Nov 25, 2007

Opposite...

I gave my heart
But
You took my proverties..

I show my love
But
You saw my money.....

I keep my faith
But
You brake your fate....!!

ABCDEFG

Do u know the meaning of ABCDEFG ????
A
Boy
Can
Do
Everything
For
Girl.....

.................
.................
Okay..let take the meaning in reverse GFEDCBA

Girls
Forgot
Everything, the boy had
Done........... and
Catch new
Boyfriend (Maybe "Bull")
Again.......................!

Note: Thanks Ko Zaw for this post !!!

My Game

Take my Hands and
Brake the fate.....!!

Lock the pain and
Shake the aims...!!

Kick the stress and
Kiss the checks.....!!

Close your eyes and
Feel the sky.........!!

Fire the fear and
Born the stars.....!!

These are the ways
I want to play..........!!

Nov 24, 2007

Veering into Paranoia

Damn..!!

Who should I care
If my sensitivity veering me into "Paranoia"....??

I dun asked nobody to stand beside me..
please...don't give any shit to me...
I apologize...!!!

Don't ask me what is the meaning of life...
I will not answer you as I don't have any life...
I don't need anyone to salvage me...!!

I hate my life
I hate myself
I hate you.....!!
I will not care you hate me or not...!!

Come on..!
I challenge you Mr. Fate...!!
I dun care how you can make me hurt or
How you can make my dreams up side down....!!

Maybe I am hanging my head down ...
It's not coz i afraid you...
I am just thinking how I can make your knees down...!!!

Let me say one thing at last...
Do remember..
Whatever...or
Whenever....
" I will never surrender" to you..&
.....................
.....................
.....................
"F**k You"....!!

အံချော်ခြင်း...

တကယ်ပါ....
သေသေချာချာ ပြန်ကြည့်တော့မှ
ငါ့လက်တွေတောင် သွေးစွန်းခဲ့ပြီပဲ....။


ငါဖန်တီးတဲ့ခဲ့ အိပ်မက်တစ်ခုဟာ
ဒီလိုမျိုး ဖြစ်မယ်မှန်းသာ သိရင်
အဲဒီ့ညကို ငါမအိပ်ခဲ့ပါဘူး.......။


မိသားစုကို စွန့်ခွာ
သူငယ်ချင်းတွေကို လက်ပြ
ချစ်သူကို ကျောခိုင်းခဲ့တဲ့ ရလဒ်က
ခံစားချက်မဲ့ နေ့ရက်တွေနဲ့
မျှော်လင့်ချက်မဲ့တဲ့ မနက်ဖြန်တွေလား....?


၁၉ ရာစု အိပ်ယာဝင် ပုံပြင်တွေနဲ့
၂၁ ရာစုကိုချော့သိပ်ဖို့ ကြိုးစားတာကတော့
ညံ့လွန်းတာပေါ့.....။

ရယ်စရာတွေ လာမပြောပါနဲ့ဗျာ
မလွတ်လပ်တဲ့ဘ၀မှာ
ချုပ်နှောင်တယ် ဆိုတဲ့စကားက
အဓိပ္ပါယ်ရှိပါ့မလား....။

တစ်ခုတော့သိထားလိုက်ပါ....။

ခေါင်းငုံထားတိုင်း ကြောက်တယ်လို့ မထင်ပါနဲ့
ကိုယ့်အောက်ခြေကိုသာ သတိထားပါ
သိပ်မကြာတော့ပါဘူး .....
အဖြေမှန်ကို သိလာရမှာပါ...။ ။

Nov 21, 2007

ယုံကြည်ချက်

ပြောပြလို့မရတဲ့ စကားလုံးတွေ
ရင်ထဲမှာရှိတယ်
မင်းကြည့်တတ်မယ်ဆိုရင်
ငါ့မျက်လုံးတွေကတစ်ဆင့် မြင်နိုင်ပါတယ်...။

ငါပြောချင်တယ် ဒါပေမယ့် မင်းနားမလည်မှာဆိုးတယ်
နှလုံးသားဘာသာစကားအတွက်
အဘိဓာန်တွေကို အားမကိုးပါနဲ့......။

ငါ့တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက်
ဗေဒင် မမေးပါနဲ့......။
ပြက္ခဒိန် မကြည့်ပါနဲ့.......။

နာရီတွေကို နောက်ပြန်လှည့်တိုင်း
အတိတ်ကို ပြန်သွားလို့ရမယ်မထင်ပါနဲ့.....။

တကယ်တော့.......
အသိဥာဏ် ရှိပါတယ်ဆိုတဲ့ လူသားတွေဟာ
သက်မဲ့တွေရဲ့ လှည့်စားမှုကို ခံနေရတာပါ....။

မစိုးရိမ်ပါနဲ့ ချစ်သူ
ဒါတွေအားလုံးကို ရင်ဆိုင်ဖို့အတွက်
မင်းအလုပ်သင့်ဆုံးအရာ တစ်ခုဘဲရှိပါတယ်....။

ငါ့လက်ကိုတွဲပါ....ချစ်သူ
စကားလုံးတွေနဲ့ ဝေးရာကို ပြေးကြမယ်
ပြီးရင်တော့ ငါတို့
....................
....................
ရင်ခုန်သံတွေနဲ့ပဲ စကားပြောကျတာပေါ့ကွာ...။

Damn!! I Miss That Place and Those Days So Much..

