Oct 26, 2007

အဝေးရောက် ကန်တော့ခြင်း

မွေးသမိခင် ကျွေးဖခင်နှင့်
တတ်သင့်ပညာ အရာရာကို
သင်ကြားပို့ချ ပြသခဲ့သော
မြတ်သည့်ဆရာ အဖြာဖြာအား
ဝေးတစ်နေရာ မိုင်ရာထောင်မှ
ဝပ်တွားဦးချ ကန်တော့ပါ၏။

နိုင်ငံအကျိုး အမျိုးဘာသာ
သာသနာအတွက် ကိုယ်ကျိုးမဖတ်
ကြိုးစားဆောင်ရွက် အသက်ဆက်ကာ
ထမ်းဆောင်ကာဖြင့်
မိဘကျေးဇူး ဆရာ့ဂုဏ်ထူးအား
ဆပ်မည်ဖြစ်ကြောင်း...။ ။

Note : သီတင်းကျွတ်လပြည့်နေ့တွင် ကျွန်တော်ကဲ့သို့ ကိုယ်ချစ်သောမိဘ ဆရာသမားများနှင့် ခွဲခွာနေကြရသော သူငယ်များအားလုံးအတွက်...(၂၆.၁၀.၂၀၀၇)




No comments: