Jan 5, 2008

ကဗျာဆိုတာ...

ကဗျာဆိုတာ
ခံစားချက်မှာ မြစ်ဖျားခံတဲ့
မြစ်တစ်စင်း...

ကဗျာဆိုတာ
နှလုံးသားက စီးဆင်းလာတဲ့
သံစဉ်တစ်ခု...

ကဗျာဆိုတာ
ချစ်သူရဲ့ ဥယျာဉ်မှာ ပွင့်ဖူးတဲ့
ပန်းတစ်ပွင့်...

ကဗျာဆိုတာ
အလွမ်းညတွေမှာ မြင်မက်တဲ့
အိပ်မက်တစ်ခု...

ကဗျာဆိုတာ
လမိုက်ညတွေမှာ ထွန်းလင်းတဲ့
ကြယ်တစ်စင်း...

ကဗျာဆိုတာ
သူရဲကောင်းတွေ ကိုင်စွဲတဲ့
ဓားတစ်လက်...

ကဗျာဆိုတာ
ခံစားတတ်သူတွေ စားသုံးတဲ့
အားဆေးတစ်ခွက်....။ ။