အခုတော့ ဒါတွေအားလုံးဟာ
ဒီပုံထဲကအတိုင်း
တကယ်ကို
လောင်......ကျွမ်း........ခဲ့ပါပြီ..။

Nov 20, 2007

တိုက်ပွဲ


ငါ့လက်ထဲက လွတ်ကျခဲ့တဲ့
အတိတ်တွေကို
"မနေ့က"ဆိုတာနဲ့အတူ
ငါ့အိပ်မက်ထဲမှာ မြုပ်နှံခဲ့လိုက်ပြီ
ဒီအချိန်မှာ ငါဘာကိုမှ ပြန်တမ်းတနေမှာ မဟုတ်တော့ဘူး.....။

အခုငါရပ်တည်နေတဲ့
"ပစ္စုပ္ပန်"ကို တကယ်အားနာတယ်ဆိုရင်
အနည်းဆုံး ကဗျာတစ်ပုဒ်တော့
မွေးဖွားပေးသင့်တာပေါ့........။

င့ါကိုစောင့်ကြိုနေတဲ့
"မနက်ဖြန်" တွေများစွာရှိပါလျက်နဲ့
ဘာဖြစ်လို့ ငါကိုယ်တိုင်က
"Hysteria" ဆိုတဲ့ စကားလုံးကိုမှ
အသေအလဲ ဖတ်တွယ်ထားချင်ရတာလဲ.....??

ဘ၀တစ်ခုလုံးကို ဖြတ်ကျော်ဖို့
ကိုယ့်ကိုယ်ကို အကောင်းဆုံး စကားတစ်လုံး
လက်ဆောင်ပေးလိုက်မယ်....
"ယောနိသော မနသိကာရ".......။

"၈" ပါးထဲရှိတဲ့ လောကဓံကို ရင်ဆိုင်ဖို့
ဘ၀တစ်ခုလုံး ထိုးအပ်စရာ မလိုပါဖူး....
"သတိပဌာန်" ဆိုတဲ့ စကားတစ်လုံးကို
တကယ်နားလည်ဖို့ပဲ လိုတယ်........။

ဒါတွေကိုလက်ခံပြီဆိုရင်
ကဲ.....
........စလိုက်ရအောင်
..........................
..........................
..........................
ဘ၀တိုက်ပွဲကို........။

Nov 19, 2007

အမြင်

ကိုယ်တိုင်မသေချာတဲ့အရာတွေအတွက်
ဘာဖြစ်လို့ သူများကိုမှ လက်ညှိုးထိုးခြင်ရတာလဲ?

သေချာတာကတော့ တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန် အပြစ်ပြောနေရုံနဲ့
စစ်မှန်တဲ့ အဖြေတစ်ခုတော့ ရလာမှာ မဟုတ်ဘူး....။

ကြည့်တတ်ရင်မြင်နိုင်ပါတယ်
လူတိုင်းမှာ "အကောင်း" နဲ့ "အဆိုး"
ဆိုတာကတော့ ဒွန်တွဲနေမှာဘဲ......။
ဘာဖြစ်လို့ ကိုယ့်ငါးချဉ်မှ ကိုယ်ချဉ်ခြင်နေကြရတာလဲ...?

ဖြတ်သန်းလာခဲ့တဲ့ ဘ၀အခြေအနေတွေ
ရရှိလာခဲ့တဲ့ အတွေ့အကြုံတွေနဲ့
မွေးရာပါဦးနှောက်ဟာ
သူများတွေပြောနေသမျှကို မျက်စိမှိတ်ပြီး
ခေါင်းလိုက်ငြိတ်နေဖို့ မဟုတ်ပါဘူး......။

နားထောင်ပါ..
စဉ်းစားပါ....
ဆင်ခြင်ပါ....
................ပြီးမှ
ဆုံးဖြတ်ပါ........။

ဒါပေမယ့်...
ဘေးထွက်ဆိုးကျိုးအဖြစ်
"နောင်တ" ဆိုတာကိုတော့
ဘယ်တော့မှ မရရှိကျပါစေနဲ့....။ ။

မဆုံးနိုင်သောအိပ်မက်

အိပ်မက်ဆိုးတွေမက်ခဲ့ရတဲ့
ငါ့ရဲ့ညတွေက
ရှည်လျှားလွန်းလှပါပြီ...။

ဒီအိပ်မက်တွေထဲက
ဘယ်တော့များ နိုးထခွင့်ရမလဲလို့
မျှော်လင့်ခဲ့ရတဲ့ ညတွေလည်း
မနည်းတော့ပါဖူး....။

ငါရွေးချယ်ခဲ့တာ မဟုတ်တဲ့ဒီလမ်းမှာ
ဘာလို့ငါ့က တရားခံဖြစ်နေရတာလဲ???

