Nov 25, 2007

Opposite...

I gave my heart
But
You took my proverties..

I show my love
But
You saw my money.....

I keep my faith
But
You brake your fate....!!

ABCDEFG

Do u know the meaning of ABCDEFG ????
A
Boy
Can
Do
Everything
For
Girl.....

.................
.................
Okay..let take the meaning in reverse GFEDCBA

Girls
Forgot
Everything, the boy had
Done........... and
Catch new
Boyfriend (Maybe "Bull")
Again.......................!

Note: Thanks Ko Zaw for this post !!!

My Game

Take my Hands and
Brake the fate.....!!

Lock the pain and
Shake the aims...!!

Kick the stress and
Kiss the checks.....!!

Close your eyes and
Feel the sky.........!!

Fire the fear and
Born the stars.....!!

These are the ways
I want to play..........!!

Nov 24, 2007

Veering into Paranoia

Damn..!!

Who should I care
If my sensitivity veering me into "Paranoia"....??

I dun asked nobody to stand beside me..
please...don't give any shit to me...
I apologize...!!!

Don't ask me what is the meaning of life...
I will not answer you as I don't have any life...
I don't need anyone to salvage me...!!

I hate my life
I hate myself
I hate you.....!!
I will not care you hate me or not...!!

Come on..!
I challenge you Mr. Fate...!!
I dun care how you can make me hurt or
How you can make my dreams up side down....!!

Maybe I am hanging my head down ...
It's not coz i afraid you...
I am just thinking how I can make your knees down...!!!

Let me say one thing at last...
Do remember..
Whatever...or
Whenever....
" I will never surrender" to you..&
.....................
.....................
.....................
"F**k You"....!!

အံချော်ခြင်း...

တကယ်ပါ....
သေသေချာချာ ပြန်ကြည့်တော့မှ
ငါ့လက်တွေတောင် သွေးစွန်းခဲ့ပြီပဲ....။


ငါဖန်တီးတဲ့ခဲ့ အိပ်မက်တစ်ခုဟာ
ဒီလိုမျိုး ဖြစ်မယ်မှန်းသာ သိရင်
အဲဒီ့ညကို ငါမအိပ်ခဲ့ပါဘူး.......။


မိသားစုကို စွန့်ခွာ
သူငယ်ချင်းတွေကို လက်ပြ
ချစ်သူကို ကျောခိုင်းခဲ့တဲ့ ရလဒ်က
ခံစားချက်မဲ့ နေ့ရက်တွေနဲ့
မျှော်လင့်ချက်မဲ့တဲ့ မနက်ဖြန်တွေလား....?


၁၉ ရာစု အိပ်ယာဝင် ပုံပြင်တွေနဲ့
၂၁ ရာစုကိုချော့သိပ်ဖို့ ကြိုးစားတာကတော့
ညံ့လွန်းတာပေါ့.....။

ရယ်စရာတွေ လာမပြောပါနဲ့ဗျာ
မလွတ်လပ်တဲ့ဘ၀မှာ
ချုပ်နှောင်တယ် ဆိုတဲ့စကားက
အဓိပ္ပါယ်ရှိပါ့မလား....။

တစ်ခုတော့သိထားလိုက်ပါ....။

ခေါင်းငုံထားတိုင်း ကြောက်တယ်လို့ မထင်ပါနဲ့
ကိုယ့်အောက်ခြေကိုသာ သတိထားပါ
သိပ်မကြာတော့ပါဘူး .....
အဖြေမှန်ကို သိလာရမှာပါ...။ ။

Nov 21, 2007

ယုံကြည်ချက်

ပြောပြလို့မရတဲ့ စကားလုံးတွေ
ရင်ထဲမှာရှိတယ်
မင်းကြည့်တတ်မယ်ဆိုရင်
ငါ့မျက်လုံးတွေကတစ်ဆင့် မြင်နိုင်ပါတယ်...။

ငါပြောချင်တယ် ဒါပေမယ့် မင်းနားမလည်မှာဆိုးတယ်
နှလုံးသားဘာသာစကားအတွက်
အဘိဓာန်တွေကို အားမကိုးပါနဲ့......။

ငါ့တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက်
ဗေဒင် မမေးပါနဲ့......။
ပြက္ခဒိန် မကြည့်ပါနဲ့.......။

နာရီတွေကို နောက်ပြန်လှည့်တိုင်း
အတိတ်ကို ပြန်သွားလို့ရမယ်မထင်ပါနဲ့.....။

တကယ်တော့.......
အသိဥာဏ် ရှိပါတယ်ဆိုတဲ့ လူသားတွေဟာ
သက်မဲ့တွေရဲ့ လှည့်စားမှုကို ခံနေရတာပါ....။

မစိုးရိမ်ပါနဲ့ ချစ်သူ
ဒါတွေအားလုံးကို ရင်ဆိုင်ဖို့အတွက်
မင်းအလုပ်သင့်ဆုံးအရာ တစ်ခုဘဲရှိပါတယ်....။

ငါ့လက်ကိုတွဲပါ....ချစ်သူ
စကားလုံးတွေနဲ့ ဝေးရာကို ပြေးကြမယ်
ပြီးရင်တော့ ငါတို့
....................
....................
ရင်ခုန်သံတွေနဲ့ပဲ စကားပြောကျတာပေါ့ကွာ...။

Damn!! I Miss That Place and Those Days So Much..

အခုတော့ ဒါတွေအားလုံးဟာ
ဒီပုံထဲကအတိုင်း
တကယ်ကို
လောင်......ကျွမ်း........ခဲ့ပါပြီ..။

Nov 20, 2007

တိုက်ပွဲ


ငါ့လက်ထဲက လွတ်ကျခဲ့တဲ့
အတိတ်တွေကို
"မနေ့က"ဆိုတာနဲ့အတူ
ငါ့အိပ်မက်ထဲမှာ မြုပ်နှံခဲ့လိုက်ပြီ
ဒီအချိန်မှာ ငါဘာကိုမှ ပြန်တမ်းတနေမှာ မဟုတ်တော့ဘူး.....။

အခုငါရပ်တည်နေတဲ့
"ပစ္စုပ္ပန်"ကို တကယ်အားနာတယ်ဆိုရင်
အနည်းဆုံး ကဗျာတစ်ပုဒ်တော့
မွေးဖွားပေးသင့်တာပေါ့........။

င့ါကိုစောင့်ကြိုနေတဲ့
"မနက်ဖြန်" တွေများစွာရှိပါလျက်နဲ့
ဘာဖြစ်လို့ ငါကိုယ်တိုင်က
"Hysteria" ဆိုတဲ့ စကားလုံးကိုမှ
အသေအလဲ ဖတ်တွယ်ထားချင်ရတာလဲ.....??

ဘ၀တစ်ခုလုံးကို ဖြတ်ကျော်ဖို့
ကိုယ့်ကိုယ်ကို အကောင်းဆုံး စကားတစ်လုံး
လက်ဆောင်ပေးလိုက်မယ်....
"ယောနိသော မနသိကာရ".......။

"၈" ပါးထဲရှိတဲ့ လောကဓံကို ရင်ဆိုင်ဖို့
ဘ၀တစ်ခုလုံး ထိုးအပ်စရာ မလိုပါဖူး....
"သတိပဌာန်" ဆိုတဲ့ စကားတစ်လုံးကို
တကယ်နားလည်ဖို့ပဲ လိုတယ်........။

ဒါတွေကိုလက်ခံပြီဆိုရင်
ကဲ.....
........စလိုက်ရအောင်
..........................
..........................
..........................
ဘ၀တိုက်ပွဲကို........။

Nov 19, 2007

အမြင်

ကိုယ်တိုင်မသေချာတဲ့အရာတွေအတွက်
ဘာဖြစ်လို့ သူများကိုမှ လက်ညှိုးထိုးခြင်ရတာလဲ?

သေချာတာကတော့ တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန် အပြစ်ပြောနေရုံနဲ့
စစ်မှန်တဲ့ အဖြေတစ်ခုတော့ ရလာမှာ မဟုတ်ဘူး....။

ကြည့်တတ်ရင်မြင်နိုင်ပါတယ်
လူတိုင်းမှာ "အကောင်း" နဲ့ "အဆိုး"
ဆိုတာကတော့ ဒွန်တွဲနေမှာဘဲ......။
ဘာဖြစ်လို့ ကိုယ့်ငါးချဉ်မှ ကိုယ်ချဉ်ခြင်နေကြရတာလဲ...?

ဖြတ်သန်းလာခဲ့တဲ့ ဘ၀အခြေအနေတွေ
ရရှိလာခဲ့တဲ့ အတွေ့အကြုံတွေနဲ့
မွေးရာပါဦးနှောက်ဟာ
သူများတွေပြောနေသမျှကို မျက်စိမှိတ်ပြီး
ခေါင်းလိုက်ငြိတ်နေဖို့ မဟုတ်ပါဘူး......။

နားထောင်ပါ..
စဉ်းစားပါ....
ဆင်ခြင်ပါ....
................ပြီးမှ
ဆုံးဖြတ်ပါ........။

ဒါပေမယ့်...
ဘေးထွက်ဆိုးကျိုးအဖြစ်
"နောင်တ" ဆိုတာကိုတော့
ဘယ်တော့မှ မရရှိကျပါစေနဲ့....။ ။

မဆုံးနိုင်သောအိပ်မက်

အိပ်မက်ဆိုးတွေမက်ခဲ့ရတဲ့
ငါ့ရဲ့ညတွေက
ရှည်လျှားလွန်းလှပါပြီ...။

ဒီအိပ်မက်တွေထဲက
ဘယ်တော့များ နိုးထခွင့်ရမလဲလို့
မျှော်လင့်ခဲ့ရတဲ့ ညတွေလည်း
မနည်းတော့ပါဖူး....။

ငါရွေးချယ်ခဲ့တာ မဟုတ်တဲ့ဒီလမ်းမှာ
ဘာလို့ငါ့က တရားခံဖြစ်နေရတာလဲ???

လူ့ဘ၀ရဲ့ အနှစ်သာရဆိုတာ
ဖြစ်သင့်တာတွေကို ဖြည့်ဆည်းပေးနေရုံနဲ့
့ပြည့်စုံပါ့မလား ???

ဖြတ်သန်းခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်မှာ
ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခု ပြန်မေးကြည့်တယ်
"ဘာတွေအတွက် အဆင်သင့်ဖြစ်ခဲ့ပြီလဲ???"

