Jan 31, 2008

Win PE Ultimate Recovery CD 2008

ဒီ CD ကလည်း တကယ်ကို အသုံးဝင်တဲ့ Boot CD တစ်ခုပါဘဲ...ထုံးစံအတိုင်းပါဘဲ ISO နဲ့ Burn ပြီးရင် အလွယ် တစ်ကူအသုံးပြုနိုင်ပါတယ်... သူ့မှာပါဝင်တဲ့ Function တွေကတော့



Active partition recovery 5/Active Password Changer /ProAdvanced EFS Recovery/Anti-Crash 3.6.1/Advanced Cab Repair/ ProCD Data Rescue 2.5/Data Recovery Wizard Pro 3.34/File Scavenger 3.0.1HDD/ Regenerator 1.51/Actice Disk Wiper/ ProActive Rescue/ LiveAdvanced RAR Repair ******/Advanced Zip Repair 1.8.1/Advanced PDF Repair 1.0/Advanced Photoshopp Repair/Active Undelete 5.52/ Rescue BootDisk/ MakesPartition/ Table Doctor 3.5O&O/ Disk Recovery 4.0.1O&O /Disk Recovery 4.1 /VistaPC Inspector File recovery/Raise Data Recovery For NTFSPen Drive/ Data RecoveryRecover/ Lost Data 3R-Studio 3.6R-Studio /EmergencyR-Studio/ RS AgentDisk Explorer For NTFS/GetDataBack For FatGetDataBack For NTFSSpinRite 6.0/ Release 1SpinRite Iso maker/Steller phoenix Fat & NTFSLive Programs:Pen/ Drive data DoctorTestDisk 6 LivePortable/ Total Commander 7.01Hard Disk / Sentinel LivePortable Spinrite 6.0Portable O&O/ UnErase 4.1Portable / MediaRecovery/AdvancedRAR Password Recover 1.53/GetDataBack NTFS LivePhotoRecovery 6.6/Data Recovery Wizard/ ProPortable Dead Disk DoctorPortable/Final RecoveryPortable HDDlife/ ProPortable All Media Fixer ProPortable R-Studio 3.5O&O/ Disk Recovery 4.1 TechEasy Photo Recovery Live

Ultimate Boot CD 4.1.1


ဒီ Software က ကျွန်တော် အရင်ကတင်ပေးခဲ့ဖူးတဲ့ Hiren's Boot CD လိုပါပဲ... Function တွေလဲတော်တော် လေးကို စုံလင်ပါတယ်... သူ့ကိုထုံးစံအတိုင်း ISO နဲ့ Brun ပြီး Boot CD အဖြစ်အသုံးပြုနိုင်ပါတယ်...



NET BY NET

ကျွန်တော် နည်းပညာပိုင်းနဲ့ ပတ်သတ်ပြီး Post တွေ မတင်ဖြစ်တာကြာပါပြီ... ဒီရက်ပိုင်းအတွင်းတော့ စိတ်ထဲမှာလည်း နဲနဲ (နဲနဲဆို တကယ့် နဲနဲပါ) ကြည်ကြည်လင်လင် ရှိနေတာနဲ့ အခု နည်းပညာနဲ့ ပတ်သတ်တဲ့ ဒီ Post လေးကို ပြန်တင်ဖြစ်တာပါ... အခုကျွန်တော်ပေးမယ့် Link မှာ Software ကောင်းတွေကို တော်တော်လေး စုံစုံလင်လင် ရရှိနိုင်ပါတယ်... ဒါပေမယ့် International Language(English) နဲ့တင်ထားတာ မဟုတ်တဲ့အတွက် အသုံးပြုသူတွေ အတွက်အခက်အခဲရှိနိုင်လို့ ကောင်းနိုးရာရာ လိုအပ်နိုင်လောက်တဲ့ Software Link လေးတွေကို ကျွန်တော်တင်ပေးလိုက်ပါတယ်... အသေးစိတ် အကြောင်းအရာတွေကိုတော့ သက်ဆိုင်ရာ Post လေးတွေမှာပဲ ရှင်းပြလိုက်ပါမယ်... ကိုယ်တိုင် ရှာဖွေပြီး စမ်းကြည့်ချင်တယ်ဆိုရင်လဲ အောက်မှာ ဖော်ပြပေးထားတဲ့ Link မှာ သွားရောက်လေ့လာနိုင်ပါတယ်။