လူ့ဘ၀ရဲ့ အနှစ်သာရဆိုတာ
ဖြစ်သင့်တာတွေကို ဖြည့်ဆည်းပေးနေရုံနဲ့
့ပြည့်စုံပါ့မလား ???

ဖြတ်သန်းခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်မှာ
ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခု ပြန်မေးကြည့်တယ်
"ဘာတွေအတွက် အဆင်သင့်ဖြစ်ခဲ့ပြီလဲ???"

ငါ့ကိုယ်ငါ မှန်ထဲပြန်ကြည့်နေပါလျက်နဲ့
ဘာလို့ ငါ့ဝိဥာဉ်ကို ငါမမြင်ရတာလဲ...?
ငါကိုယ်တိုင် ဖြစ်တည်နေပါလျက်နဲ့
ဘာလို့ ငါ့ရပ်တည်မှုကေ၀၀ါးနေရတာလဲ???

ဒီမေးခွန်းတွေကို မေးတိုင်းကိုယ်တိုင်တောင်
မဖြေနိုင်ခဲ့တာ ...
ဘယ်သူကကောဖြေနိုင်ဦးမှာတဲ့လဲ????

ငါ့ခန္ဓာကို လွတ်လပ်ခွင့်ပေးပါ...
ငါ့ဝိဥာဉ်ကို နားခိုရာပေးပါ....
ငါ့ကျမ္မာကို ငါဖန်တီးခွင့်ပေးပါ....
ငါ့လမ်းကို ငါလျှောက်ခွင့်ပေးပါ...

ဒါတွေအကုန်လုံး မလိုက်လျောနိုင်ဖူးဆိုရင်တောင်
အနည်းဆုံးတော့....

.........................................
..........................
................
..........

ငါ့ကိုယ်ငါ သတ်သေခွင့်ပေးပါ......။ ။


Nov 15, 2007

တရားခံ


မနေ့ညက ကျွန်တော် အိပ်မက်တစ်ခု မက်ပါတယ်။ အဲဒီအိပ်မက်က ဘယ်လိုလဲဆိုတော့.......

အဲဒီ့အိပ်မက်ထဲမှာ ကျွန်တော့်ချစ်သူနှစ်ယောက် Cow Boy ၀တ်စုံကို သေသေချာချာ ကျကျနန ၀တ်ပြီး သေနတ်ခြင်းယှဉ် ပစ်ကျပါတယ်။ နေရာကတော့ ဆူးလေစေတီနားက လမ်းလယ်ခေါင်မှာပါ။ သူတို့နှစ် ယောက် အခုလိုသေနတ်ခြင်း ယှဉ်ပစ်ဖို့အထိဖြစ်လာတာ အဓိကတရားခံက ကျွန်တော်ပါ။

ပထမချစ်သူ : နင်ရှိလို့ မဖြစ်ဘူး နင်ကငါတို့ နှစ်ယောက်ရဲ့ အဓိကရန်သူဘဲ..။ နင့်ကြောင့် ငါတို့နှစ်
ယောက် စိတ်ဆင်းရဲရတယ်...။ ဒီတော့ ဒီနေ့ငါ နင့်ကို အပြတ်ရှင်းမှဖြစ်မယ်...။

ဒုတိယချစ်သူ : ဟုတ်တယ်...။ ငါ့အတွက်လည်းနင်ရှိနေလို့ မဖြစ်ဘူး.. နင့်ကြောင့်ငါတို့ အရမ်းခံစားခဲ့ရ
တယ်။ ငါလည်းနင့်ကို အရှင်မထားဘူး...။

ဟိုက်ပြသနာဘဲ...။ သူတို့ပုံစံတွေက တယယ်လုပ်ကျတော့မယ်ပုံတွေပါ....။

ပထမချစ်သူ : ကဲပြောနေတာကြာတယ် စလိုက်ရအောင် (၁) ကနေ (၃) အထိရေမယ်..okay လား ?

ဒုတိယချစ်သူ : လုပ်လိုက်လေကြာသလားလို့။

ပြိုင်ပွဲစပါပြီ...။ ၁....၂.....၃..... "ဒိုင်း........."။ သေနတ်ကနှစ်လက်ပါ ဒါပေမယ့်ပြိုင်တူ ပစ် လိုက်ကျတာမို့ အသံက တစ်သံတည်း ထွက်သွားပါတယ်.....။ ဒါပေမယ့်ထူးဆန်းတာ တစ်ခုက သူတို့နှစ် ယောက်မှာ တစ်ယောက်မှ ထိသွားခြင်း မရှိတာပါဘဲ (လွဲသွားကျလို့ မဟုတ်ပါဘူး သူတို့နှစ်ယောက်က တ ကယ်ကို လက်ဖြောင့် နာမည်ကြီးတွေပါ။ အထူးသဖြင့် လူတစ်ယောက်ရဲ့ ဘယ်ဘက်ရင်အုံကို ချိန်ပြီး ပစ်တဲ့ နေရာမှာ တကယ့်ကို ဆရာတွေပါ)။

ပထမချစ်သူ + ဒုတိယချစ်သူ : ကဲအခုတော့ဘာတတ်နိုင်သေးလဲ? ငါတို့နှစ်ယောက်ကို ဒီလောက်စိတ်ဆင်း
ရဲအောင်လုပ်ခဲတဲ့...အခုတော့ သေပြီမလား...??