ငါ့ကိုယ်ငါ မှန်ထဲပြန်ကြည့်နေပါလျက်နဲ့
ဘာလို့ ငါ့ဝိဥာဉ်ကို ငါမမြင်ရတာလဲ...?
ငါကိုယ်တိုင် ဖြစ်တည်နေပါလျက်နဲ့
ဘာလို့ ငါ့ရပ်တည်မှုကေ၀၀ါးနေရတာလဲ???

ဒီမေးခွန်းတွေကို မေးတိုင်းကိုယ်တိုင်တောင်
မဖြေနိုင်ခဲ့တာ ...
ဘယ်သူကကောဖြေနိုင်ဦးမှာတဲ့လဲ????

ငါ့ခန္ဓာကို လွတ်လပ်ခွင့်ပေးပါ...
ငါ့ဝိဥာဉ်ကို နားခိုရာပေးပါ....
ငါ့ကျမ္မာကို ငါဖန်တီးခွင့်ပေးပါ....
ငါ့လမ်းကို ငါလျှောက်ခွင့်ပေးပါ...

ဒါတွေအကုန်လုံး မလိုက်လျောနိုင်ဖူးဆိုရင်တောင်
အနည်းဆုံးတော့....

.........................................
..........................
................
..........

ငါ့ကိုယ်ငါ သတ်သေခွင့်ပေးပါ......။ ။


Nov 15, 2007

တရားခံ


မနေ့ညက ကျွန်တော် အိပ်မက်တစ်ခု မက်ပါတယ်။ အဲဒီအိပ်မက်က ဘယ်လိုလဲဆိုတော့.......

အဲဒီ့အိပ်မက်ထဲမှာ ကျွန်တော့်ချစ်သူနှစ်ယောက် Cow Boy ၀တ်စုံကို သေသေချာချာ ကျကျနန ၀တ်ပြီး သေနတ်ခြင်းယှဉ် ပစ်ကျပါတယ်။ နေရာကတော့ ဆူးလေစေတီနားက လမ်းလယ်ခေါင်မှာပါ။ သူတို့နှစ် ယောက် အခုလိုသေနတ်ခြင်း ယှဉ်ပစ်ဖို့အထိဖြစ်လာတာ အဓိကတရားခံက ကျွန်တော်ပါ။

ပထမချစ်သူ : နင်ရှိလို့ မဖြစ်ဘူး နင်ကငါတို့ နှစ်ယောက်ရဲ့ အဓိကရန်သူဘဲ..။ နင့်ကြောင့် ငါတို့နှစ်
ယောက် စိတ်ဆင်းရဲရတယ်...။ ဒီတော့ ဒီနေ့ငါ နင့်ကို အပြတ်ရှင်းမှဖြစ်မယ်...။

ဒုတိယချစ်သူ : ဟုတ်တယ်...။ ငါ့အတွက်လည်းနင်ရှိနေလို့ မဖြစ်ဘူး.. နင့်ကြောင့်ငါတို့ အရမ်းခံစားခဲ့ရ
တယ်။ ငါလည်းနင့်ကို အရှင်မထားဘူး...။

ဟိုက်ပြသနာဘဲ...။ သူတို့ပုံစံတွေက တယယ်လုပ်ကျတော့မယ်ပုံတွေပါ....။

ပထမချစ်သူ : ကဲပြောနေတာကြာတယ် စလိုက်ရအောင် (၁) ကနေ (၃) အထိရေမယ်..okay လား ?

ဒုတိယချစ်သူ : လုပ်လိုက်လေကြာသလားလို့။

ပြိုင်ပွဲစပါပြီ...။ ၁....၂.....၃..... "ဒိုင်း........."။ သေနတ်ကနှစ်လက်ပါ ဒါပေမယ့်ပြိုင်တူ ပစ် လိုက်ကျတာမို့ အသံက တစ်သံတည်း ထွက်သွားပါတယ်.....။ ဒါပေမယ့်ထူးဆန်းတာ တစ်ခုက သူတို့နှစ် ယောက်မှာ တစ်ယောက်မှ ထိသွားခြင်း မရှိတာပါဘဲ (လွဲသွားကျလို့ မဟုတ်ပါဘူး သူတို့နှစ်ယောက်က တ ကယ်ကို လက်ဖြောင့် နာမည်ကြီးတွေပါ။ အထူးသဖြင့် လူတစ်ယောက်ရဲ့ ဘယ်ဘက်ရင်အုံကို ချိန်ပြီး ပစ်တဲ့ နေရာမှာ တကယ့်ကို ဆရာတွေပါ)။

ပထမချစ်သူ + ဒုတိယချစ်သူ : ကဲအခုတော့ဘာတတ်နိုင်သေးလဲ? ငါတို့နှစ်ယောက်ကို ဒီလောက်စိတ်ဆင်း
ရဲအောင်လုပ်ခဲတဲ့...အခုတော့ သေပြီမလား...??

အင်?? သူတို့နှစ်ယောက်စလုံး မသေဘူး..ဒါဆိုရှောသွားတာဘယ်သူလဲ?? အဲဒီ့အခါကျမှ ကျွန်တော်လဲ အလောင်းကို သေသေချာချာကြည့်လိုက်မိပါတယ်။

"ဟိုက် ! ဘယ်လိုတွေဖြစ်ကုန်ပါလိမ့်???" သွေးအိုင်ထဲတွင် ဆန့်ငင်ဆန့်ငင်ဖြင့် အသက်ထွက် သွားသူမှာ "ကျွန်တော်" ဖြစ်နေလေသည်။

အမှန်မှာတော့ သူတို့နှစ်ယောက်သည် တစ်ယောက်နဲ့ တစ်ယောက်သတ်ရန် သေနတ်ယှဉ် ပစ်ကျခြင်း မဟုတ်ပါဘူး...သူတို့နှစ်ယောက်ကို စိတ်ဆင်းရဲအောင် စိတ်ညစ်အောင် အမျိုးမျိုး အဖုံဖုံ အကြိမ်ကြိမ် နှိပ်စက်ခဲ့တဲ့ ကျွန်တော့်ရဲ့ ဘယ်ဘက်ရင်အုံက နှစ်လုံးသားကို ဘယ်သူက အရင်ထိအောင် ပစ်နိုင်မလဲ ဆိုပြီးတော့ ယှဉ်ပစ်ကျခြင်းသာ ဖြစ်ပါတော့သည်။

Appendix : ကျွန်တော်လည်း အိပ်ယာမှ လန့်နိုးလာပြီး အမှတ်တမဲ့ ကျွန်တော့ဘယ်ဘက်ရင်အုံကိုစမ်း
ကြည့်လိုက်ရာ တကယ်ပင် ကျွန်တော့ ရင်ခုန်သံ သေဆုံးသွားပြီ ဖြစ်ကြောင်း ထူးဆန်းစွာတွေ့ရှိလိုက်ရလေ သည်။






အမိန့်


ငါမင်းရဲ့ရှေ့မှာ ဒူးထောက်ထားပါတယ်
မင်းဖွင့်ခဲ့တဲ့ အချစ်, စစ်မျက်နှာပြင်မှာ
ငါ့ရဲ့ "သည်းခံမှု" နဲ့ "မာန" တပ်သားတွေ
အတုံအရုံး ကျဆုံးခဲ့ပြီးပါပြီ........။

ငါ့ကိုလည်း အနူးညံ့ဆုံးအဖြစ်....
သေဒဏ်ချမှတ်ပါ။

ဒါမှမဟုတ်
မင်းနှလုံးသား...မင်းအပြုံး...မင်းနှုတ်ခမ်းတွေနဲ့
အဝေးဆုံးဖြစ်မယ့် နေရာတစ်ခုကို
တစ်သက်စာ.....
ပြည်နှင်ဒဏ်သာ ပေးလိုက်ပါ ချစ်သူ....။

အသနားခံလွှာ


အားလုံးကို ငါအရှုံးပေးပါတယ်
ငါ့ကို အနိုင်ယူလှည့်ကြပါ......။

အားလုံးကို ငါဦးညွှတ်ပါတယ်
ငါ့ခေါင်းကို နင်းသွားကြပါ.....။

အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်
ငါ့မျက်နှာကို တံတွေးနဲ့ ထွေးကြပါ....။

But...

ငါ့ကိုတော့ ဘယ်တော့မှ မလိမ်ပါနဲ့.....။

Nov 14, 2007

ကျွန်တော်နှင့် အပိုင်းအစများ

ည...........အလွမ်း...အတိတ်........Cegratte..............လမ်းပျောက်ခြင်း........Illusion.....ခံစားချက်........ ဆူညံသံ............အိမ်...........မျှော်လင့်ချက်...အရောင်လွင့်ခြင်း.............အထင်လွဲမှု.........ဝေဒနာ......... ..............မရေရာခြင်း......နားလည်မှု.............သူရဲကောင်း.....Sex.....အမှောင်........မောဟ...အိပ်မက်.. Stress.......ချစ်သူ.....YYN......ကျရှုံးမှု.........ကဗျာ........Whiskey.......အမှန်တရား.....နောင်တ.......... Coffee....... ဂုဏ်ဒြပ်...အချိန်.............ဂစ်တာတစ်လက်.........လူ့အခွင့်အရေး........Black T-Shirt....... ........အောင်မြင်မှု...........Drug.........သေခြင်းတရား......အလွဲသုံးစားမှု........."မင်းင့ါကို လိမ်တယ်"......နားလည်ပါးရိုက်ခြင်း.......... လမ်းဆုံ.......Choice???......နွား.......အဆိပ်.....Democracy....မနက်ဖြန် ..... .......တန်ပြန်သက်ရောက်မှု.......Hysteria........ စကားလုံး.....Revenge.. "ကျွန်မကို ခွင့်လွှတ်ပါ".............နောက်ဆုံး.................မျက်ရည်။

အောင်စာရင်း

ဘာသာရပ်.................................. ရမှတ်

နားလည်ပေးနှိင်မှု......................... ၈၅%(ဂုဏ်ထူး)
သည်းခံပေးနိုင်မှု........................... ၉၀%(ဂုဏ်ထူး)
ဂရုစိုက်၊ အချိန်ပေးနိုင်မှု.................. ၉၅%(ဂုဏ်ထူး)
သစ္စာရှိနိုင်မှု................................ ၉၈%(ဂုဏ်ထူး)
ငွေကြေးပြည့်စုံမှု........................... ၃၉%(ကျရှုံး)
.....................................................................
အမှတ်ပေါင်း................................ ၄၀၇ မှတ်