Link : http://help.netbynet.ru/programmy/

Rambo IV


Rambo IV ရဲ့ link ပါ...ဒီလင့်ရဲ့ Data က အမှန်တကယ် Stage 6 မှာရှိတာပါ... အခုကျွန်တော်ပေးထားတဲ့ Link ကတော့ Watchnewfilms တို့ Joox တို့လိုမျိုး Stage6 ကနေတစ်ဆင့် Link ယူပြီး Online Movie အဖြစ် Direct ကြည့်ရှုလို့ ရအောင်လုပ်ပေးထားတဲ့ Site တစ်ခုပါ... Movie အသစ်တွေကို နေ့တိုင်း Update လုပ်ပေးထားတဲ့အတွက် အခုကျွန်တော်ပေးတဲ့ Link ဟာ မကြာခင်မှာ Server ကနေ ယာယီ Diable ဖြစ်သွားနိုင်ပါတယ်... ဒါပေမယ့် ကျွန်တော့အထင်တော့ 1 Week လောက်အထိတော့ ရှိနေမယ်ထင်ပါတယ်... တစ်ခြား Rambo IV ကိုကြည့်ရှုနိုင်မဲ့ Link တွေရှိပေမယ့် အခုကျွန်တော် တင်ပေးလိုက်တဲ့ Link က DIVX Quality (သူတို့ အပြောအရ) ပါ... တစ်ခြား Site ကလင့်တွေထက် ပိုမိုပြီးကြည်ကြည် လင်လင် ကြည့်ရှုနိုင်ပါတယ်.... အားလုံးကျေနပ် နှစ်ခြိုက် ကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်....


အိပ်မက်နဲ့ ဘဝ

တစ်နေ့နေ့ ဆိုတာကို
ပြက္ခဒိန်ထဲမှာ သေသေချာချာ
လက်ညှိုးထိုးပြလို့ မရမှန်းသိပေမယ့်
ငါတကယ်ကို မျှော်လင့်မိပါတယ်...။

မျှော်လင့်ချက်တွေ
တဖွဲဖွဲ ဆုတ်ခွာနေတဲ့
ငါ့အိပ်မက်ထဲမှာ
မင်းဟာ ငါ့ကို နောက်ဆုံးစွန့်ခွာမဲ့
နောက်ဆုံး မျှော်လင့်ချက်တစ်ခု များလားကွာ...။

မင်းသာ ငါ့ဘ၀ရဲ့
အိပ်မက်တစ်ခု ဖြစ်မယ်ဆိုရင်
တစ်သက်စာ မြင်မက်ချင်ပါတယ်
ချစ်သူ...။

တစ်ခုတော့ ပြောခဲ့မယ်ချစ်သူ
အိပ်မက်တွေနဲ့ အသက်ရှင်နေတဲ့
လူတစ်ယောက်ဟာ
အိပ်မက် မမက်တော့တဲ့ ညမှာ
သူ့ဘ၀ဟာ
ဆုံး....ခန်း....တိုင်.....ပါလိမ့်မယ်...။ ။

Jan 28, 2008

ရည်ရွယ်ချက်မရှိ...

အတိတ်ဆိုတာ တကယ်တော့
့စွန့်ပြစ် ပစ္စည်းတစ်ခုပါ
ဒီနေ့ထဲကို အလေးခံပြီး
သယ်လာစရာ မလိုပါဘူး…။

ဒီနေ့ ဆိုတဲ့အရာဟာ
ဘုရားသခင်ကပေးတဲ့
လက်ဆောင်တွေထဲမှာ
အကောင်းဆုံး လက်ဆောင်တစ်ခုပါ…။

မနက်ဖြန်ကို
ကြောက်တယ်ဆိုရင်
အစကတည်းက ‘ခင်ဗျား’ ဒီနေ့ထဲကို
ဝင်မလာသင့်ဘူး…။

ဖြစ်ခဲ့သမျှ တွေကိုသာ
အမြဲ နောင်တရနေမယ်ဆိုရင
်ခင်ဗျားအတွက်
အဆိပ် တစ်ခွက်လောက်လက်ဆောင် ပေးပါရစေ…။
(ကျေးဇူးပြုပြီး ရေရော မသောက်ပါနဲ့)

မှိုတက်နေတဲ့ ဦးနှောက်တွေ
ဈေးကောင်းပေး ၀ယ်နေတယ်(၀က်စာကျွေးဖို့)
ရောင်းစားပြစ်လိုက
်အကယ်ရွေ့ ခင်ဗျားသာ
ဒီနေ့အတွက်အကောင်းဆုံး အသုံးမချ နိုင်ခဲ့ရင်…။

