Oct 29, 2007

လက်ဆောင်

ငါ့ရင်ဘတ်ကိုနင်းပြီးမှ
မင်းလိုရာခရီးကို ရောက်မယ်ဆိုရင်
နင်းသွားလိုက်ပါ…။
ငါ့ရဲ့နှလုံးသားကိုမှ
ခြေသုတ်ခုံလုပ်ချင်တယ်ဆိုရင်
မင်းရဲ့မင်္ဂလာဆောင်မှာ
လက်ဖွဲ့အဖြစ် ငါပေးလိုက်ပါ့မယ်…။
ငါ့မျက်ရည်ကိုမှ
မင်းခြေဆေးချင်တယ်ဆိုရင်
ငါ့ဘ၀နဲ့အပြည့်
မျက်ရည်မိုးတွေ ငါရွာချပေးပါ့မယ်….။
ဒါပေမယ့်…
ငါ့ကိုဘယ်တော့မှတော့
မလိမ်ပါနဲ့……။ ။

တောင်းပန်ခြင်း

ငါ့ရင်ကို
မင်းရဲ့
မထေမဲ့မြင် အပြုံးတွေနဲ့
မခွဲပါနဲ့….။ ။
ငါ့ဘ၀ကို
မင်းရဲ့
အရွဲ့တိုက်တဲ့ အပြုအမှုတွေနဲ့
မနင်းချေပါနဲ့….။ ။
ဒီလိုဘဲ…
ငါ့မေတ္တာကို
မင်းရဲ့
ဖောက်ပြန်မှုတွေနဲ့
မတုန့်ပြန်ပါနဲ့ ကွာ…။ ။
ဘာလို့လဲဆိုတော့
ငါဟာလူတစ်ယောက်ကို
အကောင်းဆုံး နားလည်ပေးနိုင်သလို
အဆိုးဆုံးလည်း လက်စားချေတတ်တဲ့
လူတစ်ယောက် ဖြစ်နေလို့ပါ
ချစ်သူ….။ ။

အလိုတော်အတိုင်း....


မောင်နဲ့ပတ်သတ်လာရင် အမြဲတမ်း အပေါ်စီးကနေခြင်တယ်ဆိုတာ ဒါမျိုးကို ပြောတာမလား "ချစ်လေး"....?

WHO IS SQUEEZING OUR WORLD????


အတူတူပါဘဲ

YOUR MONEY OR YOUR LIFE????

လူ့သဘော သဘာဝ


သေတာတောင်မှ....


ညီမျှခြင်း...




ဒီလိုနိုင်ငံမျိုးမြင်ဖူးသလိုဘဲ....











အကြိုက်ခြင်းမတူပုံကတော့....




ကဗျာဟူသည်

ကဗျာဆိုတာ
လူတစ်ယောက်ရဲ့
ခံစားချက်ပါ....။
တနည်းအားဖြင့်......
လူတစ်ယောက်ရဲ့
သွေးကြောထဲမှာ စီးဆင်းနေတဲ့
ခံစားချက်တွေပေါ့....။
ဒီလိုဆိုရင်....?
ကဗျာကိုခံစားတတ်တဲ့သူ....
ကဗျာကိုနားလည်တတ်တဲ့သူဟာ.....
သေချာတယ်....။
လူအချင်းချင်း
နားလည်မှုပေးနိုင်တဲ့သူ
မျှဝေခံစားတတ်တဲ့သူပဲပေါ့ကွာ......။ ။