မှတ်ချက်။ ။ ဤကျောင်းသားသည် "မိန်းကလေးတစ်ယောက်၏ ရာသက်ပန်လက်တွဲဖော် ၀င်ခွင့်" တွင် (၄) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာကျရှုံးသည်။

မှ
ထုတ်ပြန်ချက်။ ။ အမျိုးသမီးများဆိုင်ရာ ရာသက်ပန်လက်တွဲဖော် ၀င်ခွင့် စစ်ဆေးရေးကော်မတီ။



Nov 12, 2007

ကျွန်တော့်အမည်မှန် (အရူးဘုံမြောက်)

အရင်ကလူတွေလည်း
ငါ့ကိုလိမ်တယ်...
အခု
မင်းလည်းငါ့ကိုလိမ်တယ်....။

ကန္တာရထဲက ငါ့ဘအတွက်
OASIS တစ်ခုကိုတွေ့ခဲ့တယ် ထင်တာ..
တကယ်တော့ငါ တွေ့ခဲ့တာက တံလျပ်တွေဘဲ....။

ငါကိုက ဆောက်သုံးမကျတာပါ
ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်လို့
အခုတော့
ငါ့ဦးနှောက်က ငါ့နှလုံးသားကို မေးနေပြီ....
"ကဲ...ဘယ်လိုလဲ?" တဲ့....။

အခုမှငါသိရတယ်.......။

တကယ်တော့
ငါဟာ
ကိုယ့်ကိုယ်ကို ဘုံမြှောက်ပြီး
ကိုယ့်ဘာသာ ဘုံမြောက်နေတဲ့
အရူးဆိုတာ....။ ။

Nov 10, 2007

လွတ်လပ်ရေး

ငါနဲ့
ငါ့အရိပ်နဲ့
စစ်ဖြစ်တယ်...။

ငါ့နှလုံးသားက
ငါ့ဦးနှောက်ကို
လှည့်စားတယ်....။

ငါ့အတွေးက
ငါ့ရဲ့ ဆင်ခြင်ဥာဏ်ကို
ခြိမ်ခြောက်တယ်.....။

ငါ့အိပ်မက်တွေက
ငါ့ညတွေကို
တိုက်ခိုက်တယ်.....။

အာရုံငါးပါး ပေါင်းပြီး
ဆဌမအာရုံကို
စစ်ဆင်တယ်......။

ငါ့ရဲ့မာနက တရားလိုလုပ်
အတ္တက တရားသူကြီးလုပ်ပြီး
အမှန်တရားကို ကားစင်တင်တယ်.....။

ငါ့ဝိဥာဉ်က ငါ့ခန္ဓာကို
လွတ်လပ်ရေး တောင်းတယ်...။

ဒီလိုနဲ့.....
နောက်ဆုံးတော့
ငါ့ဝိဥာဉ်က ငါ့ခန္ဓာကို......။

စွန့်.........ခွာ........တယ်.......။

သတ်ပုံ

ကံကြမ္မာရယ်
တစ်ခါတစ်လေတော့လည်း
ငါ့အတွက် ကံကောင်းမှုတွေ ပေးလှည့်ပါအုံး.....။

ငါ့နှလုံးသားဟာ
အချစ်စစ်မြေပြင်မှာ
ကျဆုံးခဲ့ပေါင်း မနည်းတော့ဘူး......။

အရာရာပြည့်စုံခဲ့တဲ့
ငါ့ဘ၀မှာ
အချစ်ဆိုတာ ငါ့အတွက်
တစ်ခုတည်းသော ကျိန်စာများလား....?

တကယ်တော့
အချစ်ဆိုတာ
စာလုံးပေါင်းပြစရာ မလိုပါဘူး...
ဒါပေမယ့်
ငါကတော့.....
အကြိမ်ကြိမ် သတ်ပုံမှားခဲ့သူပါ.....။ ။

အရှုံး

အိပ်မက်တွေထဲက
အကြိမ်ကြိမ် ထွက်ပြေးဖို့
ကြိုးစားရ.....။

အတိတ်တွေထဲက
အကြိမ်ကြိမ် ရုန်းထွက်ဖို့
ကြိုးစားရ......။

အစွဲအလန်းတွေထဲက
အကြိမ်ကြိမ် ဖောက်ထွက်ဖို့
ကြိုးစားရ......။

အနာဂတ်တွေထဲမှာ
အကြိမ်ကြိမ် အသက်ဆက်ရှင်ဖို့
ကြိုးစားရ......။

နောက်ဆုံးတော့လဲ
ငါဘဲ အကြိမ်ကြိမ်
လဲကျခဲ့တယ်......။ ။

Nov 8, 2007

လက်ဆောင်

မငိုပါနဲ့ကွာ....
မင်းငိုရင် ငါအန်ခြင်လွန်းလို့။

မသိမှာစိုးလို့ ပြောလိုက်အုံးမယ်...
ဟိုတနေ့က မင်းခြေဆေးခဲ့တာ
မိုးရွာလို့ ရေတင်နေတဲ့ ရေအိုင်မဟုတ်ဘူး...
အဲဒါ ငါ့မျက်ရည်တွေ...။

သေချာတာပေါ့
မင်းစခဲ့တဲ့ အမှုတွဲမှာ...
နောက်ဆုံး ငါဘဲ
ကြိုးစင် တက်ရမယ်ဆိုတာ....။

ထားလိုက်ပါ
အတိတ်ကဖြစ်ရပ်တွေ
ဘာမှပြန်မပြောတတ်တဲ့
ကံကြမ္မာကိုဘဲ အပြစ်ဖို့ကျပါစို့.....။

ခွဲခွာမှု အမှတ်တရအဖြစ်
လက်ဆောင်တစ်ခု ပေးလိုက်မယ်
လိုရမယ်ရပေါ့....။

ဘ၀နဲ့ အပြည့်
သယ်သွားလိုက်ပါ....
ငါ့ရဲ့ အညှိုးတွေ.........။ ။

အိပ်မက် နှင့် ကဗျာ တရားစီရင်ခန်း

တရားသူကြီး : ကဲ မောင်အိပ်မက် မင်းက အရင်စပြော….။
အိပ်မက် : ကျွန်တော့်ရဲ့ ခံစားချက်(အိပ်မက်)တွေကို “ကဗျာ” ကခိုးသွားလို့ပါ….။
တရားသူကြီး : မင်းက သူခိုးသွားတယ်လို့ ဘာကြောင့် ပြောနိုင်ရတာလဲ….. ?
အိပ်မက် : သူရဲ့ ကဗျာတိုင်းမှာ ကျွန်တော့်ခံစားချက် (အိပ်မက်) တွေပါနေလို့ပါ…။

တရားသူကြီး : သူပြောတာ အမှန်ဘဲလားကွ…..?
ကဗျာ : မဟုတ်ပါဘူး ခင်ဗျ..သူသာကျွန်တော့ နာမည်(ကဗျာ)ကို အလွဲသုံးစားလုပ်တာပါ။
တရားသူကြီး : မင်းက ဘယ်လိုသက်သေပြနိုင်လို့လဲ……?
ကဗျာ : သူက သူ့အိပ်မက်တိုင်းကို ကျွန်တော့နာမည်(ကဗျာ)လို့တပ်ပြီး Post တွေတင်လို့ပါ။

ထွက်ဆိုချက်များကို သေချာစွာစစ်ဆေးနားထောင်ပြီးသောအခါ တရားသူကြီးသည် ခေါင်းကိုဖြေးညှင်း စွာငြိတ်ပြီး အောက်ပါ သမိုင်းဝင်ဆုံး ဖြတ်ချက်ကို ပြတ်သားစွာ ချမှတ်လိုက်လေသည်……..။

တရားသူကြီး :သက်သေများ၏ ထွက်ဆိုချက်များအရ ပိုင်ဆိုင်မှုများ ကိုယ်ဆီကိုယ်ငှ မှန်ကန်နေခြင်း၊ရာဇ၀တ်

မှုအား အတူတကွ ကျူးလွန်ခြင်းများကို ထင်ရှားစွာတွေ့ရှိရခြင်း တို့ကြောင့် နောင်တွင်ထို
သို့သော မသင့်မြတ်မှုများ ထပ်မံမပေါ်ပေါက်စေရန် အောက်ပါအမိန့်အားချမှတ်လိုက်သည်။

တရားသူကြီး : အမိန့်…။ ယနေ့မှစ၍ “ကဗျာ” နှင့် “အိပ်မက်” တို့သည် မိမိတို့၏ အပြစ်များကို
ကိုယ်စီပေးဆပ်သည့် အနေဖြင့်.."လူသားတို့၏ နှလုံးသားအား ကမ္ဘာဆုံးသည့် အချိန်
အထိ တစ်ယောက်တစ်ခြမ်းစီ ပင်ပန်းစွာ ထမ်းရွက်ထားစေ…..။"

စာရေးသူ။ ။ ကျွန်တော်လည်းသူတို့အမှုထဲ ပါမှာစိုးလို့ အခုတင်တဲ့ Post ကို ကဗျာ (သို့)အိပ်မက်
လို့ Lable မထိုးရဲတာနဲ့….. Eassy….လို့ဘဲ သုံးနှုန်းလိုက်ရပါကြောင်း…….