အင်?? သူတို့နှစ်ယောက်စလုံး မသေဘူး..ဒါဆိုရှောသွားတာဘယ်သူလဲ?? အဲဒီ့အခါကျမှ ကျွန်တော်လဲ အလောင်းကို သေသေချာချာကြည့်လိုက်မိပါတယ်။

"ဟိုက် ! ဘယ်လိုတွေဖြစ်ကုန်ပါလိမ့်???" သွေးအိုင်ထဲတွင် ဆန့်ငင်ဆန့်ငင်ဖြင့် အသက်ထွက် သွားသူမှာ "ကျွန်တော်" ဖြစ်နေလေသည်။

အမှန်မှာတော့ သူတို့နှစ်ယောက်သည် တစ်ယောက်နဲ့ တစ်ယောက်သတ်ရန် သေနတ်ယှဉ် ပစ်ကျခြင်း မဟုတ်ပါဘူး...သူတို့နှစ်ယောက်ကို စိတ်ဆင်းရဲအောင် စိတ်ညစ်အောင် အမျိုးမျိုး အဖုံဖုံ အကြိမ်ကြိမ် နှိပ်စက်ခဲ့တဲ့ ကျွန်တော့်ရဲ့ ဘယ်ဘက်ရင်အုံက နှစ်လုံးသားကို ဘယ်သူက အရင်ထိအောင် ပစ်နိုင်မလဲ ဆိုပြီးတော့ ယှဉ်ပစ်ကျခြင်းသာ ဖြစ်ပါတော့သည်။

Appendix : ကျွန်တော်လည်း အိပ်ယာမှ လန့်နိုးလာပြီး အမှတ်တမဲ့ ကျွန်တော့ဘယ်ဘက်ရင်အုံကိုစမ်း
ကြည့်လိုက်ရာ တကယ်ပင် ကျွန်တော့ ရင်ခုန်သံ သေဆုံးသွားပြီ ဖြစ်ကြောင်း ထူးဆန်းစွာတွေ့ရှိလိုက်ရလေ သည်။






အမိန့်


ငါမင်းရဲ့ရှေ့မှာ ဒူးထောက်ထားပါတယ်
မင်းဖွင့်ခဲ့တဲ့ အချစ်, စစ်မျက်နှာပြင်မှာ
ငါ့ရဲ့ "သည်းခံမှု" နဲ့ "မာန" တပ်သားတွေ
အတုံအရုံး ကျဆုံးခဲ့ပြီးပါပြီ........။

ငါ့ကိုလည်း အနူးညံ့ဆုံးအဖြစ်....
သေဒဏ်ချမှတ်ပါ။

ဒါမှမဟုတ်
မင်းနှလုံးသား...မင်းအပြုံး...မင်းနှုတ်ခမ်းတွေနဲ့
အဝေးဆုံးဖြစ်မယ့် နေရာတစ်ခုကို
တစ်သက်စာ.....
ပြည်နှင်ဒဏ်သာ ပေးလိုက်ပါ ချစ်သူ....။

အသနားခံလွှာ


အားလုံးကို ငါအရှုံးပေးပါတယ်
ငါ့ကို အနိုင်ယူလှည့်ကြပါ......။

အားလုံးကို ငါဦးညွှတ်ပါတယ်
ငါ့ခေါင်းကို နင်းသွားကြပါ.....။

အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်
ငါ့မျက်နှာကို တံတွေးနဲ့ ထွေးကြပါ....။

But...