နောက်ဆုံးပြောမယ်ဗျာ….။

ခင်ဗျားမျက်လုံးတွေကို
ထိုးဖောက်လိုက်
အကယ်၍သာ
မနက်ဖြန်တိုင်းကို
စိုးရိမ်မှုတွေနဲ့မကောင်း မြင်နေမယ်ဆိုရင်…။ ။

Jan 9, 2008

ကျွန်တော်နှင့် ပျောက်ဆုံးသွားသော နံရိုးတစ်ချောင်း

၁။ အာဒံရဲ့ ပျောက်ဆုံးသွားသော နံရိုးတစ်ချောင်းကို ဧ၀ဆီမှာပြန်တွေ့ရှိခဲ့ပါတယ်…
၂။ မင်းနန္ဒာရဲ့ နံရိုးတစ်ချောင်းကိုတော့ သူ့ချစ်သူ ရှင်မွှေးလွန်းဆီက ပြန်ရပါတယ်…
၃။ Juliet ဆီမှာတော့ Romeo ရဲ့ နံရိုးတစ်ချောင်း ရှိခဲ့ပါတယ်…
၎။ ဒါဆို ကျွန်တော့် နံရိုးလေးက ဘယ်မှာလဲ?????

ကျွန်တော့်မှာလည်း နံရိုးတစ်ချောင်းပျောက်ဆုံးနေခဲ့တာ ကြာပါပြီ (ကြာဆို မွေးကတည်းက မပါတာပါ)… တစ်နေ့နေ့တော့ တွေ့အောင်ပြန်ရှာမယ်လို့ စိတ်ထဲမှာလည်း ငယ်ငယ်လေး ထဲကစဉ်းစားထားပြီးသားပါ… ဘယ်နေ့လဲ…ဘယ်သူ့ဆီမှာလဲ..ဘယ်နေရာမှာလဲ…ဘယ်အချိန်မှာလဲ ဆိုတာသာ သေသေချာချာ မသိတာပါ… တွေ့အောင်ပြန်ရှာဖို့ကတော့ လုံးဝဆုံးဖြတ်ပြီးသားပါ….။

အဲဒီ့ နံရိုးလေးသာ ကျွန်တော့မှာရှိရင် အရမ်းပျော်ဖို့ကောင်းမှာပဲလို့ အကြိမ်ကြိမ်တွေးပြီး ပျော်ခဲ့ဖူး ပါတယ်…အဲဒီ့နံရိုးလေးသာ ရှိရင် ကျွန်တော့်ဘ၀မှာ ပိုပြီးပြည့်စုံလာနိုင်တယ်… ကျွန်တော်အင်အား တွေပိုပြီးရှိလာနိုင်တယ်… မျော်လင့်ချက်တွေ ပိုမိုရှင်သန်လာနိုင်တယ်… မနက်ဖြန်တွေ ပိုပြီးလှပလာ နိုင်တယ်…သေချာပါတယ်… ကျွန်တော် အဲဒီ့နံရိုးလေးကို အရမ်းကို လိုချင်မိခဲ့တာတော့ အမှန်ပါဘဲ…။

ဒီလိုနဲ့…

အမှတ်မထင်ပဲ ကျွန်တော့်ရဲ့ ပျောက်ဆုံးနေတဲ့ နံရိုးလေးကို မနေ့ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြန်တွေ့တဲ့အချိန်မှာတော့ ကျွန်တော့်မျှော်လင့်ချက်တွေ အားလုံး ပျက်ဆီးသွားခဲ့ရပါ တယ်… ကျွန်တော့အိပ်မက်တွေ အားလုံး အရောင်လွင့်ခဲ့ရတယ်… ကမ္ဘာမြေဟာ ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီထက် ပိုမိုစောင်းသွားခဲ့တယ်…ကြယ်တွေ ကောင်ကင်ပေါ်ကို အစုလိုက် အပြုံလိုက် ကြွေကျသွား တယ်…!! ဘာကြောင့်လဲ??? ဘာတွေဖြစ်ကုန်တာလဲ??? ကျွန်တော်ပျော်ရွှင်နေရမှာမဟုတ်ဖူးလား???