Nov 6, 2007

အိပ်မက်ဆိုး

"ဟား....သွေးတွေ....သွေးတွေ....."
ကျွန်တော့်ရှေ့မှာ လူသတ်မှုတစ်ခုကို မျက်ဝါး ထင်ထင်မြင်တွေ့နေ ရသည်။ လူသတ်မှုဖြစ်သည့် နေရာတွင် လူတွေ ၀ိုင်အုံပြီးကြည့်နေကျသည်...။ လူတစ်ယောက်၏ နောက်ဆုံးဇာတ်သိမ်းခန်းကို အပေါစား မျက်လှည့်ပွဲ တစ်ခုလိုဝိုင်းအုံပြီး ကြည့်နေကျသည်..။ ထင်ရာမြင်ရာ ဝေဖန်ချက်တွေပေးပြီး ကောလဟာလ အမျိုးမျိုး ထုတ်လွှင့်ဖို့ ကျိုးစားနေကျသည်...။
"နေပါဦး ဒီလူ့ကို ဘယ်သူသတ်သွားတာလဲ ? "
"ဒီလူ့ကို သတ်သွားတဲ့ လူနာမည်က "ဖောက်ပြန်သူ" ဆိုလားဘဲဗျ.."
ဒီစကားသံတွေကို ကျွန်တော်မကြားခြင်ပေမယ့်.....ကြားဖြစ်အောင်...... ကြားလိုက်ရသေးတယ်......
ထားလိုက်ပါ....ကျွန်တော်နဲ့ မဆိုင်ပါဘူး...ကျွန်တော်ကိုယ့်လမ်းကိုဘဲ ကိုယ်ဆက်လျှောက်ခဲ့ပါတယ်...။

"မငိုပါနဲ့ကွာ သေတဲ့သူက သေသွားပြီဘဲ..." ဟုပြောကာ....
ကြေကွဲစွာဖြင့်ငိုနေသော (သို့မဟုတ်) ကြေကွဲစွာဖြင့် ငိုချင်ယောင်ဆောင်နေသော....ကျွန်တော့်ချစ်သူ (သို့မဟုတ်) ကျွန်တော်ချစ်ခဲ့ဖူးသည် ဟု ထင်ရသူ (သို့မဟုတ်) ကျွန်တော့်ကို အလွန်ချစ်ခဲ့သူ (သို့မဟုတ်) ကျွန်တော့်ကို အလွန်ချစ်ပါတယ် ဟု လိမ်ညာခဲ့သူ ....အမည်ခံအားဖြင့် "ကျွန်တော့ချစ်သူ" အား ဖြေသိမ့်သလို လို နှင့် ယောက်ကျားတစ်ယောက်က အနက်ရောင် Sticker အပြည့်ကပ်ထားသော ကားတစ်စီးပေါ်မှာ ပြော နေတဲ့အသံကို ကျွန်တော်ကြားလိုက်ရတယ်...
မကြာခင်မှာဘဲ အဲဒီ့ကားဟာ အနက်ရောင်မျက်နှာဖုံးတပ်ထားတဲ့ နာမည်ကြီး Hotel တစ်ခုထဲသို့ မောင်းဝင် သွားတာကို ကျွန်တော်....... မြင်ဖြစ်အောင်........မြင်လိုက်ပါတယ်.....။
ထားလိုက်ပါ....ကျွန်တော်နဲ့ မဆိုင်ပါဘူး....ကျွန်တော်ကိုယ့်လမ်းကိုဘဲ ဆက်လျှောက်ခဲ့ပါတယ်...။

"ကဲဘယ်လိုလဲ...မင်းသိချင်တာတွေသိခဲ့ရပြီမလား?"
"မဟုတ်ဘူး...ကျွန်တော်သိပြီးသားတွေကို သေချာအောင်သွားကြည့်တာ...."
"ဒါဆိုလဲ သွားကြစို့ကွာ...အချိန်လည်း နှောင်းလှပြီ။ ဟိုမှာလည်း မင်းအလာကို စောင့်နေကျတဲ့သူတွေလည်း မျှော်နေလောက်ပြီ..."
"ကောင်းပြီဗျာ...ဒါဆိုလည်းသွားကျတာပေါ့...ဒါပေမယ့်ခင်ဗျားကို မသွားခင် ကျွန်တော်တစ်ခု တော့ တောင်းဆိုပါရစေ...နောက်ဘ၀ကျရင် ကျွန်တော့်ကို ဒီလိုအိပ်မက်မျိုး ဘယ်တော့မှပေး မမက်ပါနဲ့တော့ ဗျာ..."
"အေးပါကွာ......" ဟုသက်ပြင်းချရင်း..........."အိပ်မက်မင်း" က ကတိပေးလေသည်....။

ပြန်ဆုံခြင်း

"ဒုတ်"....
လမ်းလျှောက်လာရင်း တစ်စုံတစ်ခုဖြင့် ခလုတ်တိုက်မိခြင်းဖြစ်သည်...။ ညကမှောင်နေသောကြောင့် ဘာနှင့်တိုက်မိမှန်းကို ကျွန်တော်သေသေချာချာ မမြင်ရပါ...။ ဒါပေမယ့်ထူးဆန်းတာတစ်ခုက ကျွန်တော်အဲဒီ့ ဘာမှန်းမသိတဲ့ အရာကို ခြေထောက်နဲ့ တိုက်မိပါလျက် ခြေထောက်က မနာဘဲ...ကျွန်တော့ ဘယ်ဘက်ရင်အုံ ထဲကနာလာလေသည်က တော်တော်ကို ထူးဆန်းနေသည်..။
ထိုအခါမှ ကျွန်တော်ခလုတ်တိုက်မိတဲ့ အရာလေးကို သေသေချာချာကြည့်မိလိုက်တယ်...။
"အား..ပါး...."
ဘယ်ဘက်ရင်အုံကနာမှာပေါ့...ကျွန်တော်ခလုတ်တိုက်မိလိုက်သောအရာလေးသည်....ခဲလုံးတစ်လုံး မဟုတ်ဘဲ...ဘယ်အချိန်က ဘယ်နေရာမှာ ဘယ်လိုကျ ပျောက်သွားမှန်း မသိသော ကျွန်တော့် "နှလုံးသား" ဖြစ်နေသည်ကိုး.....။

ကျွန်တော် နှင့် "ထွက်ခွာသွားသူများ"

လောကကြီး : မင်းငါ့ကို ဘယ်လိုမြင်လဲ ?
ကျွန်တော် : ဒီလိုပါဘဲ....။
လောကကြီးက ကျွန်တော့်ကို ဘုကြည့် ကြည့် ပြီး ကျွန်တော့်ထံမှ ထွက်ခွာသွားသည်..။

ဆရာ : မင်းငါ့ကို ဘယ်လိုမြင်လဲ ?
ကျွန်တော် : ဒီလိုပါဘဲ...။
ဆရာက ကျွန်တော့်ကို မကျေနပ်သည့် အကြည့်တစ်ချက်နဲ့ ကြည့်ပြီး လှည့်ထွက်သွားသည်..။

သူငယ်ချင်း : မင်းငါ့ကို ဘယ်လိုမြင်လဲ?
ကျွန်တော် : ဒီလိုပါဘဲ....။
ကျွန်တော့်သူငယ်ချင်းက ကျွန်တော့ကို လက်ပြနှုတ်ဆက်သွားသည်....။

ချစ်သူ : ရှင်ကျွန်မကိုဘယ်လိုမြင်လဲ?
ကျွန်တော် : ဒီလိုပါဘဲ....။
သူကျွန်တော့ နှလုံးသားကို တံတွေးဖြင့်ထွေးကာ လမ်းခွဲသွားသည်.....။

ကျွန်တော် : မင်း ငါ့ကိုဘယ်လိုမြင်လဲ ?
ကျွန်တော် : ဒီလိုပါဘဲ...။
ထိုနေ့မှ စ၍ ကျွန်တော်သည့် ကျွန်တော့ ထံမှ ရာသက်ပန် ထွက်ခွာသွားလေသည်.....။

ပြိုင်ပွဲ

တကယ်တမ်းချစ်ကျ ကြေးဆို
ငါက မင်းထက်
သံယောဇဉ်တစ်ခုပိုတယ်....။
တကယ်တမ်း မျှော်လင့်ကျ ကြေးဆို
ငါက မင်းထက်
အိပ်မက်တစ်ခုပိုတယ်.......။
တကယ်တမ်းလွမ်းကျ ကြေးဆို
ငါက မင်းထက်
မျက်ရည်တစ်စက်ပိုတယ်....။
ဒါပေမယ့်...
တကယ်တမ်း လမ်းခွဲကျ ကြေးဆိုရင်တော့
မင်းက ငါ့ထက်
ခြေတစ်လှမ်းပိုပါတယ်ကွာ.....။

Oct 29, 2007

လက်ဆောင်

ငါ့ရင်ဘတ်ကိုနင်းပြီးမှ
မင်းလိုရာခရီးကို ရောက်မယ်ဆိုရင်
နင်းသွားလိုက်ပါ…။
ငါ့ရဲ့နှလုံးသားကိုမှ
ခြေသုတ်ခုံလုပ်ချင်တယ်ဆိုရင်
မင်းရဲ့မင်္ဂလာဆောင်မှာ
လက်ဖွဲ့အဖြစ် ငါပေးလိုက်ပါ့မယ်…။
ငါ့မျက်ရည်ကိုမှ
မင်းခြေဆေးချင်တယ်ဆိုရင်
ငါ့ဘ၀နဲ့အပြည့်
မျက်ရည်မိုးတွေ ငါရွာချပေးပါ့မယ်….။
ဒါပေမယ့်…
ငါ့ကိုဘယ်တော့မှတော့
မလိမ်ပါနဲ့……။ ။

တောင်းပန်ခြင်း

ငါ့ရင်ကို
မင်းရဲ့
မထေမဲ့မြင် အပြုံးတွေနဲ့
မခွဲပါနဲ့….။ ။
ငါ့ဘ၀ကို
မင်းရဲ့
အရွဲ့တိုက်တဲ့ အပြုအမှုတွေနဲ့
မနင်းချေပါနဲ့….။ ။
ဒီလိုဘဲ…
ငါ့မေတ္တာကို
မင်းရဲ့
ဖောက်ပြန်မှုတွေနဲ့
မတုန့်ပြန်ပါနဲ့ ကွာ…။ ။
ဘာလို့လဲဆိုတော့
ငါဟာလူတစ်ယောက်ကို
အကောင်းဆုံး နားလည်ပေးနိုင်သလို
အဆိုးဆုံးလည်း လက်စားချေတတ်တဲ့
လူတစ်ယောက် ဖြစ်နေလို့ပါ
ချစ်သူ….။ ။

အလိုတော်အတိုင်း....


မောင်နဲ့ပတ်သတ်လာရင် အမြဲတမ်း အပေါ်စီးကနေခြင်တယ်ဆိုတာ ဒါမျိုးကို ပြောတာမလား "ချစ်လေး"....?

WHO IS SQUEEZING OUR WORLD????


အတူတူပါဘဲ

YOUR MONEY OR YOUR LIFE????

လူ့သဘော သဘာဝ


သေတာတောင်မှ....


ညီမျှခြင်း...




ဒီလိုနိုင်ငံမျိုးမြင်ဖူးသလိုဘဲ....











အကြိုက်ခြင်းမတူပုံကတော့....