ငါ့ကိုတော့ ဘယ်တော့မှ မလိမ်ပါနဲ့.....။

Nov 14, 2007

ကျွန်တော်နှင့် အပိုင်းအစများ

ည...........အလွမ်း...အတိတ်........Cegratte..............လမ်းပျောက်ခြင်း........Illusion.....ခံစားချက်........ ဆူညံသံ............အိမ်...........မျှော်လင့်ချက်...အရောင်လွင့်ခြင်း.............အထင်လွဲမှု.........ဝေဒနာ......... ..............မရေရာခြင်း......နားလည်မှု.............သူရဲကောင်း.....Sex.....အမှောင်........မောဟ...အိပ်မက်.. Stress.......ချစ်သူ.....YYN......ကျရှုံးမှု.........ကဗျာ........Whiskey.......အမှန်တရား.....နောင်တ.......... Coffee....... ဂုဏ်ဒြပ်...အချိန်.............ဂစ်တာတစ်လက်.........လူ့အခွင့်အရေး........Black T-Shirt....... ........အောင်မြင်မှု...........Drug.........သေခြင်းတရား......အလွဲသုံးစားမှု........."မင်းင့ါကို လိမ်တယ်"......နားလည်ပါးရိုက်ခြင်း.......... လမ်းဆုံ.......Choice???......နွား.......အဆိပ်.....Democracy....မနက်ဖြန် ..... .......တန်ပြန်သက်ရောက်မှု.......Hysteria........ စကားလုံး.....Revenge.. "ကျွန်မကို ခွင့်လွှတ်ပါ".............နောက်ဆုံး.................မျက်ရည်။

အောင်စာရင်း

ဘာသာရပ်.................................. ရမှတ်

နားလည်ပေးနှိင်မှု......................... ၈၅%(ဂုဏ်ထူး)
သည်းခံပေးနိုင်မှု........................... ၉၀%(ဂုဏ်ထူး)
ဂရုစိုက်၊ အချိန်ပေးနိုင်မှု.................. ၉၅%(ဂုဏ်ထူး)
သစ္စာရှိနိုင်မှု................................ ၉၈%(ဂုဏ်ထူး)
ငွေကြေးပြည့်စုံမှု........................... ၃၉%(ကျရှုံး)
.....................................................................
အမှတ်ပေါင်း................................ ၄၀၇ မှတ်

မှတ်ချက်။ ။ ဤကျောင်းသားသည် "မိန်းကလေးတစ်ယောက်၏ ရာသက်ပန်လက်တွဲဖော် ၀င်ခွင့်" တွင် (၄) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာကျရှုံးသည်။

မှ
ထုတ်ပြန်ချက်။ ။ အမျိုးသမီးများဆိုင်ရာ ရာသက်ပန်လက်တွဲဖော် ၀င်ခွင့် စစ်ဆေးရေးကော်မတီ။



Nov 12, 2007

ကျွန်တော့်အမည်မှန် (အရူးဘုံမြောက်)

အရင်ကလူတွေလည်း
ငါ့ကိုလိမ်တယ်...
အခု
မင်းလည်းငါ့ကိုလိမ်တယ်....။

ကန္တာရထဲက ငါ့ဘအတွက်
OASIS တစ်ခုကိုတွေ့ခဲ့တယ် ထင်တာ..
တကယ်တော့ငါ တွေ့ခဲ့တာက တံလျပ်တွေဘဲ....။

ငါကိုက ဆောက်သုံးမကျတာပါ
ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်လို့
အခုတော့
ငါ့ဦးနှောက်က ငါ့နှလုံးသားကို မေးနေပြီ....
"ကဲ...ဘယ်လိုလဲ?" တဲ့....။

အခုမှငါသိရတယ်.......။

တကယ်တော့
ငါဟာ
ကိုယ့်ကိုယ်ကို ဘုံမြှောက်ပြီး
ကိုယ့်ဘာသာ ဘုံမြောက်နေတဲ့
အရူးဆိုတာ....။ ။

Nov 10, 2007

လွတ်လပ်ရေး

ငါနဲ့
ငါ့အရိပ်နဲ့
စစ်ဖြစ်တယ်...။

ငါ့နှလုံးသားက
ငါ့ဦးနှောက်ကို
လှည့်စားတယ်....။

ငါ့အတွေးက
ငါ့ရဲ့ ဆင်ခြင်ဥာဏ်ကို
ခြိမ်ခြောက်တယ်.....။

ငါ့အိပ်မက်တွေက
ငါ့ညတွေကို
တိုက်ခိုက်တယ်.....။

အာရုံငါးပါး ပေါင်းပြီး
ဆဌမအာရုံကို
စစ်ဆင်တယ်......။

ငါ့ရဲ့မာနက တရားလိုလုပ်
အတ္တက တရားသူကြီးလုပ်ပြီး
အမှန်တရားကို ကားစင်တင်တယ်.....။

ငါ့ဝိဥာဉ်က ငါ့ခန္ဓာကို
လွတ်လပ်ရေး တောင်းတယ်...။

ဒီလိုနဲ့.....
နောက်ဆုံးတော့
ငါ့ဝိဥာဉ်က ငါ့ခန္ဓာကို......။

စွန့်.........ခွာ........တယ်.......။

သတ်ပုံ

ကံကြမ္မာရယ်
တစ်ခါတစ်လေတော့လည်း
ငါ့အတွက် ကံကောင်းမှုတွေ ပေးလှည့်ပါအုံး.....။

ငါ့နှလုံးသားဟာ
အချစ်စစ်မြေပြင်မှာ
ကျဆုံးခဲ့ပေါင်း မနည်းတော့ဘူး......။

အရာရာပြည့်စုံခဲ့တဲ့
ငါ့ဘ၀မှာ
အချစ်ဆိုတာ ငါ့အတွက်
တစ်ခုတည်းသော ကျိန်စာများလား....?

