း မြင့်လိုက်တာ။ စကားမစပ် လက်ဆောင်လေး ပါးခဲ့ချင်တယ်။

ကောင်းကင်ဟာ အပြောကျယ်တယ်
ပင်လယ်ဟာ နက်ရှိုင်းတယ်
ထပ်တူညီအဓိပ်ပယ် ဖွင့်ဆိုမတတ်လို့
ဘ၀ကိုတော့ ဒီအတိုင်းပဲထားလိုက်တယ်
ငါတို့ရေးခြယ်သမျှ .........
.........................
.........................


အဆက်ကို မရေးတော့ဘူး။

အားပေးလျက်ပါ။

အေးချမ်းသူ