ကဗျာဟူသည်

ကဗျာဆိုတာ
လူတစ်ယောက်ရဲ့
ခံစားချက်ပါ....။
တနည်းအားဖြင့်......
လူတစ်ယောက်ရဲ့
သွေးကြောထဲမှာ စီးဆင်းနေတဲ့
ခံစားချက်တွေပေါ့....။
ဒီလိုဆိုရင်....?
ကဗျာကိုခံစားတတ်တဲ့သူ....
ကဗျာကိုနားလည်တတ်တဲ့သူဟာ.....
သေချာတယ်....။
လူအချင်းချင်း
နားလည်မှုပေးနိုင်တဲ့သူ
မျှဝေခံစားတတ်တဲ့သူပဲပေါ့ကွာ......။ ။

Oct 27, 2007

ကဗျာဆရာ

မင်းကို
သတိရတိုင်းသာ
ငါ
ကဗျာတွေ ရေးရမယ်ဆိုရင်
အခုလောက်ဆို ငါလည်း
ကဗျာဆရာ ဖြစ်နေလောက်ပြီ....။ ။

လောကမှာ ဖြစ်တတ်တဲ့ သဘောတရားများ

Oct 26, 2007

အဝေးရောက် ကန်တော့ခြင်း

မွေးသမိခင် ကျွေးဖခင်နှင့်
တတ်သင့်ပညာ အရာရာကို
သင်ကြားပို့ချ ပြသခဲ့သော
မြတ်သည့်ဆရာ အဖြာဖြာအား
ဝေးတစ်နေရာ မိုင်ရာထောင်မှ
ဝပ်တွားဦးချ ကန်တော့ပါ၏။

နိုင်ငံအကျိုး အမျိုးဘာသာ
သာသနာအတွက် ကိုယ်ကျိုးမဖတ်
ကြိုးစားဆောင်ရွက် အသက်ဆက်ကာ
ထမ်းဆောင်ကာဖြင့်
မိဘကျေးဇူး ဆရာ့ဂုဏ်ထူးအား
ဆပ်မည်ဖြစ်ကြောင်း...။ ။

Note : သီတင်းကျွတ်လပြည့်နေ့တွင် ကျွန်တော်ကဲ့သို့ ကိုယ်ချစ်သောမိဘ ဆရာသမားများနှင့် ခွဲခွာနေကြရသော သူငယ်များအားလုံးအတွက်...(၂၆.၁၀.၂၀၀၇)




အမေရိကန် စစ်ဗိုလ်ချုပ်ကြီး မက်အာသာရဲ့ ဆုတောင်း

အမေရိကန် စစ်ဗိုလ်ချုပ်ကြီး မက်အာသာရဲ့ ဆုတောင်း
အို.. ဘုရားသခင် ကျွန်ုပ်ကို သားတစ်ယောက် ဖန်ဆင်းပေးတော်မူပါ။ သူအင်အားချည့်နဲ့နေတဲ့အချိန်မှာ သူ့ကိုသူသိအောင် ကြံ့ ခိုင်သန်စွမ်းတဲ့သားမျိုး၊ သူကြောက်ရွံ့ တုန်လှုပ်နေတဲ့အချိန်မှာ သူ့ကိုသူ ရင်ဆိုင်နိုင်အောင် ရဲ စွမ်းသတ္တိနဲ့ ပြည့်ဝတဲ့သားမျိုး။
ရိုးရိုးသားသား ရှုံးနိမ့်သွားတဲ့အခါမျိုးမှာ ကျေနပ်စွာလက်ခံပြီး ဘယ်တော့မှ ဦးမညွှတ်တဲ့သားမျိုး၊ အောင်မြင် မှုသရဖူ ဆောင်းနိုင်တဲ့အခါမျိုးမှာလည်း ကိုယ့်ကိုယ်ကို နှိမ့်ချပြီး သိမ်မွေ့ တဲ့သားမျိုး၊ ကိုယ့်အတွက်(ကိုယ့်ဆန္ဒကိုသာ) သိတဲ့သူမျိုးမဟုတ်ဘဲ တစ်ခြားသူကိုပါ(တစ်ခြားသူရဲ့ ဆန္ဒကိုပါ) သိတဲ့သားမျိုး ပညာဗဟုသုတ အခြေခံကလေးအတွက်တော့ သူ့ကိုသူ သိစေချင်ပါတယ်။
သက်သောင့်သက်သာနဲ့ သာယာတဲ့ဘ၀မှာ၊ ရေသာခို အချောင်လိုက်တဲ့ လမ်းမျိုးမှာ မလျှောက်လှမ်းစေချင်ပါဘူး။ အခက်အခဲ အကြပ်အတည်းတွေ၊ ဖိစီးမှုတွေ၊ စိန်ခေါ်မှုတွေ၊ ဆူးညှောင့်တွေ ပြည့်နေတဲ့ လမ်းမျိုးမှာသာ လျှောက်လှမ်းစေချင်တယ်။
ဘ၀မုန်တိုင်းထဲမှာ ကြံ့ ကြံ့ ခံနိုင်အောင် လေ့လာသင်ယူပါစေ။ ဘ၀မှာ ရှုံးနိမ့်သွားတဲ့သူတွေအတွက် သနားကြင် နာစိတ်ရှိအောင် လေ့လာသင်ယူပါစေ။
ကြည်လင်ပြီး အပြစ်ကင်းစင်တဲ့ နှလံးသားပိုင်ရှင်သားမျိုး၊ ရည်မှန်းချက် မြင့်မြင့်မားမား ထားရှိတဲ့ သားမျိုး၊ တခြား သူတွေအပေါ်မှာ ကွပ်ကဲခွင့် မရခင်မှာ သူ့ကိုသူ ပိုင်နိုင်စွာ ကွပ်ကဲထိန်းသိမ်းနိုင်တဲ့ သားမျိုး၊ ရည်မှန်းချက် အနာဂတ်ပန်းတိုင်ကို ရောက်ရှိသည့်တိုင်အောင် ကုန်လွန်ခဲ့တဲ့အတိတ်ကို မမေ့တဲ့(ဘ၀မမေ့တဲ့) သားမျိုးကိုဖန်ဆင်းပေးတော်မူပါ။
အဲဒါတွေ ပြည့်စုံသွားရင် ဟာသဥာဏ်ကလေးကိုပါ ဖြည့်စွက်စေချင်ပါတယ်။ ဒါမှ သူဟာ အသည်းအသန်ဖြစ်စေတဲ့ ဘယ်လိုကိစ္စမျိုးမဆို တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံနိုင် ဖြေရှင်းနိုင်မှာပါ။
မိမိကိုယ်ကို နှိမ့်ချတတ်မှုတွေ ပေးပါ။ အမှန်တကယ် စစ်မှန်တဲ့ ကြီးကျယ်မြင့်မြတ်မှုမျိုးတွေ ပေးပါ။ ဆင်ခြင်တုံတရား နဲ့ပတ်သက်ပြီး ပွင့်လင်းတဲ့ သိစိတ်အမြင်တွေ ပေးပါ။ နှိမ့်ချသည်းခံနိုင်စွမ်းဆိုတဲ့ စစ်မှန်တဲ့ ခွန်အားမျိုးကိုပေးပါ။

သုည(မင်းခိုက်စိုးစန်)

အားလုံးဖတ်ပြီးသား စာအုပ်လေးဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ကျွန်တော်ထပ်ပြီးတင်ပေးလိုက်ပါတယ်..။ ဒီနေရာမှာတင် Download လုပ်ပြီးဖတ်ရှုနိုင်ပါတယ်...။

ရေတမာ (မင်းလူ)

ဆရာမင်းလူရဲ့ နောက်ထပ် နာမည်ကြီးစာအုပ်လေးတစ်အုပ်ပါ...။ ဖတ်ပြီးသူများထပ်မံဖတ်ရှုနိုင်ရန်နဲ့ မဖတ်ရသေးသူများ ဖတ်ရှုနိုင်ရန်တင်ပေးလိုက်ပါတယ်..။ ဒီနေရာမှာ Download လုပ်ပြီးဖတ်ရှုနိုင်ပါတယ်။

အမုန်းအလိုမရှိ (မင်းလူ)

ကျွန်တောချစ်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆရာမင်းလူ ရဲ့ စာအုပ်လေးပါ..။ အားလုံး ဖတ်ဖူးပြီးသား ဖြစ်ကျမယ်ဆို တာသိပေမယ့်..။ Ebook အဖြစ်သိမ်းထားသူများအတွက် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်..။ ဒီနေရာမှာ Download လုပ်ယူပြီးဖတ်ရှုနိုင်ပါတယ်...။

ကလေးအတွေး (မင်းခိုက်စိုးစန်)

စာအုပ်ကောင်းလေးတစ်အုပ်ပါဘဲ..။ ကျွန်တော့လို ဒီလို စာပေမျိုးကို ဖတ်တတ်သူတွေအတွက် အလွန်သဘောကျ မယ့်စာအုပ်လေးပါ။ ဒီနေရာမှာဘဲ အလွယ်တကူ Download ချဖတ်ယူနိုင်ပါတယ်..။

ဖြန့်ကျက်တွေးခြင်း (ကိုတာ)

ကျွန်တော့ရဲ့ အကြိုက်ဆုံးစာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ ကျွန်တော် ၈ တန်းနှစ်ကတည်းက ဖတ်ခဲ့ဖူးတဲ့ စာအုပ်လေးပါ..။ အခုတော့အားလုံး ဖတ်ရှုနိုင်ဖို့ အတွက်ကျွန်တော်တင်ပေးလိုက်ပါပြီ။ ဒီနေရာမှာ Download ချပြီးဖတ်ရှုနိုင်ပါတယ်..။
မှတ်ချက်။ ။ ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်းတော်တော်များများကို ဒီစာအုပ်လေး ဖတ်ပြီးကတည်းက ပြင်ဆင်ကျင့်သုံးခဲ့တာ အခုအချိန်အထိဖြစ်ပါတယ်..။

တွေးတောသူ (ကိုတာ)

ကိုတာရဲ့လက်ရာ စာအုပ်တစ်အုပ်ဖြစ်ပါတယ်..။ တွေးတောဆင်ခြင်မှုကို စိတ်ဝင်စားသူများ လောကကြီး၏ အမှန်တရားကို သိလိုသူများအတွက် အလွန်သင့်တော်မယ့် စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ ဒီနေရာမှာဘဲ အလွယ်တကူ Download လုပ် ဖတ်ရှုနိုင်ပါတယ်။

သက္ကရာဇ်မျဉ်းများ (သစ္စာနီ)

One of my favourite authors ပါ။ သစ္စာနီ ဆိုရင် Modern စာပေကို စိတ်ဝင်စားသူများ မသိသူမရှိကျပါဘူး။ ဒီနေရာတွင် Download လုပ်ပြီးဖတ်ရှုနိုင်ပါတယ်..။

ကမ္ဘာ့တွေးခေါ်ပညာရှင်များ (ဆန်းလွင်)

ဆရာဆန်းလွင်ရဲ့ ထင်ရှားတဲ့လက်ရာ စာအုပ်တစ်အုပ်ပါ။ တွေးရတော်ရတာကို ၀ါသနာပါတဲ့.... World Philosophy ရဲ့သမိုင်းကို စိတ်ဝင်စားသူများအတွက် လက်ကမချနိုင်လောက်အောင် ဖြစ်ရမယ့် စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။ ဒီနေရာကနေ Download ချဖတ်ရှုနိုင်ပါတယ်။

ဇော်ဇော်အောင် (PostModern Theory)

မြန်မာနိုင်ငံရဲ့ Post Modern လောကမှာ Pioneers အများစုထဲက ထင်ရှားတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။ ဒီစာအုပ်လေးကို ကျွန်တောဖတ်ဖူးခဲ့တာတော့ ကြာပါပြီ။ အခု ကျွန်တော့သူငယ်ချင်းတွေပါ မျှဝေခံစားဖို့ အတွက်တင်ပေးလိုက်ပါတယ်။ ဒီနေရာတွင် Download လုပ်ယူနိုင်ပါတယ်။

ခေတ်သစ်တစ်ခု (မင်းခိုက်စိုးစန်)

ကျွန်တော့်ရဲ့ အကြိုက်ဆုံးနဲ့ အလေးစားရဆုံး စာရေးဆရာဖြစ်ပါတယ်..။ အခုသူ့ရဲ့ Essay စာအုပ်လေးတစ်ခုကို အားလုံးမျှဝေခံစားနိုင်အောင် တင်ပေးလိုက်ပါတယ်။ ဒီနေရာတွင် Download လုပ်ယူနိုင်ပါတယ်..။

အရှေ့မြို့ရိုးမှ မိုးရေစက်များ (တာရာမင်းဝေ)

ဆရာတာရာမင်းဝေရဲ့ လက်ရာလေးများကို အလွမ်းပြေဖတ်ရှုနိုင်ရန်တင်ထားပေးပါတယ်။ ဒီနေရာတွင် Download လုပ်ယူနိုင်ပါတယ်။

စစ်မှန်သော ဘာသာတရား

ဘာသာရေးနဲ့ ဆိုင်တဲ့စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။ ဒီနေရာတွင် Download လုပ်ယူနိုင်ပါတယ်။

Applications AIO CD VOl.1

နောက်ထပ် AIO Kit လေးတစ်ခုပါ..။ ကျွန်တော်ကတော့ AIO ကိုသုံးရတာ သဘောကျပါတယ်..။ ဒါပေမယ့် တစ်ခုတော့ သတိပေးပါရစေ..။ AIO ကိုတိုင်ကကို Virus သို့ Trojian တစ်ခုဖြစ်ပါတယ်..။ ဒါကိုတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းနိုင်ဖို့ လိုပါလိမ့်မယ်...။

Rapidshare
http://rapidshare.com/files/62693534/APPZ_AIO.part1.rar
http://rapidshare.com/files/62695812/APPZ_AIO.part2.rar
http://rapidshare.com/files/62697726/APPZ_AIO.part3.rar
http://rapidshare.com/files/62699779/APPZ_AIO.part4.rar
http://rapidshare.com/files/62702067/APPZ_AIO.part5.rar
http://rapidshare.com/files/62704164/APPZ_AIO.part6.rar
http://rapidshare.com/files/62705736/APPZ_AIO.part7.rar

password: www.xsharex.info

Proxy Anonimous Suffering

IP ကိုသာမက မိမိရဲ့ Proxy ကိုပါ Anonimous Suffering လုပ်လို့ရတဲ့ Software လေးတစ်ခုဖြစ်ပါတယ်။
Keygen Location ပါ ထည့်ပေးထားပါတယ်။

http://www.proxyshell.com/download/proxyshell_hide_ip_setup.exe
http://w14.easy-share.com/6243741.html

password :www.smartpro.org

AIO Tools Kit

မိမိစက်၏ လုံခြုံရေးအတွက်ကော လက်တဲ့စမ်းချင်သူ ၀ါသနာရှင်များအတွက်ပါ အသုံးဝင်မယ် ထင်ပါတယ်...။

Rapidshare
http://rapidshare.com/files/64580031/ANON-Sur_-_MaxGrab.rar

Password:www.maxgrab.org

Multiple Google Talk သုံးချင်သူများအတွက်

Using Winternal 2005

Easy Window Password Hacking

Hacking Administrator Password

Lime Wire Pro V4.14.10

ဒီ Software ကတော့ မိမိလိုချင်သော Music, Movie, Software, etc... စသည်ဖြင့်အားလုံးလိုလိုကို Website တွေမှာ သွားရှာစရာမလိုတဲ့ Software လေးပါ။ Torrent File တွေထက် ပိုမိုမြန်ဆန်စွာ Dowload လုပ်နိုင်ပါတယ်။

Rapidshare
http://rapidshare.com/files/59815908/LimeWire.Pro.v4.14.10.1.rar

Winternal 2005

ဒီ Software လေးကတော့ နာမည်ကြီးပါတယ်..။ ကိုယ်သုံးတတ်ရင် သုံးတတ်သလိုကို တော်တော်အကျိုးရှိမယ့် Software လေးပါ။ ရှင်းရှင်းပြောရရင် Window Administartor Password ကိုတောင် Hack လုပ်လို့ရပါတယ်။ နည်းနည်းတော့ စိတ်ဝင်စားသွားမယ်ထင်ပါတယ်..။ ကျွန်တော့နေနဲ့ကတော့ Educational Support အတွက် ရည်ရွယ်ပြီး တင်ပေးထားတာ ဖြစ်ပါတယ်။ အသုံးပြုသူ အပေါ်မူတည်ပြီး ရရှိလာမယ့် မလိုလားအပ်သည့် ဆိုးကျိုးများကိုတော့ ကျွန်တော့အနေနဲ့ တာဝန်ယူမှာ မဟုတ်ပါဘူး..။ Bootable Cd လုပ်ဖို့အတွက် ISO ကိုတော့ Run ထားဖို့လိုပါလိမ့်မယ်..။

http://upload66.com/download.php?id=75E6EAB01
http://upload66.com/download.php?id=3A85A94E1
http://upload66.com/download.php?id=2920A8BC1
http://upload66.com/download.php?id=23C1DB3F1
http://upload66.com/download.php?id=269639251
http://upload66.com/download.php?id=9914D0A21
http://upload66.com/download.php?id=0D23C8A61
http://upload66.com/download.php?id=94AAAE751
http://upload66.com/download.php?id=AD6E41F41
http://upload66.com/download.php?id=356131931
http://upload66.com/download.php?id=9A7D34AB1

pass: http://sharezone.bb2.org

Spyware Doctor v5.1

တစ်ချို့သော ကျွန်တော့သူငယ်ချင်းများကတော့ ဒီ Software ကိုမကြိုက်ကြကြောင်း ပြောကျပါတယ်..။ ကျွန်တော်ကတော့ သဘောကျပါတယ်..။သုံးရတာလည်း တော်တော်ကို အဆင်ပြေပါတယ်။ ကိုယ်တွေ့ အရပြောရရင် ကျွန်တော့ကောင်မလေးရဲ့ Laptop မှာသူ့အရင်ချစ်ချစ်က Run ပြီးတော့ ထောက်လှမ်းနေတဲ့ (ဟီး..ဟီး ဘာတွေသိသွားလဲတော့ မသိဘူး) spyware ကို ကောင်းကောင်း ရှင်းထုတ်သွားနိုင်တာ တွေ့ရပါတယ်။ အရင်ကတခြား software တွေသုံးပြီးဖယ်ထုတ်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် မရဘူးလို့ ကျွန်တော့ ကောင်မလေးကတော့ ပြောပါတယ်..။

Rapidshare
http://rapidshare.com/files/63375536/Spyware_Doctor_v5.1.0.272_crack-by_God_Of_Mercy.rar

Hacker (Divx Quality)

ခေါင်းစဉ်ကို ကြည့်ပြီးလန့်မသွားကြပါနဲ့။ အခုကျွန်တော်ကြိုက်တဲ့ ကျွန်တော့သူငယ်ချင်းတွေလည်း ကြိုက်မယ် ထင်တဲ့ Movie လေးတစ်ခုရဲ့ အမည်ပါ။ သူတို့တွေ ဘယ်လို လက်စွမ်းပြခဲ့ကြ တယ်ဆိုတာ ကြည့်လိုက်ရအောင်။

Rapidshare
http://rapidshare.com/files/30661378/Hackers.1.By.Deejam.001
http://rapidshare.com/files/30661380/Hackers.1.By.Deejam.002
http://rapidshare.com/files/30661357/Hackers.1.By.Deejam.003
http://rapidshare.com/files/30661370/Hackers.1.By.Deejam.004
http://rapidshare.com/files/30661376/Hackers.1.By.Deejam.005
http://rapidshare.com/files/30661367/Hackers.1.By.Deejam.006
http://rapidshare.com/files/30661348/Hackers.1.By.Deejam.007

Hackers Toolkit 2005

Hacking ကိုမှ ၀ါသနာပါ ပါတယ်ဆိုသူများအတွက်တော့ ဒီ Software လေးကိုအရင်လက်တဲ့စမ်းကြည့်စေချင် ပါတယ်..။ ဟဲ ဟဲ...ကျွန်တော့စက်ကိုတော့ ချမ်းသာပေးကျဖို့ စောစောစီးစီး အသနားခံထားပါရစေ...။
Rapidshare
http://rapidshare.de/files/7845420/Hackers_toolkit_2005.zip.html

password: http://www.excluzive.net

Live Free Or Die Hard (2007 DIVX Quality)