တကယ်တော့
အချစ်ဆိုတာ
စာလုံးပေါင်းပြစရာ မလိုပါဘူး...
ဒါပေမယ့်
ငါကတော့.....
အကြိမ်ကြိမ် သတ်ပုံမှားခဲ့သူပါ.....။ ။

အရှုံး

အိပ်မက်တွေထဲက
အကြိမ်ကြိမ် ထွက်ပြေးဖို့
ကြိုးစားရ.....။

အတိတ်တွေထဲက
အကြိမ်ကြိမ် ရုန်းထွက်ဖို့
ကြိုးစားရ......။

အစွဲအလန်းတွေထဲက
အကြိမ်ကြိမ် ဖောက်ထွက်ဖို့
ကြိုးစားရ......။

အနာဂတ်တွေထဲမှာ
အကြိမ်ကြိမ် အသက်ဆက်ရှင်ဖို့
ကြိုးစားရ......။

နောက်ဆုံးတော့လဲ
ငါဘဲ အကြိမ်ကြိမ်
လဲကျခဲ့တယ်......။ ။

Nov 8, 2007

လက်ဆောင်

မငိုပါနဲ့ကွာ....
မင်းငိုရင် ငါအန်ခြင်လွန်းလို့။

မသိမှာစိုးလို့ ပြောလိုက်အုံးမယ်...
ဟိုတနေ့က မင်းခြေဆေးခဲ့တာ
မိုးရွာလို့ ရေတင်နေတဲ့ ရေအိုင်မဟုတ်ဘူး...
အဲဒါ ငါ့မျက်ရည်တွေ...။

သေချာတာပေါ့
မင်းစခဲ့တဲ့ အမှုတွဲမှာ...
နောက်ဆုံး ငါဘဲ
ကြိုးစင် တက်ရမယ်ဆိုတာ....။

ထားလိုက်ပါ
အတိတ်ကဖြစ်ရပ်တွေ
ဘာမှပြန်မပြောတတ်တဲ့
ကံကြမ္မာကိုဘဲ အပြစ်ဖို့ကျပါစို့.....။

ခွဲခွာမှု အမှတ်တရအဖြစ်
လက်ဆောင်တစ်ခု ပေးလိုက်မယ်
လိုရမယ်ရပေါ့....။

ဘ၀နဲ့ အပြည့်
သယ်သွားလိုက်ပါ....
ငါ့ရဲ့ အညှိုးတွေ.........။ ။

အိပ်မက် နှင့် ကဗျာ တရားစီရင်ခန်း

တရားသူကြီး : ကဲ မောင်အိပ်မက် မင်းက အရင်စပြော….။
အိပ်မက် : ကျွန်တော့်ရဲ့ ခံစားချက်(အိပ်မက်)တွေကို “ကဗျာ” ကခိုးသွားလို့ပါ….။
တရားသူကြီး : မင်းက သူခိုးသွားတယ်လို့ ဘာကြောင့် ပြောနိုင်ရတာလဲ….. ?
အိပ်မက် : သူရဲ့ ကဗျာတိုင်းမှာ ကျွန်တော့်ခံစားချက် (အိပ်မက်) တွေပါနေလို့ပါ…။

တရားသူကြီး : သူပြောတာ အမှန်ဘဲလားကွ…..?
ကဗျာ : မဟုတ်ပါဘူး ခင်ဗျ..သူသာကျွန်တော့ နာမည်(ကဗျာ)ကို အလွဲသုံးစားလုပ်တာပါ။
တရားသူကြီး : မင်းက ဘယ်လိုသက်သေပြနိုင်လို့လဲ……?
ကဗျာ : သူက သူ့အိပ်မက်တိုင်းကို ကျွန်တော့နာမည်(ကဗျာ)လို့တပ်ပြီး Post တွေတင်လို့ပါ။

ထွက်ဆိုချက်များကို သေချာစွာစစ်ဆေးနားထောင်ပြီးသောအခါ တရားသူကြီးသည် ခေါင်းကိုဖြေးညှင်း စွာငြိတ်ပြီး အောက်ပါ သမိုင်းဝင်ဆုံး ဖြတ်ချက်ကို ပြတ်သားစွာ ချမှတ်လိုက်လေသည်……..။

တရားသူကြီး :သက်သေများ၏ ထွက်ဆိုချက်များအရ ပိုင်ဆိုင်မှုများ ကိုယ်ဆီကိုယ်ငှ မှန်ကန်နေခြင်း၊ရာဇ၀တ်

မှုအား အတူတကွ ကျူးလွန်ခြင်းများကို ထင်ရှားစွာတွေ့ရှိရခြင်း တို့ကြောင့် နောင်တွင်ထို
သို့သော မသင့်မြတ်မှုများ ထပ်မံမပေါ်ပေါက်စေရန် အောက်ပါအမိန့်အားချမှတ်လိုက်သည်။

တရားသူကြီး : အမိန့်…။ ယနေ့မှစ၍ “ကဗျာ” နှင့် “အိပ်မက်” တို့သည် မိမိတို့၏ အပြစ်များကို
ကိုယ်စီပေးဆပ်သည့် အနေဖြင့်.."လူသားတို့၏ နှလုံးသားအား ကမ္ဘာဆုံးသည့် အချိန်
အထိ တစ်ယောက်တစ်ခြမ်းစီ ပင်ပန်းစွာ ထမ်းရွက်ထားစေ…..။"

စာရေးသူ။ ။ ကျွန်တော်လည်းသူတို့အမှုထဲ ပါမှာစိုးလို့ အခုတင်တဲ့ Post ကို ကဗျာ (သို့)အိပ်မက်
လို့ Lable မထိုးရဲတာနဲ့….. Eassy….လို့ဘဲ သုံးနှုန်းလိုက်ရပါကြောင်း…….

Nov 6, 2007

အိပ်မက်ဆိုး

"ဟား....သွေးတွေ....သွေးတွေ....."
ကျွန်တော့်ရှေ့မှာ လူသတ်မှုတစ်ခုကို မျက်ဝါး ထင်ထင်မြင်တွေ့နေ ရသည်။ လူသတ်မှုဖြစ်သည့် နေရာတွင် လူတွေ ၀ိုင်အုံပြီးကြည့်နေကျသည်...။ လူတစ်ယောက်၏ နောက်ဆုံးဇာတ်သိမ်းခန်းကို အပေါစား မျက်လှည့်ပွဲ တစ်ခုလိုဝိုင်းအုံပြီး ကြည့်နေကျသည်..။ ထင်ရာမြင်ရာ ဝေဖန်ချက်တွေပေးပြီး ကောလဟာလ အမျိုးမျိုး ထုတ်လွှင့်ဖို့ ကျိုးစားနေကျသည်...။
"နေပါဦး ဒီလူ့ကို ဘယ်သူသတ်သွားတာလဲ ? "
"ဒီလူ့ကို သတ်သွားတဲ့ လူနာမည်က "ဖောက်ပြန်သူ" ဆိုလားဘဲဗျ.."
ဒီစကားသံတွေကို ကျွန်တော်မကြားခြင်ပေမယ့်.....ကြားဖြစ်အောင်...... ကြားလိုက်ရသေးတယ်......
ထားလိုက်ပါ....ကျွန်တော်နဲ့ မဆိုင်ပါဘူး...ကျွန်တော်ကိုယ့်လမ်းကိုဘဲ ကိုယ်ဆက်လျှောက်ခဲ့ပါတယ်...။

"မငိုပါနဲ့ကွာ သေတဲ့သူက သေသွားပြီဘဲ..." ဟုပြောကာ....
ကြေကွဲစွာဖြင့်ငိုနေသော (သို့မဟုတ်) ကြေကွဲစွာဖြင့် ငိုချင်ယောင်ဆောင်နေသော....ကျွန်တော့်ချစ်သူ (သို့မဟုတ်) ကျွန်တော်ချစ်ခဲ့ဖူးသည် ဟု ထင်ရသူ (သို့မဟုတ်) ကျွန်တော့်ကို အလွန်ချစ်ခဲ့သူ (သို့မဟုတ်) ကျွန်တော့်ကို အလွန်ချစ်ပါတယ် ဟု လိမ်ညာခဲ့သူ ....အမည်ခံအားဖြင့် "ကျွန်တော့ချစ်သူ" အား ဖြေသိမ့်သလို လို နှင့် ယောက်ကျားတစ်ယောက်က အနက်ရောင် Sticker အပြည့်ကပ်ထားသော ကားတစ်စီးပေါ်မှာ ပြော နေတဲ့အသံကို ကျွန်တော်ကြားလိုက်ရတယ်...
မကြာခင်မှာဘဲ အဲဒီ့ကားဟာ အနက်ရောင်မျက်နှာဖုံးတပ်ထားတဲ့ နာမည်ကြီး Hotel တစ်ခုထဲသို့ မောင်းဝင် သွားတာကို ကျွန်တော်....... မြင်ဖြစ်အောင်........မြင်လိုက်ပါတယ်.....။
ထားလိုက်ပါ....ကျွန်တော်နဲ့ မဆိုင်ပါဘူး....ကျွန်တော်ကိုယ့်လမ်းကိုဘဲ ဆက်လျှောက်ခဲ့ပါတယ်...။