အဖြစ်က ဒီလိုပါ…့ တကယ်တမ်းတော့ ကျွန်တော့်နံရိုးလေးကို တွေ့ရှိခဲ့တာက အပေါ်ကလူတွေလို ဂန္တ၀င်ဆန်ဆန် မျိုးမဟုတ်ဘဲ… ယမကာမှီဝဲသူများ အတွက်သီးသန့် ဖွင့်လှစ်ထားသော နံရိုးကင်ဆိုင် တစ်ဆိုင်ရဲ့ မှန်ပုံးလေးထဲမှာ ဖြစ်နေလို့ပါပဲဗျာ….ကျွန်တော့် နံရိုးလေးပေါ်မှာသီးသန့် စာတမ်းလေး တောင်ချိတ်ထားသေးတယ်… “Black Dream” တဲ့…

ဒီတော့မှ ကျွန်တော်လည်း အဲ့ဒီ့နံရိုးဆိုင်လေးရဲ့ နာမည်ကိုသေသေချာချာဖတ်မိတယ်… ဆိုင်နာမည်လေးကလဲ လှတယ်ဗျာ… ”နံရိုး ကမ္ဘာ” တဲ့….။ ။

p.s- တွေးမိတွေးရာ တွေးပြီး …ရေးမိရေးရာ ရေးထားခြင်းဖြစ်ပါကြောင်း…။

Jan 5, 2008

ကဗျာဆိုတာ...

ကဗျာဆိုတာ
ခံစားချက်မှာ မြစ်ဖျားခံတဲ့
မြစ်တစ်စင်း...

ကဗျာဆိုတာ
နှလုံးသားက စီးဆင်းလာတဲ့
သံစဉ်တစ်ခု...

ကဗျာဆိုတာ
ချစ်သူရဲ့ ဥယျာဉ်မှာ ပွင့်ဖူးတဲ့
ပန်းတစ်ပွင့်...

ကဗျာဆိုတာ
အလွမ်းညတွေမှာ မြင်မက်တဲ့
အိပ်မက်တစ်ခု...

ကဗျာဆိုတာ
လမိုက်ညတွေမှာ ထွန်းလင်းတဲ့
ကြယ်တစ်စင်း...

ကဗျာဆိုတာ
သူရဲကောင်းတွေ ကိုင်စွဲတဲ့
ဓားတစ်လက်...

ကဗျာဆိုတာ
ခံစားတတ်သူတွေ စားသုံးတဲ့
အားဆေးတစ်ခွက်....။ ။

Jan 4, 2008

ပြီးပြည့်စုံသော အနာဂတ်နေ့သစ် တစ်ခုဆီသို့...

ကျွန်တော်တို့ နိုင်ငံ ကိုလိုနီဘ၀မှ လွတ်မြောက်ခဲ့တာ ဒီနေ့ဆိုရင် နှစ်ပေါင်း (၆၀) တင်းတင်း ပြည့်ခဲ့ပါပြီ။ လွတ်လပ်ရေးဆိုတဲ့ အရာကို ကျွန်တော်တို့လွယ်လွယ်ကူကူ ရရှိခဲ့တာမဟုတ်ဘူးဆိုတာ မြန်မာပြည်သူ ပြည်သားတွေ အားလုံးသဘောပေါက်ကြပါတယ်..။ မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရပါ တယ်။ ကျွန်တော်တို့တွေ လွယ်လွယ်လေး ပေးလိုက်ခဲ့ကြရတာပါ...။ အခြင်းခြင်းခုတ်ခဲ့ကြ ထစ်ခဲ့ကြ၊ အာဏာ တွေလုနေခဲ့ကြလို့ပါ..။ ကျွန်တော်တို့ အနေနဲ့ ဒီအခြေအအနေမျိုးကို ထပ်ပြီး အဖြစ်ခံခြင်ကြသေးလို့လား??

ဒါပေမယ့် ဘယ်လိုရအောင် ပြန်ယူခဲ့ကြ ရလဲ............??


ကျွန်တော်တို့ရဲ့ အဖိုးတွေ အဖွားတွေ အသက်၊ သွေး၊ ချွေး မြောက်များစွာ စတေးပြီး ပြန်လည်ရယူခဲ့ကြရတာ ဖြစ်ပါတယ်...။ တိုင်းပြည်ကို တကယ်ချစ်တဲ့သူတွေ အမျိုးဘာသာ သာသနာကို တကယ်ချစ်တဲ့ လူတွေ..အာဇာနည်တွေဟာ သူတို့ရဲ့ ဘ၀တွေကို စတေးပြီး ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ လက်ဆောင် တစ်ခုကို ပေးခဲ့ကြပါတယ်...။ ကျွန်တော်တို့ကလည်း အပြောနဲ့မဟုတ်ဘဲ အမှန်တကယ်တန်ဖိုးထားတတ်ဖို့ လိုပါလိမ့် မယ်...။


အောင်မြင်မှုတစ်ခုလိုပါဘဲ...ဒီလွတ်လပ်ရေးဆိုတဲ့အရာဟာ ရပြီးတာနဲ့ အားလုံးပြီးဆုံးမသွားပါဘူး... ပြန်လည် မဆုံးရှုံးရအောင် ထိမ်းသိမ်းဖို့ဟာလဲ တကယ်ကိုအရေးကြီးတဲ့ သမိုင်းပေးတာဝန် တစ်ရပ်ဖြစ်ပါတယ်...။ ဘယ်လိုထိမ်းသိမ်းမလဲ??ဘယ်သူ့တွေမှာ တာဝန်ရှိလဲ?? အဖြေကရှင်းပါတယ် ကျွန်တော်တို့ လူငယ်မျိုးဆက် သစ်တွေမှာ တာဝန်ရှိပါတယ်...။ သတိ၊ပညာ၊သစ္စာ ဆိုတဲ့ အသိတရား (၃) ခုနဲ့ထိမ်းသိမ်းရပါမယ်...။

ဘာလို့ကျွန်တော့အနေနဲ့ ဒီအချက် (၃) နဲ့ထိမ်းသိမ်းရမယ်လို့ ပြောချင်တာလဲ??

(၁) သတိမရှိရင် ဘယ်သူတွေ ကိုယ့်နိုင်ငံကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ချည်းကပ်နေတယ်ဆိုတာကို မသိနိုင်ပါဘူး။ အချိန်မရွေး ကျွန်တော်တို့တွေ ကျွန်ပြန်ဖြစ်သွားနိုင်ပါတယ်။
(၂) ပညာ ဆိုတဲ့ အသိပညာ၊ အတတ်ပညာ၊ နည်းပညာ မရှိရင် ကျွန်တော်တို့ အောင်မြင်တိုးတတ်တဲ့ နိုင်ငံတစ်ခုကို တည်ဆောက်လို့မရနိုင်ပါဘူး။
(၃) နောက်ဆုံးနဲ့ အရေးအကြီးဆုံး အချက်အနေနဲ့ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာမရှိဘဲ ကိုယ်ကျိုးတစ်ခုထဲကိုကြည့်ပြီး ကိုယ့်ဘ၀သာယာရင် ပြီးရောဆိုတဲ့စိတ်ဓာတ် ရှိနေရင်တော့ သတိ နဲ့ ပညာ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ ကျွန်တော်တို့ ရှေ့ဆက်ပြီးဘာမှလုပ်လို့မရပါဘူး။

ဒီအချက် (၃) ချက်ထဲက တစ်ခုမဟုတ် တစ်ခုချို့ယွင်းနေခဲ့လျှင်တော့ ကျွန်တော်တို့ ရွှေပြည်တော် မျှော်တိုင်း ဝေးကြရပါ လိမ့်အုံးမယ်...။

ကိုယ့်နိုင်ငံကို ကိုယ်မှမချစ်ရင် ဘယ်သူမှမချစ်ပါဘူး။ ကျွန်တော်တို့ချစ်တဲ့ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တည်မှု နဲ့ ကံကြမ္မာဟာ ကျွန်တော်တို့ လူငယ်တွေပေါ်မှာ အတိအကျမှုတည်နေပါတယ်..။ တိုင်းပြည်ကို တကယ်ချစ် တယ်ဆိုရင်..တကယ်ကောင်းစားစေချင်တယ်ဆိုရင်... တကယ်လုပ်ပြဖို့လိုပါတယ်။ သက်သေပြဖို့လိုပါတယ်။ အသံကောင်းဟစ်နေလို့...။ သူများယောင် ကိုယ်လိုက်ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိ ဖြစ်နေ လို့မရပါဘူး...။