Movie ကောင်းကောင်းကိုမှ ခံစားချင်သူများအတွက် Die Hard IV ထွက်ရှိလာပြီဖြစ်ပါတယ်။ Fire Cell System ကိုအသုံးပြုပြီး FBI အပါအ၀င် New York မြို့ကြီးတစ်မြို့လုံးကို ဘယ်လို Hack လုပ်သွားတယ် ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှနိုင်ပါတယ်။ Hacking ကိုဝါသနာပါသူများအတွက်လည်း ကြည့်တတ်မယ် ဆိုပါက ပညာရနိုင်စရာလေးတွေပါ ပါတယ်..။
Rapidshare
http://rapidshare.com/files/64355684/Live.Free.Or.Die.Hard_2007_DvDrip_Eng_-aXXo.part1.rar
http://rapidshare.com/files/64359368/Live.Free.Or.Die.Hard_2007_DvDrip_Eng_-aXXo.part2.rar
http://rapidshare.com/files/64363226/Live.Free.Or.Die.Hard_2007_DvDrip_Eng_-aXXo.part3.rar
http://rapidshare.com/files/64366768/Live.Free.Or.Die.Hard_2007_DvDrip_Eng_-aXXo.part4.rar
http://rapidshare.com/files/64371002/Live.Free.Or.Die.Hard_2007_DvDrip_Eng_-aXXo.part5.rar
http://rapidshare.com/files/64374884/Live.Free.Or.Die.Hard_2007_DvDrip_Eng_-aXXo.part6.rar
http://rapidshare.com/files/64378942/Live.Free.Or.Die.Hard_2007_DvDrip_Eng_-aXXo.part7.rar
http://rapidshare.com/files/64352153/Live.Free.Or.Die.Hard_2007_DvDrip_Eng_-aXXo.part8.rar

password: Lukesh

Norton Internet Security 2008

လာပါပြီဗျား Antivirus ဆိုရင် Norton မှ ဆိုသူများအတွက်။ Norton Internet Security 2008 ပါ။ Crack နှင့်တကွ ရရှိနိုင်ပါတယ်။

Rapidshare
http://rapidshare.com/files/58383792/Norton_Internet_Security_2008.rar

Tuneup Utilities 2007

လက်ရှိအသုံးပြုနေသော မိမိ Computer ၏ ကျန်းမာရေးကို အလေးထားတတ်တဲ့ သူများအတွက်ပါ။ အလွန်အသုံးဝင်သော Software လေးဖြစ်ပါတယ်။ Crack နှင့်တကွ Download လုပ်ယူနိုင်ပါတယ်။

Rapidshare
http://rapidshare.com/files/64069966/TuneUp.Utilities.2007.v6.0.2311.0.WithSerial.rar

Kaspersky 7.0.0.125 Final

လူကြိုက်များ ရေပန်းစားနေတဲ့ Antivirus Sowtware လေးတစ်ခုပါ။ အားလုံးနှစ်သက် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Rapidshare
http://rapidshare.com/files/64657249/Kaspersky_Anti-Virus_7.0.0.125_Final.rar

Window Xp sp3 V2.5 Final

- Updating Flash Player v9.0 > Flash Player v10
- Updating Media Player Classic v6.4.9.0 > Media Player Classic v6.4.9.0+ (Newer Build with Video Files association)
- Updating Microsoft Office 2003
- Updating Nero v7.2.0.3 Lite > Nero Burning v7.7.5.1 Micro
- Updating NOD32 v2.51.26 > NOD32 v2.70.39
- Updating PhotoFiltre v6.1.5 > PhotoFiltre v6.2.7
- Updating Process Explorer v10.06 > Process Explorer v10.21
- Updating Sun Java2 Runtime Environment v5.0.7 > Sun Java2 Runtime Environment v6.0.2
- Updating Win32Pad v1.5.10 > Win32Pad v1.5.10.2
- Updating Windows Live Messenger v8.0 > Windows Live Messenger v8.1.0178 (No Adds)
- Updating Winamp Pro v5.1 > Winamp Pro v5.35
- Updating Windows Media Player v11 > Windows Media Player v11.0.5705.5043
- Updating WinRAR v3.51 > WinRAR v3.7 Corp
- Updating XPize v4.4 > Xpize v4.7
- Updating Yahoo! Messenger v7.5.0.814 > Yahoo! Messenger v8.1.0.415
- Updating WPI 5.0 > WPI v5.6
- Updating Wallpaper Changer
- Updating the Autostart Menu dramatically
- Replacing ACDsee > XnView v1.91.3 (Full Version)
- Replacing Adobe Reader > FoxIt PDF Pro Reader v2.1 (Super Fast with Editing Capability)
- Replacing IDM > Orbit Downloader v2.0.7 (which can download streaming Videos like Youtube)
- Replacing K-Lite Mega Codec > Vista Codec Package v4.4.9 - Replacing PhotoFiltrer > Paint.Net v3.10
- Replacing XoftSpy > SpyBot Search & Destroy v1.4
- Replacing Zume Deluze with Pixelus Deluxe!
- Adding DaemonTools v4.10
- Adding Driver Genius 2007 (for Drivers BackUp into One Exe File)
- Adding TuneUp Utilities 2007 v6.0.2311
- Adding 28 Boot Screens (Run by the above proggy)
- Adding HWiNFO32 v1.74 (Detailed Info about your Hardware)
- Adding HiJack This v2.0.2
- Adding FileLocator Pro v4.0 (Super Fast File Search Utility on you PC)
- Adding Foxit PDF Editor v1.5
- Adding Internet Explorer v7.0.5730.11 Final!
- Adding Internet Explorer SpellChecker
- Adding IE7pro v0.9.16 (Extra Pro options for IE7)
- Adding VerbAce - English Arabic Dictionary 2007
- Adding RainLander v2.2 - Adding Screen Marker v0.1
- Adding doPDF (for making PDF files)
- Adding Control Panel Items
- Adding TreeCopy v1.11 (let you Copy Only Folder Structure without Files)
- Adding All NirSoft Proggies
- Adding All Sysinternals Proggies - Fixing the Advanced WMI Thing - Fixing the Issue of ArabicMui with Xpize - Fixing Minor Bugs

Rapidshare
http://www.rapidsafe.net/rc-ImM5IWZzcTM/Xp_Pre-sp3__tahir.part1.rar
http://www.rapidsafe.net/rc-M2M1gTZzcTM/Xp_Pre-sp3__tahir.part2.rar
http://www.rapidsafe.net/rc-czMxkTZzcTM/Xp_Pre-sp3__tahir.part3.rar
http://www.rapidsafe.net/rc-gzNklTZzcTM/Xp_Pre-sp3__tahir.part4.rar
http://www.rapidsafe.net/rc-gjNhVWZzcTM/Xp_Pre-sp3__tahir.part5.rar
http://www.rapidsafe.net/rc-UWNhNWZzcTM/Xp_Pre-sp3__tahir.part6.rar
http://www.rapidsafe.net/rc-ITY4QWZzcTM/Xp_Pre-sp3__tahir.part7.rar
http://www.rapidsafe.net/rc-MWY5QWZzcTM/Xp_Pre-sp3__tahir.part8.rar

Nero 8 Ultra Edition V8.1.1.0

Applications included in Nero 8:
Nero Mobile – Media Center for Mobile DevicesNero Home 3 – Media Management System
Nero Scout – Database Technology
Nero StartSmart 8 – One-Click Project Launcher
Nero Burning ROM 8 – Expert CD and DVD Burning
Nero Express 8 – Easy Interface CD and DVD Burning
Nero WaveEditor 4 – Audio Editing and Recording
Nero SoundTrax 3 – Professional Audio Mixing
Nero Vision 5 – Video Editing and Authoring
Nero Recode 2 – The World’s Fastest Video Converter
Nero ShowTime 4 – DVD and Multimedia Player
Nero MediaHome 3 – UPnPTM Streaming Solution
Nero ControlCenter – Simplified Customization and Configuration
Nero PhotoSnap – Photo Editing
Nero PhotoSnap – Photo Editing
Nero PhotoSnap Viewer – Photo Viewing
Nero CoverDesigner 3 – CD and DVD Label Design
Nero BackItUp 3 – Complete Backup Solution
Nero ImageDrive 3 – Virtual Drive Setup
Nero DiscSpeed 4 – Improve Optical Drive Performance
Nero DriveSpeed 3 – Complete Optical Drive Control
Nero RescueAgent – Improved File Recovery
Nero BurnRights – Easily Deployable Burning Rights
Nero InfoTool 5 – Drive and Disc Analysis InCD 5 – Packet Writing Solution SecurDisc Viewer – View SecurDisc protected files

Rapidshare
http://rapidshare.com/files/61685802/Nero_V8.1.1.0__eng_.part1.rar
http://rapidshare.com/files/61692711/Nero_V8.1.1.0__eng_.part2.rar
http://rapidshare.com/files/61695708/Nero_V8.1.1.0__eng_.part3.rar

Megaupload
http://www.megaupload.com/?d=H1GXNDRC

Relation Of Love And Energy

Have you ever learned about Energy?
Love is Like the Engery ...
By using first law of energy
Love can't created nor destroyed ...
By using second law of energy
But it can change one form to another so .....
Don't try to create or destroy love yourself......
And ..... remember ...
It gonna change soon ....!

Opposites

Let the tears fly away .....
Let the sorrow pass away ....
Let the miseries far away ....
Let the trouble flow away ....
Let the fear roll away .... and ....
Let your beloved run away .... soon ....
Everything gonna be substituted by their ....
Opposites ..... !

Revenge

"Yesterday" was killed by "Today"
Soon ....
He will be killed ....
By "Tomorrow".....!

Installation

Attention !!!!!!
A love program is trying to install on your heart ....
Maybe this program can make you "Smile" or .......
Sometimes, "Cry" .... !!!
If you can accept, then press .....
OK .... else
CANCLE ... !

The Way To Forget Someone

You know?
Sometime ...........
We need to remember everything.....
To ....
Forget ...
Everything ....!

The Questions

Who we are................?
What are we doing......?
Where are we going.....?
Why are we doing........?
How can we do............?
Whose way we use.......?
To whom we gave.........?
When will we end..........?

Journey To The Life

You are changing.....
I m changing.......
Everything is changing.....
There's only one thing which will never changed....
It's " Changing".....
Changing will never changed....
If you agree that......,
Come on let's go....,
Let's start our journey to the "Life"....!