"ကဲဘယ်လိုလဲ...မင်းသိချင်တာတွေသိခဲ့ရပြီမလား?"
"မဟုတ်ဘူး...ကျွန်တော်သိပြီးသားတွေကို သေချာအောင်သွားကြည့်တာ...."
"ဒါဆိုလဲ သွားကြစို့ကွာ...အချိန်လည်း နှောင်းလှပြီ။ ဟိုမှာလည်း မင်းအလာကို စောင့်နေကျတဲ့သူတွေလည်း မျှော်နေလောက်ပြီ..."
"ကောင်းပြီဗျာ...ဒါဆိုလည်းသွားကျတာပေါ့...ဒါပေမယ့်ခင်ဗျားကို မသွားခင် ကျွန်တော်တစ်ခု တော့ တောင်းဆိုပါရစေ...နောက်ဘ၀ကျရင် ကျွန်တော့်ကို ဒီလိုအိပ်မက်မျိုး ဘယ်တော့မှပေး မမက်ပါနဲ့တော့ ဗျာ..."
"အေးပါကွာ......" ဟုသက်ပြင်းချရင်း..........."အိပ်မက်မင်း" က ကတိပေးလေသည်....။

ပြန်ဆုံခြင်း

"ဒုတ်"....
လမ်းလျှောက်လာရင်း တစ်စုံတစ်ခုဖြင့် ခလုတ်တိုက်မိခြင်းဖြစ်သည်...။ ညကမှောင်နေသောကြောင့် ဘာနှင့်တိုက်မိမှန်းကို ကျွန်တော်သေသေချာချာ မမြင်ရပါ...။ ဒါပေမယ့်ထူးဆန်းတာတစ်ခုက ကျွန်တော်အဲဒီ့ ဘာမှန်းမသိတဲ့ အရာကို ခြေထောက်နဲ့ တိုက်မိပါလျက် ခြေထောက်က မနာဘဲ...ကျွန်တော့ ဘယ်ဘက်ရင်အုံ ထဲကနာလာလေသည်က တော်တော်ကို ထူးဆန်းနေသည်..။
ထိုအခါမှ ကျွန်တော်ခလုတ်တိုက်မိတဲ့ အရာလေးကို သေသေချာချာကြည့်မိလိုက်တယ်...။
"အား..ပါး...."
ဘယ်ဘက်ရင်အုံကနာမှာပေါ့...ကျွန်တော်ခလုတ်တိုက်မိလိုက်သောအရာလေးသည်....ခဲလုံးတစ်လုံး မဟုတ်ဘဲ...ဘယ်အချိန်က ဘယ်နေရာမှာ ဘယ်လိုကျ ပျောက်သွားမှန်း မသိသော ကျွန်တော့် "နှလုံးသား" ဖြစ်နေသည်ကိုး.....။

ကျွန်တော် နှင့် "ထွက်ခွာသွားသူများ"

လောကကြီး : မင်းငါ့ကို ဘယ်လိုမြင်လဲ ?
ကျွန်တော် : ဒီလိုပါဘဲ....။
လောကကြီးက ကျွန်တော့်ကို ဘုကြည့် ကြည့် ပြီး ကျွန်တော့်ထံမှ ထွက်ခွာသွားသည်..။

ဆရာ : မင်းငါ့ကို ဘယ်လိုမြင်လဲ ?
ကျွန်တော် : ဒီလိုပါဘဲ...။
ဆရာက ကျွန်တော့်ကို မကျေနပ်သည့် အကြည့်တစ်ချက်နဲ့ ကြည့်ပြီး လှည့်ထွက်သွားသည်..။

သူငယ်ချင်း : မင်းငါ့ကို ဘယ်လိုမြင်လဲ?
ကျွန်တော် : ဒီလိုပါဘဲ....။
ကျွန်တော့်သူငယ်ချင်းက ကျွန်တော့ကို လက်ပြနှုတ်ဆက်သွားသည်....။

ချစ်သူ : ရှင်ကျွန်မကိုဘယ်လိုမြင်လဲ?
ကျွန်တော် : ဒီလိုပါဘဲ....။
သူကျွန်တော့ နှလုံးသားကို တံတွေးဖြင့်ထွေးကာ လမ်းခွဲသွားသည်.....။

ကျွန်တော် : မင်း ငါ့ကိုဘယ်လိုမြင်လဲ ?
ကျွန်တော် : ဒီလိုပါဘဲ...။
ထိုနေ့မှ စ၍ ကျွန်တော်သည့် ကျွန်တော့ ထံမှ ရာသက်ပန် ထွက်ခွာသွားလေသည်.....။

ပြိုင်ပွဲ

တကယ်တမ်းချစ်ကျ ကြေးဆို
ငါက မင်းထက်
သံယောဇဉ်တစ်ခုပိုတယ်....။
တကယ်တမ်း မျှော်လင့်ကျ ကြေးဆို
ငါက မင်းထက်
အိပ်မက်တစ်ခုပိုတယ်.......။
တကယ်တမ်းလွမ်းကျ ကြေးဆို
ငါက မင်းထက်
မျက်ရည်တစ်စက်ပိုတယ်....။
ဒါပေမယ့်...
တကယ်တမ်း လမ်းခွဲကျ ကြေးဆိုရင်တော့
မင်းက ငါ့ထက်
ခြေတစ်လှမ်းပိုပါတယ်ကွာ.....။