တကယ်ချစ်ရင် တကယ်ကြိုးစားပေးပါ။ အခွင့်အရေးနဲ့ အခြေအနေ မပေးလို့ပါဆိုတဲ့ ခပ်ညံ့ညံ့ ဆင်ခြေမျိုး တွေနဲ့ ကိုယ့်အတ္တကို ကိုယ်ပြန်ကာကွယ်ဖို့ မကြိုစားကြပါနဲ့။ အခွင့်အရေးနဲ့ အခြေအနေဆိုတာ အသံကောင်းဟစ်... ဘေးထိုင် ဘုပြော လုပ်နေရုံနဲ့တော့ ကိုယ့်ဆီကို ရောက်လာမှာမဟုတ်ပါဘူး။ ကျွန်တော် တို့တိုင်းပြည် တကယ်တိုးတက် အောင်မြင်ဖို့ အဓိက အလိုအပ်ဆုံးဟာ အသိပညာရှင်၊ အတတ်ပညာရှင် သီး သန့်မဟုတ်ပါဘူး... မျိုးချစ်စိတ်ဓာတ် အမှန်တကယ်ရှိပြီး... တိုင်းပြည်အတွက် တကယ်စွန့်လွှတ် အနစ်နာခံရဲ တဲ့ မျိုးချစ် အသိပညာရှင်...အတတ်ပညာရှင် လူငယ်တွေကို လိုအပ်နေတာပါ။

ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံမှာမွေးခဲ့ကြတာပါ။ မြန်မာပြည်မှာ ကြီးပြင်းခဲ့ကြတာပါ။ မြန်မာ့ မြေကြီး ကကျွေးတဲ့ ထမင်း။ မြန်မာ ပြည်ကသင်ပေးလိုက်တဲ့ပညာ (က၊ခ ဘဲဖြစ်ဖြစ်) တွေနဲ့ ဒီအချိန်အထိ ရှင်သန်နေ ကြတာပါ။ ဘာကျေးဇူးရှိလို့လဲ?(တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ဘယ်သူမှ မလွတ်ကင်းနိုင်ကြဖူးဆိုတာ အသိဥာဏ်ရှိပြီး၊ စဉ်းစားဆင်ခြင်တတ်တဲ့သူတိုင်း သိပါတယ်။) ဆိုတဲ့စကားမျိုး၊ မြန်မာမိဘတွေကမွေး မြန်မာလူမျိုးဖြစ်ပါလျက်နဲ့ တိုင်းတစ်ပါးနိုင်ငံသားခံယူတာမျိုးတွေ (ဘယ်လိုအကြောင်း ပြချက်နဲ့ပဲခံယူခံယူ) နဲ့တော့ မစော်ကားကျ စေလိုပါဘူး...။

မြန်မာလူငယ်တွေ မညံ့ကျဘူးဆိုတာ နိုင်ငံအသီးသီးမှာ ပညာရပ်အမျိုးမျိုးကို အခြေအနေ အမျိုးမျိုးနဲ့ ကြိုးစား နေကြတဲ့ လူငယ်တွေက သက်သေပြနေကြပါတယ်..။ ဒါပေမယ့်...အတ္တဟိတ၊ပရဟိတ ဆိုတဲ့စကားနှစ်ခုအ နက်မှ...အတဟိတ္တ အတွက် အောင်မြင်ခဲ့ပြီးရင်တော့ ပရဟိတ အတွက်မမေ့စေခြင်ပါဘူး...။

ကျွန်တော်တို့လူငယ်တွေသာ ဂိုဏ်းဂဏအစွဲ၊ ပုဂ္ဂိုအစွဲတွေ ကနေရုန်းထွက်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် တက်ညီလက်ညီ ကျရာနေရာက ကျရာတာဝန်ကို ကိုယ်ကျိုးမဖတ်ဘဲ မိမိတတ်သိထားသမျှတွေနဲ့ မျိုးချစ်စိတ် ဓာတ်ဆိုတဲ့ အရာကိုပါပေါင်းစည်းပြီး ကြိုးစားကျမယ်ဆိုရင် မကြာတော့သော အနာဂတ်ကာလတစ်ခုမှာ ကျွန်တော် တို့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးဟာ ကမ္ဘာမှာ မြန်မာဟေ့ လို့ ရင်ကော့ပြီး ဟစ်ကျွေးနိုင်မဲ့အချိန် ဟာ မဝေးတော့ပါကြောင်း.....။

ကျွန်တော်နောက်ဆုံးပြောချင်တာကတော့(ကျွန်တော့်အမြင်သီးသန့်ပါ)

