အိပ်မက်ဆိုးတွေမက်ခဲ့ရတဲ့
ငါ့ရဲ့ညတွေက
ရှည်လျှားလွန်းလှပါပြီ...။
ဒီအိပ်မက်တွေထဲက
ဘယ်တော့များ နိုးထခွင့်ရမလဲလို့
မျှော်လင့်ခဲ့ရတဲ့ ညတွေလည်း
မနည်းတော့ပါဖူး....။
ငါရွေးချယ်ခဲ့တာ မဟုတ်တဲ့ဒီလမ်းမှာ
ဘာလို့ငါ့က တရားခံဖြစ်နေရတာလဲ???
လူ့ဘ၀ရဲ့ အနှစ်သာရဆိုတာ
ဖြစ်သင့်တာတွေကို ဖြည့်ဆည်းပေးနေရုံနဲ့
့ပြည့်စုံပါ့မလား ???
ဖြတ်သန်းခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်မှာ
ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခု ပြန်မေးကြည့်တယ်
"ဘာတွေအတွက် အဆင်သင့်ဖြစ်ခဲ့ပြီလဲ???"
ငါ့ကိုယ်ငါ မှန်ထဲပြန်ကြည့်နေပါလျက်နဲ့
ဘာလို့ ငါ့ဝိဥာဉ်ကို ငါမမြင်ရတာလဲ...?
ငါကိုယ်တိုင် ဖြစ်တည်နေပါလျက်နဲ့
ဘာလို့ ငါ့ရပ်တည်မှုကေ၀၀ါးနေရတာလဲ???
ဒီမေးခွန်းတွေကို မေးတိုင်းကိုယ်တိုင်တောင်
မဖြေနိုင်ခဲ့တာ ...
ဘယ်သူကကောဖြေနိုင်ဦးမှာတဲ့လဲ????
ငါ့ခန္ဓာကို လွတ်လပ်ခွင့်ပေးပါ...
ငါ့ဝိဥာဉ်ကို နားခိုရာပေးပါ....
ငါ့ကျမ္မာကို ငါဖန်တီးခွင့်ပေးပါ....
ငါ့လမ်းကို ငါလျှောက်ခွင့်ပေးပါ...
ဒါတွေအကုန်လုံး မလိုက်လျောနိုင်ဖူးဆိုရင်တောင်
အနည်းဆုံးတော့....
.........................................
..........................
................
..........
ငါ့ကိုယ်ငါ သတ်သေခွင့်ပေးပါ......။ ။
1 comment:
you have choices to do whatever you wanna be.. so no need to ask permission. No one can really control any unless one agrees to do so.
Post a Comment