My Way

Put a black T-shirt...
Wear a jean pan.....
Fit your "All Star".....
Take your bag.....
Hold your valentine's hand ....
And then....
Face your "Challenges" ....!

Taking Revenge Is Not A Curse

Taking revenge is....
Not a curse....!
It is giving a present.....
What he demanded himself...
With his action..
He will get "Regrad"....
As his reward...at that time...!

အလွမ်း

ငါ့ရဲ့....မင်းကို...
သတိရတဲ့စိတ်ဟာ....
သူများတွေပြောနေကျ.....
လွမ်းတယ်....ဆိုတဲ့
စကားတစ်ခွန်းထက်.....
အိပ်မက်တစ်ခု.....ပိုပါတယ်...ချစ်သူ...။ ။

ခံစားချက်

ငါလွမ်းတယ်...
ငါတမ်းတတယ်..
ငါသတိရတယ်...
ငါတွေ့ချင်တယ်...ဒါပေမယ့်
ငါမေ့ချင်တယ်....
မေးပါရစေ...မင်းရောငါ့လိုပဲလား....?????

ခြေရာ

ငါ့အတွေးထဲမှာ...
မင်းအကြောင်းတွေ ဖြတ်လျှောက်လွန်းလို့....
ငါ့ဦးနှောက်ထဲမှာ....
မင်းခြေရာတွေတောင် ထင်နေပါပြီကွာ...။ ။

အမှား

ငါ့ရင်ထဲက မီးတောက်ကို...
မင်းကငြိမ်းပေးမယ်ဆိုလို့....
ငါ့ဘ၀ထဲကိုဝင်ခွင့်ပေးခဲ့တာပါ...
ဒါပေမယ့်...
တကယ်တမ်းမင်းငြှိမ်းပေးလိုက်ခဲ့တာအရာက...
ရေမဟုတ်ဘဲ...
ဓာတ်ဆီတွေနဲ့ ပါလားကွာ...။ ။

မျှော်လင့်ချက်

အကြိမ်ကြိမ်
ဖတ်ခဲ့တဲ့ ကဗျာတစ်ပုဒ်လို
ငါ့ဘ၀ရဲ့ စာမျက်နှာတွေ
ကြေမွနေပြီ...။ ။
ဘယ်သူမှ နားမလည်နိုင်တဲ့
ဘာသာစကားနဲ့....ငါရေးသားခဲ့တယ်
တစ်နေ့နေ့....တစ်ချိန်ချိန်မှာတော့.....
နားလည်နိုင်တဲ့သူ တစ်ယောက်တော့...
ပေါ်လာကောင်းပါရဲ့.....။ ။

လူသတ်မှု

အိပ်မက်တွေကို
အဆိပ်ခပ် သတ်လိုက်တယ်....
နောက်နေ့ နံနက်မှာ
ငါလဲ......
သေဆုံးသွားခဲ့တယ်.....။ ။

င်္Format

မင်းကိုလွမ်းတဲ့
ငါ့ရဲ့
နှလုံးသားကို "Format"
ချလိုက်တော့.....
မင်းအကြောင်း "Virus"
တွေနဲ့အတူ......
ငါ့ရဲ့ ခံစားတတ်တဲ့...
"Data" တွေပါ ပါသွားခဲ့တယ်.....။ ။

မေးခွန်း

သစ်ရွက်တွေ
ကြွေနေတယ် ချစ်သူ.....
ဆောင်းကို လွမ်းလို့လား....?
နွေကို ကြိုဖို့လား.....?
ဘယ်သူမှ မသိနိုင်ဘူး ...
မင်းကော သိနိုင်မလား....
ချစ်သူ....????

အိပ်မက်တစ်ခုရဲ့အမြင်

"အိပ်မက်"
တစ်ခုကပြောတယ်....
"အချစ်ဆိုတာ အိပ်ပျော်နေတုန်းဘဲ ကောင်းတာ" တဲ့
အသိကလေး တစ်ချက် ၀င်လာတာနဲ့
"အဝေးဆုံးကို ထွက်ပြေးသွားတတ်တယ်...".....ဆိုဘဲ....။

ပေါင်းစပ်ခြင်း

အိပ်မက်နှစ်ခု ပေါင်းစပ်ဖို့
သစာတရားနဲ့ တည်ဆောက်ရတယ်...
ဘ၀နှစ်ခု ပေါင်းစပ်ဖို့
နားလည်မှုနဲ့ ဖွဲ့စည်းရတယ်......
လိုချင်တာတစ်ခု (သို့) ဖြစ်ချင်တာ တစ်ခု ဖြစ်ဖို့
အနည်းဆုံး.....
အချိန်ဆိုတာကိုတော့....ပေးဆပ်ရမယ်....။ ။

Oct 19, 2007

Devil & Church

Let the Devil get into the church, and he will soon be on the alter.

Head & Hat

He who has no Head doesn't need hat.

Door & Head

Don't carry your head to high, the door is too low.

Robber & Book

There is no robber worse than a bad book.

Courage & Legs

He who has no courage should have legs.

A Lamp

Destroy all passions when you light Buddha's lamp.

Advice

Never give advice unless asked.
You should not swallow more beliefs than you can digest (Analyse).

Truth & Light

Light still means light, though the blindman doesn't see it.

Fake

What you see in the mirror is not in the mirror.

Do better

Be silent, or say something that is better than silience.

Time & Truth

God knows the truth,.....but he waits....(Leo Tolstoy)

Meaning?

What is the use of running, when you are on the wrong road?

Proverbs

Proverbs are the wisdom of ages.

1>10

One "Today" is more sweet than ten "Tomorrows"

Forever

For long.....is not forever.

Curses

Curses are like reactions, they come back to the place where they had been set out.

Patience

Patience is a flower that grows not in every garden.

Clock's Strike

When a man is in happiness, he does not hear the clock's strike.

But

There is a "But" in everything.

Sins & Debts

Sins and debts are always more than we think them to be.

Time

Everything comes in time, to the man who knows how to wait.

Magician

Time is the greatest magician.

Life & Stairs

The life is stair case ; some are going up, some are coming down.

Word & Sword

Sometime in the world, words hurt than swords.

The Bottom

Never let anyone see the bottom of your purse or your mind.

The Best

The old friends and the old wines are the best.

Signature

Never write what you dare not sign.

Desire

Lend only what you can afford to lose.

The Lesson

One man's fault is another man's lessons.

The Choice

In a war, a soldier can be given two orders, to fight or to surrender.

Right Time

Harvest comes not everyday, though it comes every hear.

The Distance

How far can you fly with broken wings?

Flying

Fly with your own wings.

Adaptation

Adapt yourself to the times.

The Truth

The truth is sacrificed by too much disputation.

Sailing

It is hard to sail when there is no wind.

Bad Friend

A friend to everybody is a friend to nobody.

award

Give the devil his due.

Promise

Nothing weights lighter than a promise.

Extremist

Extreme is dangerous.

Ability

Ability become a little amount when there is no opportunity.

Internet Download Manager 5.11

Internet Download Manager 5.11 ကို Crack နှင့်တကွ ဒီနေရာတွင်ရရှိနိုင်ပါတယ်။

http://www.link-protection.com/4150

Sep 11, 2007

The Second Time

မနေ့ညက အိပ်မက် မက်တယ်....
အိပ်မက်ထဲမှာ......
့ငါ....
အသဲတွေကွဲလို့တဲ့.....
ဒါနဲ့ပဲ....
မကျေနပ်လို့ ထပ်မက်တော့.....
ငါဘဲ....
ထပ်ကွဲတယ်....။ ။

????

ပစ်စလက်ခတ် ကျေးဇူးတွေတင်ကြ....
ပစ်စလက်ခတ် စေတနာတွေထားကြ...
ပြီးတော့လဲ.....
ပစ်စလက်ခတ် ဝေဒနာတွေပေးပြီး....
ပစ်စလက်ခတ် ထားခဲ့ကြတာ...
အခုဆိုငါလဲ...
ပစ်စလက်ခတ် ဘ၀ထဲမှာ....
ပစ်စလက်ခတ် ကဗျာတွေနဲ့....
ပစ်စလက်ခတ် ဖြစ်နေပါပြီ.....။ ။

Trick

အနမ်းတွေပေးမလိုလိုနဲ့...
ငါ့အနားကိုကပ်...
ငါ့ကျောကိုသပ်...
ငါ့မှာတော့ ကျေနပ်မှုတွေနဲ့....
ဘ၀င်တွေ လေဟပ်လို့...
မိုးမမြင် လေမမြင်မြင့်မြတ်နေလိုက်တာ...
ငါ့နှလုံးတွေအက်....
မျက်ရည်တွေ ပွက်ပွက်အံတော့မှ.....
ငါ့နောက်ကျောမှာ စိုက်ဝင်နေတဲ့...
မင်းရဲ့ဓါးချက်ကို တွေ့ခဲ့တယ်...
ချစ်သူရယ်....။ ။

Suside....

မနေ့ညက...ငါ့အိပ်မက်တွေကို....
ငါကိုယ်တိုင် အဆိပ်ခတ်သတ်လိုက်တယ်.....
နောက်နေ့မနက်မှာတော့....
့ငါလဲ....
သေဆုံးသွားခဲ့တယ်....။ ။

Dream!

မနေ့က ငါအိပ်မက်တစ်ခု မက်တယ်ချစ်သူ...
အိပ်မက်ထဲမှာ.....
မယုံကြည်မှုတွေရယ်....
လွဲမှားနေတဲ့ ခံယူချက်တွေရယ်....
စတေးခံလိုက်ရတဲ့ တန်ဖိုးထားမှုတွေရယ်....
မျှော်လင့်ချက်မရှိတော့တဲ့ အနာဂတ်တစ်ခုရယ်ပါတယ်...။
မင်းအကြောင်းကော မပါဘူးလားလို့
မင်းမေးရင် မေးလို့ရပါတယ်....
မင်းအကြောင်းတော့ မပါဘူးချစ်သူ....
ဒါပေမယ့်..မင်းလုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့် ရခဲ့တဲ့...
မင်းအတွက်ခံစားချက်တွေကတော့....
ငါ့ အိပ်မက်နဲ့ အပြည့်ပါချစ်သူရယ်.....။ ။

Sep 9, 2007

The Reason

ချစ်လွန်းလို့ပါ ချစ်သူရာ....
မင်းကို....
ငါ....
သတ်လိုက်တာ....