၁။ မိမိတိုင်းပြည်ကို (အမှန်တကယ်) ချစ်မြတ်နိုးပါ။
၂။ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကို သစ္စာစောင့်သိပါ။
၃။ အသံကောင်းဟစ်ခြင်းများကိုရပ်တန့်ပြီး အပြုသဘောဆောင်သော လုပ်ရပ်များနဲ့ သက်သေပြပါ။
၎။ စိတ်ကူးရင်ဆန်ဆန်အတွေးများကို စွန့်လွှတ်ပြီး လက်တွေ့ကျကျစဉ်းစားကြပါ။
၅။ မှန်ကန်သောနည်းလမ်းများဖြင့် တိုင်းပြည်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပါဝင်ကြပါ။
မှတ်ချက်။ ။ အပြုသဘောဆွေးနွေးမှုများ အားလုံးကို ကြိုဆိုပါကြောင်း...။ (BLACK DREAM)

မြင့်မြတ်သူများသို့...

င့ါလမ်း ငါဖောက်
ရှေ့တန်း ရောက်ရောက်
ငါ့လှေ ငါထိုး
ဗုံးတော တိုးတိုး
င့ါလေ ငါဆန်
ကျည်ဆန် မှန်လည်း……

ငါကားမကြောက်
ငါဖောက်သည့်လမ်း
ငါလျှောက်လှမ်းမည်။

မိဘနဲ့ဝေး ချစ်သူပြေးလဲ
ဇွတ်မှိတ်မေ့ပြစ် ငါအံကြိတ်လို့
မိုးသည်း လေထန် အာခံကာမြဲ
ပန်းသည်မရှိ ငါချီတက်၏။

အမျိုးဘာသာ သာသနာအတွက်
ငါ၏အသက် သွေးနဲ့ဆက်လည်း
ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက်
ပိုတိုး၍သာ ငါပေးဆပ်မည်။

နောင်တဘယ်မှာ
ရှိစေငှာလည်း
ငါကားမရွံ့ ရှေ့သို့မျှော်ရီ
ဆက်ရွေ့ တိုးမည်။

မွေးဖွားခြင်းစ သေခြင်းအဆုံး
ဤနိဂုံးမှာ
ဘယ်ပုံ ဘယ်နည်း ငါပြီးဆုံးမည်
မသိနိုင်ငြား
ငါရှင်သန်မျှ ငါ့မြေတစ်လက်မ သူမထိရဟု
ရင်မှာဟစ်ကြွေး
တိုက်ရင်းသေမည်…..ငါမြတ်သည်။ ။

မှတ်ချက်။ ။ လွတ်လပ်ရေးနေ့ အမှတ်တရ...

Jan 1, 2008

ကျွန်တော်နှင့် နံနက်စာ

ကျွန်တော်။ ။ ကိုယ့်ကို “အိပ်မက်” တစ်ပွဲပေးကွာ ညီလေး… “မျှော်လင့်ချက” များများထည့်… “အတိတ်ဆိုး” တွေမထည့်နဲ့… “အနာဂတ်” ရွှဲရွှဲလေးစမ်းကွာ… “ခံစားချက်” ကိုထည့်ရင် ဒီအတိုင်း မထဲ့နဲ့ ကပ်ကြေး လေးနဲ့ ညှပ်ပြီးထည့်… အဲမေ့လို့… မင်းတို့ဆိုင်မှာ ရှိမယ်ဆိုရင်တော့ “ဘ၀” ကို နဲနဲလေး ပါးပါးလှီးပြီးထည့်ကွာ…။ ဘ၀ ဆိုတာက ပါးပါးလှီးထားမှ ကောင်းတာ…အတုံးလိုက် အတစ်လိုက်ဆို သိပ်မကောင်းဖူး လူကို ဒုက္ခ ပေးတတ်တယ်

ကောင်လေး။ ။ ဟုတ်ကဲ့အစ်ကို…အော်…ဒါနဲ့… “မျက်ရည်” ထည့်အုံးမလား အစ်ကို??

ကျွန်တော်။ ။အေး…ရှိရင်တော့ထည့်ကွာ!နဲနဲပေါ့…အိပ်မက်ဆိုတာကမျက်ရည်ပါမှကောင်းတာကွ။

ကောင်လေး။ ။ ဘာသောက်အုံးမလဲ အစ်ကို…. “ဖြစ်ချင်တာလား”… “ဖြစ်သင့်တာလား”…???

ကျွန်တော်။ ။ ကိုယ်ကတော့ “ဖြစ်သင့်တာ” သောက်နေကျကွ… ဒါပေမယ့် ဒီတစ်ခါတော့ အပြောင်းအလဲလေး ဖြစ်အောင် “ဖြစ်ချင်တာ” တစ်ခွက်ပေးကွာ… “နောင်တ”တော့ လျော့ထည့်ကွာ ညီလေး… ငါ့ဘ၀မှာ“ဖြစ်သင့်တာတွေ” ချည်းသောက် နေရတာ ကြာတော့လည်း စိတ်ကုန်လာပြီ....။

ဒီလိုနဲ့ပဲ… ကျွန်တော့်ရဲ့ နံနက်စာကို “မျက်ရည်နဲနဲပါတဲ့ အိပ်မက်တစ်ပွဲ”….“နောင်တနဲနဲ လျော့ထည့်ထားတဲ့ ဖြစ်ချင်တာတစ်ခွက်” နဲ့ ပြီးဆုံးခဲ့ပါတယ်....။ ။

နှစ်သစ်ကူးညနှင့် ဂစ်တာတစ်လက်ရဲ့ ရင်ခုန်သံ

အဲဒီ့ညမှာ…
ကြယ်တွေ ဆုံဆည်းကြတယ်
လူတွေ ဆုံဆည်းကြတယ်
အပျော်တွေ ဆုံဆည်းကြတယ်
နှလုံးသားတွေလည်း ဆုံဆည်းခဲ့ကြပါတယ်…..။

နားထောင်…
သေသေချာချာနားထောင်
သင့်ရဲ့နှလုံးသားတံခါးကို ခဏဖွင့်
မျက်ဝန်းတစ်စုံကို ဖြေးဖြေးလေး မှိတ်ပြီး
နားထောင်ကြည့်လိုက်ပါ
ကြားတယ်မလား??

မြောက်ပြန်လေအဝှေ့မှာ
သင်းပျံ့တဲ့ ဆောင်းရနံ့နဲ့အတူ
ကြေကွဲစွာ ပျံ့လွင့်လာတဲ့
ဂစ်တာလေးတစ်လက်ရဲ့ ညှင်းသဲ့သဲ့
ငိုညည်းသံကိုလေ……။

ပျော်ကြပါစေ…
သူတို့ပျော်ရွှင် စေနိုင်ဖို့
ငါ့ရင်ဘတ်ကို ဟောင်းလောင်းဖောက်……
ငါ့နှလုံးသွေးကြောတွေကို အဆက်မပြတ် တီးခတ်….
ငါ့မျက်ရည်တွေကို သံစဉ်လို့မှတ်ရမှ
သူတို့ပျော်နိုင်ကြမှာတဲ့လေ….။

မသိရင်မှတ်ထား……
ဂစ်တာတစ်လက်ကကျတဲ့
မျက်ရည်ကို
သံစဉ်လို့ခေါ်တယ်………။

ထားလိုက်ပါလေ…
ငါငိုလေ သူတို့ပျော်လေပဲမို့
ဒီညလေးအတွက်တော့
ငါပဲအလှဆုံး ငိုကြွေးပေးလိုက်ပါတော့မယ်….။ ။

ရှိခြင်း၊ မရှိခြင်းနဲ့ New Year Night

ငါ့ဘေးမှာ…
ခါးသက်သက် ကော်ဖီတစ်ခွက်
ရှတ စီးကရက်တစ်လိပ်
ခပ်နွမ်းနွမ်း ဂစ်တာတစ်လက်နဲ့
“Outsider” စာအုပ်ရှိတယ်…။

မိဘတွေ မရှိဖူး
သူငယ်ချင်းတွေ မရှိဖူး
နွေးထွေးမှု၊ မေတ္တာတရားနဲ့
ငါ့ချစ်သူမရှိဖူး………..။

ငါ့ညမှာ…
ခပ်ညံ့ညံ့ အတိတ်ဆိုး
အမှတ်တမဲ့ နောင်တ
ဆူညံနေတဲ့ တိတ်ဆိတ်မှုနဲ့
၇ နှစ်သက်တမ်းရှိတဲ့ အထီးကျန်မှုရှိတယ်…..။

အိပ်မက်မရှိဖူး
မနက်ဖြန်မရှိဖူး
မျှော်လင့်ချက်၊ အနာဂတ်နဲ့
New Year Night မရှိဖူး….။